ခင်ပွန်းကြီးဆယ်ပါး ရှိခိုးနည်း

၁။ ဗုဒ္ဓါစ – သဗ္ဗညုမြတ်စွာဘုရားတို့အား၎င်း။
၂။ ပစ္စေက ဗုဒ္ဓါစ – ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့အား၎င်း။
၃။ အရဟန္တာစ – ရဟန္တာအရှင်မြတ်တို့အား၎င်း။
၄။ အဂ္ဂသာဝကာစ – လက်ယာတော်ရံ အရှင်သာရိပုတ္တရာ၊ လက်ဝဲတော်ရံ အရှင်မောဂ္ဂလန် အရှင်မြတ်တို့အား၎င်း။
၅။ မာတာစ – အမိ၎င်း။
၆။ ပိတာစ – အဖ၎င်း။
၇။ ဂုရုစ – အလေးအမြတ် ပြုအပ်သော ဆရာမြတ်တို့အား၎င်း။
၈။ သတ္ထာစ – အရာရာ၌ ဆုံးမပေးတတ်သောဘဆရာမြတ်တို့အား၎င်း။
၉။ အာစရိယာစ – စာပေအတတ် သင်ကြားပေးအပ်သော ဆရာမြတ်တို့အား၎င်း။
၁၀။ ဓမ္မဒေသကာစ – တရားဟော၍ ဆိုဆုံးမတတ်သော ဓမ္မကထိက ဆရာတော် အရှင်သူမြတ်တို့အား၎င်း။
ဣတိ – ဤသို့ ဆယ်ပါးကုန်သော ကျေးဇူးတော်တို့နှင့် ပြည့်စုံတော်မူသော ဤခင်ပွန်းကြီးဆယ်ပါးတို့ကို တပည့်တော်သည် လက်ဆယ်ဖြာ ထိပ်မှာမိုး၍ ဝန်ချတောင်းပန် ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။
ယခုကဲ့သို့ရှိခိုးရသော ကုသိုလ်ကံ စေတနာတို့ကြောင့် တပည့်တော်သည် ဤခင်ပွန်းကြီး ဆယ်ပါးအပေါ်တွင် မသိကျိုးကျွန် နားမလည်ခဲ့သော ဘဝါ ဘဝတို့မှစ၍ ယခုပစ္စုပ္ပန် ဘဝအထိတိုင်အောင် ကာယကံမှု အပြစ်ကြီး အပြစ်ငယ်၊ ဝစီကံမှု အပြစ်ကြီး အပြစ်ငယ်၊ မနောကံမှု အပြစ်ကြီး အပြစ်ငယ် ဤအပြစ်များ ရှိခဲ့ပါလျှင် ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ လျှောကျပျောက်ကွယ်ပြီးဝဋ်ကြီးဝဋ်ငယ် အသွယ်သွယ်တို့မှ ကင်းလွတ်ငြိမ်း၍ နိဗ္ဗာန်ချမ်းသာသို့ ရောက်ရှိနိုင်သော ဗောဓိဉာဏ္ဏဿ ဗောဓိဉာဏ်ပညာအကြောင်း အထောက်အပံ့ကို ရရပါလို၏ အရှင်ဘုရား။

ခင်ပွန်းကြီးဆယ်ပါးကို ရိုသေလေးစားလျှင် ရရှိသော ကောင်းကျိုး(၁၀) ပါး
၁။ ရုပ်ဆင်းအင်္ဂါ တင့်တယ်လှပခြင်း။
၂။ စိတ်ဓါတ်ကြည်လင် ပျော်ရွှင်စေခြင်း။
၃။ အနာရောဂါ အသွယ်သွယ် လွတ်ကင်းခြင်း။
၄။ ဘေးအန္တရာယ်ဘအသွယ်သွယ်မှ လွတ်ကင်းခြင်း။
၅။ လူအများတို့ ချစ်ခင်နှစ်သက်ခြင်း။
၆။ ကောင်းသော လာဘ်လာဘများ ရရှိခြင်း။
၇။ အိမ်မက်ကောင်း နိမိတ်ကောငိးများ ရရှိခြင်း။
၈။ နတ်သိကြားတို့၏ ကူညီမစမှု ခံရခြင်း။
၉။ အကြံအစည်ဟူသမျှ အောင်မြင်ခြင်း။
၁၀။ မိမိတို့၏ နေအိမ်တိုက်တာဘစည်းစိမ် မပျက်စီးခြင်း။

ခင်ပွန်းကြီးဆယ်ပါးကိုပြစ်မှားမိလျှင် ရရရှိသော အပြစ် (၁၀) ပါး
၁။ ဦးခေါင်းစသော မြင့်မြတ်သောနေရာတို့၌ ဆိုးရွားသော ဝေဒနာ ကပ်ရောက်ခြင်း။
၂။ ပင်ပန်းကြီးစွာ ရှာဖွေထားသော စည်းစိမ်ဥစ္စာများ ပျက်ပြား ဆုတ်ယုတ် ပျက်စီးခြင်း။
၃။ ကိုယ်အင်္ဂါ ချို့ယွင်းလျှက် လက်ပြတ်၊ ခြေပြတ်ခြင်း။
၄။ ဆိုးရွားသော ကပ်ရောဂါများဖြစ်တတ်ခြင်း။
၅။ စိတ်နောက် ဖောက်ပြန်ရူးသွပ်ခြင်း။
၆။ မင်းပြစ်မင်းဒဏ် သင့်တတ်ခြင်း။
၇။ ပရိသတ်အလယ်တွင် ရှက်စဖွယ် စွပ်စွဲခံရတတ်ခြင်း။
၈။ မိသားစု ပြိုကွဲခြင်း၊ ဆွေမျိုးများ ပျက်စီးတတ်ခြင်း။
၉။ ချွေရံသင်းပင်းများစွာ စွန့်ခွာရှောင်ရှား ပြေးတတ်ခြင်း။
၁၀။ မိမိတို့၏ နေအိမ်တိုက်တာကို ပကတိမီး၊ နတိစက်မီး၊ မိုးကြိုးမီးများ ကျရောက်လောင်ကျွမ်းခံရတတ်ခြင်းတို့ ဖြစ်ပါသည်။