အနုဿတိ ဆိုသည်မှာ ” အကြိမ်ကြိမ် အဖန်ဖန် ဆင်ခြင် အောင့်မေ့ခြင်း ” ကို ဆိုလိုပေသည်။
၁။ ဗုဒ္ဓါနုဿတိ = ဘုရားရှင်၏ ဂုဏ်တော်များနှင့် ရုပ်သဏ္ဍာန် ပုံတော်ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၂။ ဓမ္မာနုဿတိ = တရားတော်တို့၏ ဂုဏ်တော်တို့ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၃။ သံဃာ နုဿတိ = သံဃာတော်တို့၏ ဂုဏ်တော်တို့ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၄။ သီလာနုဿတိ = မိမိ စောင့်ထိန်းထားသော သီလတို့ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၅။ စာဂါ နုဿတိ = မိမိ ပြုခဲ့ဖူးသော ဒါနကုသိုလ်တို့ကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၆။ ဒေဝတာ နုဿတိ = နတ် ဗြဟ္မာတို့ ကဲ့သို့ပင် မိမိမှာလဲ နတ်ပြည် ဗြဟ္မာ့ပြည်ရောက်ကြောင်း ကောင်းမှုကုသိုလ်တွေ များစွာ ရှိပေ၏ ဟု အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၇။ ဥပသမာ နုဿတိ = နိဗ္ဗာန်၏ အေးငြိမ်းသော သဘောကို အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၈။ မရဏာ နုဿတိ = သေခြင်းသဘောကို သတိ သံဝေဂဉာဏ် အဆင့်သို့ ရသည့်တိုင်အောင် အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့်မေ့ခြင်း၊
၉။ ကာယဂတာသတိ = ဆံပင် မွေးညှင်း စသော ၃၂ ကောဋ္ဌာသ အစု ခန္ဓာကိုယ်အစိတ်အပိုင်းတို့ကို ဇီဝ အတ္တ သတ္တဝါ မဟုတ်ကြ၊ ပထဝီစသော ဓာတ်သဘောမျှသာ ဟု အာရုံပြုကာ အဖန်ဖန် ဆင်ခြင်အောင့် မေ့ခြင်း၊
၁၀။ အာနာပါနဿတိ = ထွက်လေ ဝင်လေကို သတိကပ်ကာ ရှုမှတ်နေခြင်း။