စ မ ကြီး လေးလုံးဂါထာ

စ – စက္ခုမာစရမာစိဏ္ဏော၊

ဓ – စမ္မညူ ဓမ္မသာမိကော၊

ဗ – ဗလူပေတော ဗလဓရော၊

ဝ – ဝရဒေါ ဒေတု မေ ဝရံ။

အနက် –

စ – မံသ ပညာ နှစ်ဖြာသော စက္ခုနှင့် ပြည့်စုံတော်မူပေသော စရဏတရား ၁၅ ပါးကို အမြဲမပြတ် လေ့ကျင့်အပ်ပြီးသော

ဓ – တရားအားလုံးကို သိမ်းကြုံးသိမြင်တော်မူပြီးသော တရားပိုင်ရှင် ဖြစ်တော်မူပေသော၊

ဗ – ဉာဏ်တော်အင်အား ၁၀ ပါးနှင့် ပြည့်စုံတော်မူသော ကိုယ်တော်အင်အား ၁၀ ပါးနှင့်လည်း ဆောင်တော်မူသော၊

ဝ – မြင့်မြတ်သမှု နိဗ္ဗာန်ဆုကိုလည်း ပေးတော်မူတတ်သော မြတ်စွာဘုရားသည် အကျွန်ုပ်အား မြတ်သောဆုကို လျှင်စွာမ‌နှေး ပေးသနားတော်မူပါဘုရား။

အလင်္ကာ –

တစ်ထောင်လျှာထိပ်၊ ပုတီးစိပ်က

အောင်သိဒ္ဓိမည်၊ နဝင်းတည်၍

ကြံစည်တိုင်းပေါက်၊ ဆောင်တိုင်းမြောက်၏။