မဋ္ဌကုဏ္ဍလီပေတဝတ္ထု(ကြည်လင်သဒ္ဓါဖြင့် ဘုရား ရှိခိုးရခြင်းအကျိုး)

မဋ္ဌကုဏ္ဍလီပေတဝတ္ထု(ကြည်လင်သဒ္ဓါဖြင့် ဘုရား ရှိခိုးရခြင်းအကျိုး)

သူဌေးသားဖြစ်လျက် ဒါန သီလမပြု စုတိကျခါနီးမှ ဘုရားကို ဖူးမြင်ရ၍ ကြင်လင်သဒ္ဓါ ရှိခိုးရသော စေတနာကြောင့် တာဝတိံသာ နတ်သားစာရင်းဝင် ဖြစ်ရကြောင်းဖြင့် စေးနှဲသော ဖခင်ကို ရှင်းပြပြောကြား သတိတရားရဖွယ်ကောင်းသောဝတ္တု

တန်ဆာဆင်အပ်သော ပြေပြစ်ချောမွေ့သော နားတောင်းလည်းရှိသော ပန်းကို ပန်ဆင်၍ စန္ဒကူးရွှေတို့ဖြင့် လိမ်းကျံထားသည့် ကိုယ်ရှိသော သင်သည် ဆင်းရဲဒုက္ခရောက် သည်ဖြစ်၍ တောအလယ်၌ လက်မောင်းကို မြှောက်လျက် အဘယ်ကြောင့် ငိုမြည်တမ်းဘိသနည်းဟု (အဒိန္နပုဗ္ဗကပုဏ္ဏားက မေး၏)။

(ပုဏ္ဏား) ငါ့အား ရွှေဖြင့်ပြီးသော ပြိုးပြိုးပြက်ပြက် အရောင်ထွက်သော ရထားအိမ် ကား ရှိပါ၏၊ ထိုရထားလှည်းအိမ်အတွက် ရထားဘီးအစုံကို မရသေးပါ၊ ထိုရထားဘီးအစုံကို မရသော ဆင်းရဲကြောင့်အသက်ကို စွန့်ရပါတော့အံ့ဟု (မဋ္ဌကုဏ္ဍလီက ပြောဆို၏)။

လှပပျိုမျစ်သော လုလင် ရွှေဖြင့်ပြီးသော ရထားဘီးအစုံလော၊ မြကျောက်ရတနာဖြင့် ပြီးသော ရထားဘီးအစုံလော၊ ပတ္တမြားနီဖြင့်ပြီးသော ရထားဘီးအစုံလော၊ ငွေစင်ဖြင့်ပြီးသော ရထားဘီးအစုံလော ငါ့အား ပြောကြားပါလော့၊ သင့်အတွက် ရထားဘီးအစုံကို ပြည့် စုံအောင် ငါ လုပ်၍ ပေးအံ့ဟု (အဒိန္နပုဗ္ဗကပုဏ္ဏားက ဆို၏)။

ဤလောက၌ နေလနှစ်ပါးတို့ကို တွေ့မြင်နေရပါကုန်၏၊ ရွှေဖြင့်ပြီးသော ငါ့ရထား သည်ထိုနေလနှစ်ပါးဟူသော ရထားဘီးအစုံဖြင့်သာ တင့်တယ်ပါလိမ့်မည်ဟု ထိုလုလင်သည် ထိုပုဏ္ဏားကို ပြောဆို၏။

လုလင် သင်သည် တောင့်တ၍ မရကောင်းသောဝတ္ထုကို တောင့်တလေသောကြောင့် ့မိုက်လှသူသာ ဖြစ်ဘိ၏၊ လုလင် သင်သည် သေလျှင်သာ သေရမည်၊ နေလတို့ကို ရလိမ့်မည် မဟုတ်ဟုငါ အောက်မေ့၏ဟု (အဒိန္နပုဗ္ဗကပုဏ္ဏားက ဆို၏)။

ပုဏ္ဏား နေလနှစ်ပါးတို့၌ အဆင်းဓာတ်ကိုလည်း တွေ့မြင်နေရ၏၊ လှည့်လည်ရာ လမ်းခရီး၌သွားခြင်းလာခြင်းကိုလည်း တွေ့မြင်နေရ၏၊ သေလွန်သောသူကို မူကား မတွေ့ မမြင်ရတော့ပေ၊ ဤတောအရပ်၌ ငိုကြွေးမြည်တမ်းနေကြကုန်သော သင်နှင့်ငါ နှစ်ယောက် တို့တွင် အဘယ်သူက ပို၍ မိုက်ပါသနည်းဟု (လုလင်က ဆို၏)။

