သစ္စာအနက် တစ်ဆယ့်ခြောက်ချက်

သစ္စာတရား ​လေးပါးတို့မှာ –

၁။ သမုဒယ သစ္စာ – ဒုက္ခဖြစ်​ကြောင်း အမှန်တရား​တော်

၂။ ဒုက္ခ သစ္စာ – ဒုက္ခ ဖြစ်ကျိုး အမှန်တရား​တော်

၃။ မဂ္ဂသစ္စာ – ဒုက္ခ ချုပ်​ကြောင်း အမှန်တရား​တော်

၄။ နိ​ရောဓ သစ္စာ – ဒုက္ခ ချုပ်ကျိုး အမှန် တရား​တော်

၁။ သမုဒယသစ္စာ တရား​တော်၏ အနက်(၄)ချက်

  • အာယူဟန​ဋ္ဌော – ဒုက္ခဝဋ်တို့ကို စု​ဆောင်းဆည်းပူးတတ်​သော သ​ဘော
  • နိဒါန​ဋ္ဌော – ဒုက္ခဝတ္ထု၊ ဒုက္ခအမှုတို့ကို အမြဲတမ်း ​ပေးတတ်​သော သ​ဘော၊
  • သံ​ယောဂ​​ဋ္ဌော – ဒုက္ခနှင့်အတူ ယှဥ်တွဲဖြစ်​ပေါ်ခြင်း သ​ဘော၊
  • ပလိ​ဗောဓ​ဋ္ဌော – မအားမလပ်ရ​အောင် အမြဲ​နှောင့်ယှက်ခြင်းသ​ဘော၊

၂။ ဒုက္ခသစ္စာ တရား​တော်၏ အနက်(၄)ချက်

  • ပီဠန​ဋ္ဌော – ညှာတာမဖက် အမြဲ နှိပ်စက် တတ်​သောသ​ဘော၊
  • သင်္ခတ​ဋ္ဌော – အဖန်ဖန် ပြူပြင်မှ ခိုင်မြဲခြင်း၊ တဏှာ၏ပြုပြင်ခြင်း ခံရ​သောသ​ဘော၊
  • သန္တာပ​ဋ္ဌော – ပူပင်တတ်ခြင်း ကပ်၍ နှိပ်စက်တတ်ခြင်း သ​ဘော၊
  • ဝိပရိဏာမ​ဋ္ဌော – တရံမစဲ အမြဲမပြတ် ​ဖောက်ပြန်ပျက်စီး​နေ​​သောသ​ဘော၊

၃။ မဂ္ဂသစ္စာ တရား​တော်၏ အနက်(၄)ချက်

  • နိယျာန​ဋ္ဌော – ဝဋ်သုံးပါးမှ ထုတ်​ဆောင်ခြင်း သ​ဘော၊
  • ​ဟေတွ​ဋ္ဌော – လွန်စွာ ​ဖြောင့်မတ်ခြင်း အနက်သ​ဘော၊
  • ဒဿန​ဋ္ဌော – နိဗ္ဗာန်ကို မြင်လို ​ရောက်လို​သော သ​ဘော၊
  • အဓိပ​တေယျ​ဋ္ဌော – လွန်ကဲ​သော သမာဓိ၊ လွန်ကဲ​သော ပညာရှိခြင်းအနက်သ​ဘော၊

၄။ နိ​ရောဓသစ္စာ တရား​တော်၏ အနက်(၄(ချက်

  • နိဿရဏ​ဋ္ဌော – ဝဋ်သုံးပါးမှ ကျွတ်လွတ်​သော သ​ဘော၊
  • ဝိ​ဝေက​ဋ္ဌော – ဆိတ်ငြိမ် ​အေးချမ်း တည်ငြိမ်​သော သ​ဘော၊
  • အသင်္ခတ​ဋ္ဌော – ပြုပြင်ရန်မလိုပဲ ခိုင်မြဲခြင်း၊ တဏှာ၏ ပြုပြင်ခံရခြင်းမှ လွတ်ကင်းခြင်း သ​ဘော၊
  • အမတ​ဋ္ဌော – မအို၊ မနာ၊ မ​သေ အမြဲ ​နေရခြင်းသ​ဘော၊

ဒုက္ခဿ ပီဠနဋ္ဌော၊ သင်္ခတဋ္ဌော၊ သန္တာပဋ္ဌော၊ ဝိပရိဏာမဋ္ဌော။

နှိပ်စက်၊ ပြုပြင်၊ ပူပင်၊ ဖောက်လွဲ။

သမုဒယဿအာယူဟနဋ္ဌော၊ နိဒါနဋ္ဌော၊ သံယောဂဋ္ဌော၊ ပလိဗောဓဋ္ဌော။

ဆည်းပူး၊ နှင်းဆောင်၊ ဖွဲ့နှောင်၊ နှောင့်ယှက်၊ သမုဒယစက်။

နိရောဓဿ နိဿရဏဋ္ဌော၊ ပဝိဝေကဋ္ဌော၊ အမတဋ္ဌော၊ အသင်္ခတဋ္ဌော။

ကျွတ်လွတ်၊ ဆိတ်နေ၊ မသေ၊ မပြု ဤလေးခု သုခအမှန်ထား။

မဂ္ဂဿနိယျာနဋ္ဌော၊ ဟေတုဋ္ဌော၊ ဒဿနဋ္ဌော၊ အဓိပတေယျဋ္ဌော။

ထွက်မြောက်၊ တည်ခိုင်၊ မြင်နိုင်၊ ကြီးကဲ ဤလေးနဲ ဆင်းရဲငြိမ်းလမ်းတည်း။