ပဋိသမ္ဘိဒါ လေးပါး

  • အတ္ထပဋိသမ္ဘိဒါ – တစ်ခုသောတရား၏ အနက်အဓိပ္ပါယ် သဘောအမျိုးမျိုး၊ အကျိုးအမျိုးမျိုးတို့ကို အထူးထူးအထွေထွေကို ကိုယ်တိုင်လည်းသိ၊ သူတပါးကိုလည်းသိလွယ်၊ မြင်လွယ်အောင် ဝေဖန်၍ ဟောပြောနိုင်ခြင်း။
  • ဓမ္မပဋိသမ္ဘိဒါ – တရားအမျိုးမျိုးတို့ကို ကိုယ်တိုင်လည်းသိ၊ သူတပါးကိုလည်း အဆန်းတကြယ်ဟောနိုင်ခြင်း။
  • နိရုတ္တိပဋိသမ္ဘိဒါ – မာဂတဘာသာ ပါဋိမှစ၍ သဒ္ဒါပုဒ်၊ ဗျည်း အမျိုးမျိုးတို့၏ ဝိဂြိုဟ်၊ ဝစနတ္ထ၊ ဗျူပွတ် ဝစနတ္ထတို့ကို ကိုယ်တိုင်လည်းသိ၊ သူတပါးအားလည်း နားလည်အောင် ဟောနိုင်ခြင်း။
  • ပဋိဘာနပဋိသမ္ဘိဒါ – တစ်ခုသော တရား၏ အနက်အဓိပ္ပါယ်သဘောများကို ဥပမာ သက်သေ သာဓက စုံလင်စွာနှင့် ကိုယ်တိုင်လည်းသိမြင် သူတပါးကိုလည်း ထင်မြင်သိသာလွယ်အောင် အကျိုးအကြောင်းတို့ကို ဟောပြောနိုင်ခြင်း။