လုလင် သင်သည် အမှန်ကို သာ ပြောဆိုပေ၏၊ ငိုကြွေးမြည်တမ်းနေကြကုန်သော သင်နှင့် ငါနှစ်ယောက်တို့တွင် ငါကသာ ပို၍ မိုက်၏၊ လဗိမာန်ကို တောင့်တလျက် ငိုကြွေး မြည်တမ်းနေသောသူငယ်ကဲ့သို့ သေလွန်သောသူကို ငါတောင့်တမိလေပြီဟု (အဒိန္နပုဗ္ဗက က ဆို၏)။

လုလင် ထောပတ်ဖြင့် သွန်းလောင်းထားသည်ဖြစ်၍ ရဲရဲညီးညီးတောက်နေသော မီးကို ရေဖြင့်သွန်းလောင်းလိုက်သကဲ့သို့ ထို့အတူ သင်သည်သော ကမီး တောက်လောင် နေသော ငါ၏ပူပန်မှုအားလုံးကို အေးစေလေပြီတကား။

အကြင်သင်သည် ပူဆွေးမှုသော ကနှိပ်စက်နေသော ငါ့အား သားကြောင့်ဖြစ်သော ပူဆွေးမှုသော ကကို ပယ်ဖျောက်နိုင်ပေ၏၊ ထိုသင်သည် ငါ၏ နှလုံး၌မှီသော ပူဆွေးမှုသော ကတည်းဟူသော ငြောင့်ကို နုတ်ပေပြီတကား။

လုလင် ထိုငါသည် ပူဆွေးမှုသော ကဟူသော ငြောင့်ကို နုတ်ပယ်ပြီးသူ, ငြိမ်းချမ်းပြီး သူ,ငြိမ်းအေးပြီးသူ ဖြစ်ပေတော့၏၊ လုလင် သင်၏ တရားစကားကို ကြားနာရသောကြောင့် ငါသည်မပူဆွေးတော့ပါ၊ မငိုကြွေးတော့ပါ။

လုလင် သင်သည် စာတုမဟာရာဇ်နတ် ဖြစ်လေသလော၊ ဂန္ဓဗ္ဗနတ်မျိုး ဖြစ်လေသ လော၊သို့မဟုတ် ရှေး၌ အလှူကို ပေးတတ်သော သိကြား ဖြစ်လေသလော၊ သင်သည်အဘယ်မည်သောသူပေနည်း၊ အဘယ်သူ၏ သားပေနည်း၊ ငါတို့သည် သင့်ကို အဘယ်သို့သိကြရကုန်အံ့နည်းဟု (အဒိန္နပုဗ္ဗက က ထပ်၍ မေးပြန်၏)။

ပုဏ္ဏား သင်သည် သား (မဋ္ဌကုဏ္ဍလီ) ကို သုသာန်၌ မိမိကိုယ်တိုင် ဖုတ်ကြည်း သင်္ဂြိုဟ်ပြီးလျှင်အကြင်သားကို (ရည်၍) မြည်တမ်း၏၊ အကြင်သားကို (ရည်၍) ငိုကြွေး၏၊ သင်၏ သားဖြစ်သော ထိုငါသည် ကုသိုလ်ကံကို ပြုခဲ့သောကြောင့် တာဝတိံသာနတ်တို့၏ အသင်းဝင်အပေါင်း အဖော်အဖြစ်သို့ရောက်၏ဟု (မဋ္ဌကုဏ္ဍလီနတ်သားက ပြော၏)။

လုလင် မိမိအိမ်၌ ပေးလှူသော သင်၏ အနည်းငယ်သော အလှူကို သော်လည်း ကောင်း,များစွာသော အလှူကို သော်လည်းကောင်း, ငါတို့ မမြင်ကြရပါကုန်၊ သင် စောင့်သုံးသော ထိုသို့သဘောရှိသော ဥပုသ်ကံကို သော်လည်း ငါတို့ မမြင်ကြရပါကုန်၊ အဘယ်ကံ ကြောင့် သင်သည်နတ်ပြည်သို့ လားရောက်ရသနည်းဟု (အဒိန္နပုဗ္ဗက က မေးပြန်၏)။

