ဓါတ် ၁၈ ပါး

ရုပ် ၂၈ ပါးတွင်-

  • စက္ခုပသာဒရုပ်သည် စက္ခုဓါတ်၊
  • သောတပသာဒရုပ်သည် သောတဓါတ်၊
  • ဃာနပသာဒရုပ်သည် ဃာနဓါတ်၊
  • ဇိဝှါပသာဒရုပ်သည် ဇိဝှါဓါတ်၊
  • ကာယပသာဒရုပ်သည် ကာယဓါတ်၊
  • ရူပါရုံသည် ရူပဓါတ်၊
  • သဒ္ဒါရုံသည် သဒ္ဒဓါတ်၊
  • ဂန္ဓာရုံသည် ဂန္ဓဓါတ်၊
  • ရသာရုံသည် ရသဓါတ်၊
  • ပထဝီ, တေဇော, ဝါယော ဟုဆိုအပ်သော ဖောဋ္ဌဗ္ဗာရုံသည် ဖောဋ္ဌဗ္ဗဓါတ် မည်၏။

စိတ်ဟူသော ပရမတ္တတရားအရ အဟိတ်စိတ် ၁၈ ပါးတွင် –

  • စက္ခုဝိညာဏ်ဒွေးသည် စက္ခုဝိညဏဓါတ် မည်၏။
  • သောတဝိညာဏ်ဒွေးသည် သောတဝိညာဏဓါတ် မည်၏။
  • ဃာနဝိညာဏ်ဒွေးသည် ဃာနဝိညာဏမည်၏။
  • ဇိဝှါဝိညာဏ်ဒွေးသည် ဇိဝှါဝိညာဏဓါတ် မည်၏။
  • ကာယဝိညာဏ်ဒွေးသည် ကာယဝိညာဏဓါတ်မည်၏။
  • ပဥ္စဒွါရာဝဇ္ဇန်းနှင့် သမ္ပဋိစ္ဆိုင်းဒွေးပေါင်း ၃ ပါးသည် မနောဓါတ် မည်၏။
  • ဒွေးပဥ္စဝိညာဏ် ၁၀၊ မနောဓါတ် ၃ ပါးမှ ကြွင်းသော ၇၆ ပါးသော စိတ်တို့သည် မနောဝိညာဏဓါတ် မည်၏။
  • စေတသိက် ၅၂၊ သုခုမရုပ် ၁၆၊ နိဗ္ဗာန်တရားဟုဆိုအပ်သော ဓမ္မာရုံသည် ဓမ္မဓါတ် မည်၏။ ဤသို့လျှင် ပေါင်းဓါတ် ၁၈ ပါး ဖြစ်၏။