ရူပက္ခန္ဓာ

က။ ပထဝီဓာတ်ရုပ် ၁ ပါး

ခ။ အာပေါဓာတ်ရုပ် ၁ ပါး

ဂ။ တေဇောဓာတ်ရုပ် ၁ ပါး

ဃ။ ဝါယောဓါတ်ရုပ် ၁ ပါး အားဖြင့် ပေါင်း ဘူတရုပ် ၄ ပါး။

စက္ခုပသာဒရုပ် တစ်ပါး၊ သောတပသာဒရုပ် တစ်ပါး၊ ဃာနပသာဒရုပ် တစ်ပါး၊ ဇိဝှါပသာဒရုပ် တစ်ပါး၊ ကာယပသာဒရုပ် တစ်ပါး၊ ပေါင်း ပသာဒရုပ် ၅ ပါး။

ရူပါရုံရုပ်ဘတစ်ပါး၊ သဒ္ဒါရုံရုပ်ဘတစ်ပါး၊ ဂန္ဓာရုံရုပ်ဘတစ်ပါး၊ ရသာရုံရုပ်တစ်ပါး၊ ပထဝီ၊ တေဇော၊ ဝါယော ဟုဆိုအပ်သော ဗောဋ္ဌဗ္ဗာရုံရုပ်တစ်ပါး၊ ပေါင်းဂေါစရရုပ် ၅ ပါး (ဝါ) ဝိသယရုပ် ၅ ပါး ဖြစ်သည်။

ဣတ္ထိဘာဝရုပ် တစ်ပါး၊ ပုရိသဘာဝရုပ် တစ်ပါးဟူ၍ ဘာဝရုပ် ၂ ပါး။

မနောဓါတ်ဘမနောဝိညာဏဓါတ်တို့၏ မှီရာဖြစ်သော ဟဒယဝတ္ထုရုပ် တစ်ပါး။

သဟဇာတတရားတို့ကို စောင့်ရှောက်တတ်သော ဇီဝိတိ​​​​န္ဒြေဟုခေါ်သော ဇီဝိတရုပ် တစ်ပါး။

ဤသို့ ဘူတရုပ် ၄ ပါး၊ ပသာဒရုပ် ၅ ပါး၊ ဂေါစရရုပ် ၄ ပါး၊ ဘာဝရုပ် ၂ ပါး၊ ဝတ္ထုရုပ် တစ်ပါး၊ ဇီဝိတရုပ် တစ်ပါး၊ အာဟာရရုပ် တစ်ပါးအားဖြင့် ၁၈ ပါးသော ရုပ်တို့ကို သဘာဝရုပ် ဟူ၍၎င်း၊ လက္ခဏရုပ် ဟူ၍၎င်း၊ နိပ္ဖန္နရုပ် ဟူ၍၎င်း ခေါ်သည်။

ရုပ်ကလာပ်တို့ကို ပိုင်းခြားတတ်သော အာကာသဓါတ် ဟုဆိုအပ်သော ပရိစ္ဆဒရုပ် တစ်ပါး၊ ( ဝိသယရုပ်ဟုခေါ်သော ဂေါစရရုပ်၌ သရုပ်အခေါ်အဝေါ်၌ ၅ ပါး၊ သို့မဟုတ် ၇ ပါးဟု ခေါ်ရသော်လည်း တရားကိုယ်ရေတွက်ရာ၌ ၄ ပါးသာယူရ၏။ ပထဝီ၊ တေဇော၊ ဝါယော ဟုဆိုအပ်သော ဖောဋ္ဌဗ္ဗာရုံ၏ တရားကိုယ်မှာ ဘူတရုပ်၌ ပါဝင်နေ၏။ )

ကာယဝိညတ္တိရုပ်ဘတစ်ပါး၊ ဝစီဝိညတ္တိရုပ် တစ်ပါး အားဖြင့် ပေါင်း ဝိညတ်ရုပ် နှစ်ပါး။

ရူပဿလဟုတာရုပ် တစ်ပါး၊ ရူပဿမုဒုတာရုပ်ညတစ်ပါး၊ ရူပဿကမ္မညတာရုပ် တစ်ပါးအားဖြင့် ပေါင်း ဝိကာရရုပ် သုံးပါး၊ အထက်က ဝိညတ်ဒွေးနှင့်ပေါင်းသော် ဝိကာရ ရုပ် ၅ ပါး။

ရူပဿဥပစယရုပ် တစ်ပါး၊ ရူပဿသန္တတိရုပ် တစ်ပါး၊ ရူပဿဇရသာရုပ် တစ်ပါး၊ ရူပဿအနိစ္စတာရုပ် တစ်ပါး အားဖြင့်ပေါင်း လက္ခဏရုပ် လေးပါး။

ဤကဲ့သို့ ပရိစ္ဆေဒရုပ် တစ်ပါး၊ ဝိညတ်ရုပ် နှစ်ပါး၊ ဝိကာရရုပ် သုံးပါး၊ လက္ခဏရုပ် လေးပါးအားဖြင့် ၁၀ ပါးသော ရုပ်တို့ကို အနိပ္ဖန္နရုပ် ဟုခေါ်အပ်သည်။