ပါဋလိပုတ္တပေတဝတ္ထု(ကုသိုလ်ပြုရန် တိုက်တွန်းပုံ)

ပါဋလိပုတ္တပေတဝတ္ထု(ကုသိုလ်ပြုရန် တိုက်တွန်းပုံ)

ပြိတ္တာသိမ်းပိုက်ထားခြင်းခံရသော ပါဋလိပုတ်သူ အမျိုးသမီးက ပြိတ္တာ၏ ဗိမာန်၌ နေထိုင်ရသည်ကို ငြီးငွေ့၍ ပြန်ခွင့်တောင်းရာ ပြိတ္တာက လူ့ပြည်သို့ ပြန်၍ ကုသိုလ်ပြုရန် တိုက်တွန်းပုံနှင့် အမျိုးသမီးက လူ့ပြည်သို့ပြန်၍ ကုသိုလ်ပြုပါမည်ဟု ဝန်ခံပုံ။

ရှင်မ သင်သည် ငရဲတို့ကိုလည်းကောင်း နဂါး ဂဠုန်စသော တိရစ္ဆာန်တို့ကိုလည်း ကောင်း၊ ပြိတ္တာတို့ကိုလည်းကောင်း၊ အသုရာတို့ကိုလည်းကောင်း တွေ့မြင်အပ်ဖူးကုန်ပြီ၊ ထိုမှတစ်ပါး လူတို့ကိုလည်းကောင်း၊ စာတုမဟာရာဇ်နတ်တို့ကိုလည်းကောင်း မြင်အပ်ဖူးကုန်ပြီ၊ သင်သည် မိမိပြုအပ်သော ကံတို့၏ အကျိုးကို ကိုယ်တိုင်ပင် မြင်ရပြီ၊ ငါသည် ယခုအခါ တစ်စုံတစ်ရာမျှ ဆုတ်ယုတ်ပျက်စီးခြင်းမရှိသော သင့်ကို ပါဋလိပုတ်ပြည်သို့ ပို့ဆောင်အံ့၊ ထို ပါဋလိပုတ်ပြည်သို့ သွား၍ ကုသိုလ်ကောင်းမှုကို ပြုလေလော့ဟု (ပြိတ္တာက ပြန်ရန် တောင်းပန်သော မိန်းမကို ပြော၏)။

နတ်သား သင်သည် အကျွန်ုပ်၏ အကျိုးကို အလိုရှိပါ၏၊ နတ်သား သင်သည် အကျွန်ုပ်၏ အစီးအပွါးကို အလိုရှိပါ၏၊ အကျွန်ုပ်သည် သင်၏ စကားကို လိုက်နာပါအံ့၊ သင်သည် အကျွန်ုပ်၏ ဆရာဖြစ်ပါ၏။

နတ်သား အကျွန်ုပ်သည် ငရဲတို့ကိုလည်းကောင်း၊ နဂါး ဂဠုန် စသော တိရစ္ဆာန်တို့ကိုလည်းကောင်း၊ ပြိတ္တာတို့ကိုလည်းကောင်း၊ အသုရာတို့ကိုလည်းကောင်း တွေ့မြင်အပ်ဖူးကုန်ပြီ၊ ထိုမှတစ်ပါး လူတို့ကိုလည်းကောင်း၊ စာတုမဟာရာဇ်နတ်တို့ကို လည်းကောင်း တွေ့မြင်အပ်ဖူးကုန်ပြီ၊ အကျွန်ုပ်သည် မိမိပြုအပ်သော ကံတို့၏ အကျိုးကို ကိုယ်တိုင်ပင် မြင်ရပါပြီ (ပါဋလိပုတ်ပြည်သို့ သွားရောက်၍) များစွာသော ကုသိုလ်ကောင်းမှုကို ပြုပါအံ့ဟု (မိန်းမက ပြန်ပြော၏)။