တစ်ထောင့်ငါးရာ ကိလေသာ ပွားနည်းသရုပ်

နာမ်တေပညာ၊ နိပ္ဖန္နာ၊ တည်ပါလက္ခဏ၊ သန္တာန်နှစ်ဖြာ၊ မြှောက်ပွားကာ၊ တစ်ရာ့ငါးဆယ်ရ။

ယင်းကိုတစ်ခါ ကိလေသာ၊ ဆယ်ဖြာမြှောက်ပြန်က တစ်ထောင့်ငါးရာ ကိလေသာ ထိုခါဖြစ်သည်မှတ်။

စေတသိက် – ၅၂၊ စိတ် – ၁၊ နိပ္ဖန္နရုပ် – ၁၈၊ လက္ခဏရုပ် – ၄၊ ပေါင်း ၇၅၊

မိမိသန္တာန်၊ သူတပါး သန္တာန်နှင့်မြှောက်။ ၁၅၀ ကို ကိလေသာ ၁၀ ပါးနှင့်မြှောက် – ၁၅၀၀ ရ၏။