ကုသိုလ် ၁၀-ပါး (ပုညကိရိယာ ဝတ္ထုဆယ်ပါး)

(၁) ဒါန- သဒ္ဓါကြည်ဖြူ ပေးလှူရခြင်း၊

(၂) သီလ- ကာယဝစီ ထိုနှစ်လီသောဒုစရိုက်ကိုမလိုက်ပယ်ကြဉ်ရခြင်း၊

(၃) ဘာဝနာ- သမထ ဝိပဿနာ ထိုနှစ်ဖြာကို လေ့လာပွားများရခြင်း၊

(၄) အပစာယန-ရတနာသုံးပါး ဆရာ မိဘစသောသူများကို ရိုသေရခြင်း၊

(၅) ဝေယျာဝစ္စ- ကုသိုလ်ဖြစ်ဖွယ် ဝတ်ကြီးဝတ်ငယ်ကိုသယ်ပိုးဆောင်ရွက်ရခြင်း၊

(၆) ပတ္တိဒါန- မိမိပြုရ ကုသလကို အမျှပေးဝေရခြင်း၊

(၇) ပတ္တာနုမောဒန-သူတစ်ပါးပြု မြတ်ကောင်းမှုကို သာဓုနုမော် ကောင်းချီးခေါ်ရခြင်း၊

 (၈) ဓမ္မသဝန- ဘုရားစကား မြတ်တရားကိုကြားနာရခြင်း၊

 (၉) ဓမ္မဒေသနာ- ဘုရားစကား မြတ်တရားကို ဟောကြားရခြင်း၊

(၁၀) ဒိဋ္ဌိဇုကမ္မ-နိဗ္ဗာန်ရောက်ကြောင်း ကောင်းသောအယူကို ဖြောင့်မှန်စွာယူရခြင်း။