အကြီးအကဲ ကျင့်ဝတ် ခြောက်ပါး

  • ထထကြွကြွ လုံ့လဝီရိယ ရှိခြင်း၊
  • အမြဲတမ်း သတိဖြင့် နိုးကြားတက်ကြွခြင်း၊
  • သနားကြင်နာစိတ်ရှိခြင်း၊
  • သည်းခံခွင့်လွှတ်လိုစိတ်ရှိခြင်း၊
  • ပစ္စည်းပစ္စယကို အောက်လက်ငယ်သားတို့အား မျှတစွာ ခွဲဝေသုံးစွဲစေခြင်း၊
  • အလျှင်စလို ဆောင်ရွက်ခြင်းမျိုး မဟုတ်ပဲ အကြောင်းခြင်းရာ မျိုးစုံကို ထောက်ရှုဆောင်ရွက်တတ်ခြင်း၊

“ထကြွနိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်ထောက်ရှု ဤခြောက်ခုကား ကြီးသူကျင့်ရာ တရားတည်း။

(လောကနီတိ၊ ရာဇကဏ္ဍ၊ ဂါထာ – ၈)