သင်္ခါရ လေးမျိုး

  • သင်္ခတ သင်္ခါရ – အနိစ္စာဝတ သင်္ခါရာ၌ ဟောအပ်သော အကြောင်းအကျိုးတရား။
  • အဘိသင်္ခတ သင်္ခါရ – ကံကြောင့်ဖြစ်သော တေဘူမက ရုပ်-နာမ်တရား ဟူသမျှ။
  • အဘိသင်္ခါရဏက သင်္ခါရ – ဘုံသုံးပါး၌သာဖြစ်သော လောကီကုသိုလ် အကုသိုလ် ၂၉ ပါး။
  • ပယောဂါဘိ သင်္ခါရ – ကိုယ်၌ စိတ်၌ ဖြစ်သော လုံ့လအားထုတ်မှုများ။