လောင်းကစားခြင်း အပြစ်ခြောက်ပါး

မြတ်စွာဘုရားရှင်သည် သိင်္ဂါလ လုလင်အား မေ့လျော့ကြောင်းဖြစ်သော လောင်းကစားလေ့ရှိခြင်းသည် အပြစ်ခြောက်ပါးရှိကုန်၏ဟု ဟောကြားခဲ့ပါသည်။

  • မိမိနိုင်သော် ရန်များ၏။
  • မိမိရှုံးသော်မူ ဥစ္စာအတွက် ပူပန်ရ၏။
  • ကိုယ်တွေ့မျက်မြင် ဥစ္စာ ဆုတ်ယုတ်၏။
  • တရားရုံးများ၌ အရေးကြုံ၍ သက်သေလိုက်ရပါက ထိုသူ၏ စကားကို အတည်မယူကြပါ။
  • အဆွေခင်ပွန်းတို့သည် မထီမဲ့မြင် ပြုအပ်၏။
  • သမီးပေး၊ သားယူ ပြုလိုကြကုန်သော သူတို့သည် အလိုမရှိအပ်။

ဆရာတော် ဦးဗုဓ်၏ အလင်္ကာ –

“အောင်သူရန်ပွား၊ ရှုံးသားစိုးရိမ်၊ စည်းစိမ်လျော့ပါး၊ တရားသဘင်၊ မဝင်သက်သေ၊ မိတ်ဆွေနှိမ့်ဆို၊ မလိုထိမ်းမြား၊ ဤခြောက်ပါးကား၊ ပျော်ပါးကြွေအန် အပြစ်တည်း။”

(ပါထိက ဝဂ္ဂပါဠိ – ၁၄၉။ )