မိဂလုဒ္ဒကပေတဝတ္ထု(သားသတ်မုဆိုး)

မိဂလုဒ္ဒကပေတဝတ္ထု(သားသတ်မုဆိုး)

သူတော်ကောင်း မိတ်ဆွေ၏စကားအရ သတ္တဝါတို့အသက်ကို လုံးဝမရှောင်ကြဉ်ဘဲ ညအခါ၌သာရှောင်ကြဉ်ခဲ့၍ သေလွန်သောအခါ ညအခါ၌ ချမ်းသာခံစားလျက် နေ့အခါတွင် ခွေးစားခံနေသော မုဆိုးပြိတ္တာ

(သင်သည် ညဉ့်အခါဝယ်) ပျိုမျစ်နုနယ်၍ နတ်သားနတ်သမီးတို့ ခြံရံခစားလျက် တပ်နှစ်သက်ဖွယ်ဖြစ်ကုန်သော ကာမဂုဏ်တို့ဖြင့် တင့်တယ်ဘိ၏၊ နေ့အခါ၌မူကား သတ်ဖြတ်ညှဉ်းဆဲခြင်းကို ခံရ၏၊ (သင်သည်) ရှေးဘဝက အဘယ်ကံကို ပြုခဲ့သနည်းဟု (အသျှင် နာရဒကမေး၏)။

အကျွန်ုပ်သည် ရှေးအခါက ပျော်မွေ့ဖွယ်ကောင်းသော နှလုံးမွေ့လျော်ဖွယ်ရှိသော တောင်တို့ဖြင့်ကာရံသော ရာဇဂြိုဟ်မြို့၌ သွေးစွန်းသော လက်ရှိသူ, ကြမ်းကြုတ်သူ, သားသတ်မုဆိုး ဖြစ်ခဲ့ပါ၏။

ဆန့်ကျင်ဘက် မပြုလုပ်တတ်ကုန်သော အသက်ရှိကုန်သော များစွာသော သားငှက် စသည်တို့၌ ညှဉ်းပန်းနှိပ်စက်လိုသော စိတ်ရှိလျက် အခါခပ်သိမ်း အလွန်ကြမ်း၊ ကတ်သည် ဖြစ်၍ လှည့်လည်ခဲ့ပါ၏၊ သူတစ်ပါးကို ညှဉ်းဆဲခြင်း၌ မွေ့လျော်ခဲ့ပါ၏၊ ကိုယ်နှုတ်ကို မစောင့် စည်းခဲ့ပါ။

ထိုအကျွန်ုပ်၏ သူငယ်ချင်းသည် ကောင်းသော စိတ်နှလုံး ရှိပါ၏၊ ယုံကြည်မှု ‘သဒ္ဓါ’ ရှိသူဖြစ်ပါ၏၊ ရတနာသုံးပါးကို ဆည်းကပ်တတ်သူ ဖြစ်ပါ၏၊ ထိုသူငယ်ချင်းသည်လည်း အကျွန်ုပ်ကို သနားစောင့်ရှောက်သည်ဖြစ်၍ (မကောင်းမှုမှ) အဖန်ဖန် တားမြစ်ခဲ့ပါ၏။

အဆွေ မကောင်းသော ကံကို မပြုပါလင့်၊ မကောင်းသော လားရာ ‘ဒုဂ္ဂတိ’သို့ မသွားပါလင့်၊ တမလွန်ဘဝ၌ ချမ်းသာကို အလိုရှိခဲ့မူ မစောင့်စည်းမှုဖြစ်သော အသက် သတ် ခြင်းမှရှောင်ကြဉ်ပါလော့ဟု (တားမြစ်၏)။

အကျွန်ုပ်ည် ချမ်းသာကို လိုလားသော အစီးအပွါးဖြင့် အစဉ်စောင့်ရှောက်သော ထို သူငယ်ချင်း၏စကားကို ကြားနာရပါလျက်လည်း ကြာမြင့်စွာသော ကာလပတ်လုံး မကောင်း မှု၌ အလွန်မွေ့လျော်ကာ့အသိဉာဏ် ပညာမရှိသည်ဖြစ်၍ ထိုသူငယ်ချင်း၏ အဆုံးအမ အားလုံးကို မလိုက်နာ မပြုကျင့်ခဲ့မိပါ။

မြေကြီးအထုနှင့်တူသော ကောင်းသော ပညာရှိသော ထိုသူငယ်ချင်းသည် အကယ်၍ သင်သည်နေ့အခါ၌ သတ္တဝါတို့ကို သတ်မူ ညအခါ၌ သင့်အား စောင့်စည်းမှု ဖြစ်ပါစေ လော့ဟု အကျွန်ုပ်ကို အစဉ်သနားသဖြင့် စောင့်စည်းမှု၌ နောက်ထပ် တစ်ဖန် သက်ဝင်စေ၏။

ထိုအကျွန်ုပ်သည် သတ္တဝါတို့ကို နေ့အခါ၌ သတ်၍ ညအခါ၌ (သတ်ခြင်းမှ) ရှောင် ကြဉ်စောင့်စည်းသူ ဖြစ်ခဲ့ပါ၏၊ ထို့ကြောင့် အကျွန်ုပ်သည် ညဉ့်အခါ၌ မွေ့လျော် စံစားရပါ၏၊ နေ့အခါ၌မူဆင်းရဲသို့ ရောက်သည်ဖြစ်၍ ခွေးစားခံရပါ၏။

အကျွန်ုပ်သည် ထိုကုသိုလ်ကံကြောင့် ညဉ့်အခါ၌ နတ်စည်းစိမ်ကို ခံစားရပါ၏၊ နေ့အခါ၌မူခွေးတို့သည် ရန်ငြိုးဖွဲ့သော စိတ်ရှိကုန်သကဲ့သို့ ဖြစ်၍သာလျှင် ခဲစားရန် ထက် ဝန်းကျင်မှ ပြေးလာကြပါကုန်၏။

အကြင်သူတို့သည် ကား မြတ်စွာဘုရားသာသနာတော်၌ အဓိသီလစသည်တို့ကို အမြဲ ယှဉ်ကုန်သည်ဖြစ်၍ မပြတ်အားထုတ်ခြင်း ရှိကုန်၏။ ထိုသူတို့သည် လောကီချမ်းသာမဖက် သက်သက်သော၊ အကြောင်းတရားတို့ မပြုပြင်အပ်သော၊ သေခြင်းကင်းသော နိဗ္ဗာန်ကို သာလျှင် ရကုန်၏ဟုထင်မှတ်ပါ၏ဟု (ဖြေကြားလျှောက်ထား၏)။