ဓမ္မက္ခန္ဓာ ၈၄၀၀၀

ဓမ္မခန္ဓာဟူသောစကားသည် တရားအချက်ပေါင်းဟု အဓိပ္ပါယ်ရသည်။ ဂေါပက ပုဏ္ဏားသည် အရှင်အာနန္ဒာအား “အရှင်ဘုရားက အကြားအမြင်များပါသည်။ အဘယ်မျှလောက် သင်ကြားလေ့ကျက်ခဲ့ပါသလဲ” ဟုမေးလျှောက်သောအခါ အရှင် အာနန္ဒာသည် မြတ်စွာဘုရားထံမှ ဓမ္မခန္ဓာ ရှစ်သောင်းလေးထောင်၊ အရှင် သာရိပုတ္တရာထံမှ ဓမ္မခန္ဓာ နှစ်ထောင် ပေါင်း ဓမ္မခန္ဓာ ရှစ်သောင်းလေးထောင်တို့ကို သင်ကြားလေ့ကျက်ခဲ့ပါသည်ဟု ဖြေကြားတော် မူခဲ့သည်။
ရေတွက်နည်းမှာ အနုသန္ဓေခေါ် စကားစပ်တစ်ခုသည် ဓမ္မခန္ဓာတစ်ပါး၊ ဂါထာဗန္ဓတို့၌ အမေးသည်တစ်ပါး၊ အဖြေသည် တစ်ပါး၊ အဘိဓမ္မပိဋက၌ တိက်တစ်တိက် ဝေဖန်ချက်သည် တစ်ပါး၊ စိတ်တစ်မျိုးကို ဝေဖန်ချက်သည် တစ်ပါး၊ ဝိနည်းပိဋကတွင် အာပတ်သင့်ပုံသည် တစ်ပါး၊ အာပတ်မသင့်ပုံသည် တစ်ပါး၊ ကြားအာပတ်တစ်ခု ထပ်၍သင့်ပုံသည် တစ်ပါး စသည်တို့ဖြစ်သည်။ ထိုကဲ့သို့ ရေတွက်ခြင်းအားဖြင့် ဓမ္မခန္ဓာ ရှစ်သောင်းလေးထောင်ရှိကြောင်း အဋ္ဌကထာများ၌ ဖွင့်ဆိုထားသည်။
ဝိနည်းပိဋကတွင် ဓမ္မခန္ဓာ နှစ်သောင်းတစ်ထောင်၊ သုတ္တန္တ ပိဋကတွင် နှစ်သောင်းတစ်ထောင်၊ အဘိဓမ္မ ပိဋကတွင် လေးသောင်းနှစ်ထောင် အသီးသီးရှိကြောင်း ဝဇီရတ္ထ သင်္ဂဟကျမ်း၊ ဝဇီရတ္ထ သင်္ဂဟဋီကာကျမ်းနှင့် ဗုဒ္ဓေဃာ သုပ္ပတ္တိကျမ်းတို့တွင် မိန့်ဆို့ထားသည်။
ကိုးကား။ ။ မဟာဓမ္မာစရိယ ဦးသိန်းထွန်း