အာယတန ၁၂ ပါး

ရုပ် ၂၈ ပါးတွင် –

  • စက္ခုပသာဒရုပ်သည် စက္ခာယတန၊
  • သောတပသာဒရုပ်သည် သောတယတန၊
  • ဃာနပသာဒရုပ်သည် ဃာနယတန၊
  • ဇိဝှါပသာဒရုပ်သည် ဇိဝှါယတန၊
  • ကာယပသာဒရုပ်သည် ကာယာယတန၊
  • ရူပါရုံသည် ရူပါယတန၊
  • သဒ္ဒါရုံသည် သဒ္ဒါယတန၊
  • ဂန္ဓာရုံသည် ဂန္ဓာယတန၊
  • ရသာရုံသည် ရသာယတနံ၊
  • ပထဝီ, တေဇော, ဝါယော ဟုဆိုအပ်သော ဖောဋ္ဌဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗာယတန၊
  • စိတ် ၈၉ ပါးသည် မနောယတန မည်၏။
  • စေတသိက် ၅၂၊ သုခုမရုပ် ၁၆ ပါး၊ နိဗ္ဗာန် ဤတရားအပေါင်းဟု ဆိုအပ်သော ဓမ္မာရုံသည် ဓမ္မာယတန မည်၏။

ဤသို့လျှင်ပေါင်း အာယတန ၁၂ ပါးဟု မှတ်သား၏။