တဏှာအစစ် တစ်ရာ့ရှစ်

တဏှာသုံးတန် တည်ထားပြန် အာ၊ ကာ၊ သန်နှင့်မြှောက်၊ တဏှာအစစ်၊ တစ်ရာ့ရှစ်၊ ဖြစ်၏ကိုယ်မှာရောက်။
ကာမတဏှာ၊ ဘဝတဏှာ၊ ဝိဘဝတဏှာ သုံးပါးကို တည်၍ အာရုံခြောက်ပါးနှင့်မြှောက် ၁၈ ပါးဖြစ်၏။ ယင်းကို ကာလသုံးပါးနှင့်မြှောက်သော် ၅၄ ရ၏။ ယင်းကို အဇ္စျတ္တ ဗဟိဒ္ဓိ သန္တာန်နှစ်ပါးနှင့် မြှောက်သော် ၁၀၈ ပါးဖြစ်၏။