(ပုဏ္ဏား) ငါသည် မိမိအိမ်၌ အနာနှိပ်စက်သည်ဖြစ်၍ ဆင်းရဲခြင်းသို့ ရောက်လျက် နာကျင်သော သဘောရှိသူ သူနာ ဖြစ်ခဲ့ပါ၏၊ ကိလေသာမြူကင်းတော်မူပြီးသော မဝေခွဲနိုင်မှု ဝိစိကိစ္ဆာကို လွန်မြောက်တော်မူပြီးသော ကောင်းသော စကားကို ဆိုတော်မူသော မယုတ်လျော့သော ပညာလည်းရှိတော်မူသော မြတ်စွာဘုရားကို ဖူးမြင်လိုက်ရပါပြီ။

ပုဏ္ဏား ထိုငါသည် ဝမ်းမြောက်ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ မြတ်စွာဘုရားအားလက်အုပ်ချီခဲ့ဖူးပါ၏၊ ငါသည် (လက်အုပ်ချီခြင်း) ကုသိုလ်ကံကို ပြုခဲ့သောကြောင့် တာဝတိံသာ နတ်တို့၏အသင်းဝင် အပေါင်းအဖော်အဖြစ်သို့ ရောက်ရပါ၏ဟု (မဋ္ဌကုဏ္ဍလီနတ်သားက ပြောဆို၏)။

အံ့ဖွယ်ရှိပါပေစွာ့တကား၊ မဖြစ်ဖူးမြဲ ဖြစ်ပါပေစွာ့တကား၊ လက်အုပ်ချီခြင်းမျှ၏လည်း ဤသို့သော အကျိုး ဖြစ်ဘိသေး၏၊ ငါသည်လည်း ဝမ်းမြောက်ကြည်ညိုသော စိတ်ရှိ သည် ဖြစ်၍ ယနေ့ပင်လျှင် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်တော့အံ့ဟု (အဒိန္နပုဗ္ဗက က ပြော၏)။

ပုဏ္ဏား သင်သည် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ ယနေ့ပင်လျှင် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်လေလော့၊ တရားတော်ကိုလည်းကောင်း, သံဃာတော်ကိုလည်း ကောင်းကိုးကွယ်ရာဟူ၍ ဆည်းကပ်လေလော့၊ ထို့ပြင် သိက္ခာပုဒ်ငါးပါးတို့ကိုလည်း မကျိုး မပျက်အောင်ဆောက်တည်လေလော့။

သူ့အသက်ကို သတ်ခြင်းမှ လျင်စွာ ရှောင်ကြဉ်ပါလော့၊ လောက၌ မပေးသည်ကို ခိုးယူခြင်းမှရှောင်ကြဉ်ပါလော့၊ သေအရက်ကို မသောက်မစားပါလင့်၊ မဟုတ်မမှန်သော စကားကိုလည်းမပြောဆိုပါလင့်၊ မိမိမယားဖြင့်သာ ရောင့်ရဲသူ ဖြစ်ပါလော့ဟု မဋ္ဌကုဏ္ဍလီ နတ်သားက ပြောကြား၏)။

နတ်သား သင်သည် ငါ၏ အကျိုးကို အလိုရှိသူ ဖြစ်ပေ၏၊ နတ်သား ငါ၏ အစီး အပွားကိုလည်းအလိုရှိသူ ဖြစ်ပေ၏၊ သင်၏ စကားကို ငါ လိုက်နာပါ၏၊ သင်သည် ငါ၏ ဆရာ ဖြစ်ပါပေ၏။

ငါသည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အတုမရှိသော တရားတော်ကိုလည်းကောင်း, မြတ်စွာဘုရား၏ တပည့်သာဝက သံဃာတော်ကိုလည်းကောင်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။

သူ့အသက်ကို သတ်ခြင်းမှ လျင်စွာရှောင်ကြဉ်ပါ၏၊ လောက၌ မပေးသည်ကို ခိုးယူ ခြင်းမှရှောင်ကြဉ်ပါ၏၊ သေအရက်ကို မသောက်စားတော့ပါ၊ မဟုတ်မမှန်သော ‘မုသား’စကား ကိုလည်းမပြောဆိုပါ၊ မိမိမယားဖြင့်သာ ရောင့်ရဲသူ ဖြစ်ရပါ၏ဟု (အဒိန္နပုဗ္ဗက က ဆို၏)။