အက္ခရာဖြင့် မြတ်စွာဘုရားအား ရှိခိုးခြင်း

က။ ။ကကြီးဟူသည်ကား ကိလေသာ မာန်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား ။

ခ။ ။ခခွေးဟူသည်ကား ခန္ဓာ မာန်ကို အောင်မြင်တော်မူ သောမြတ်စွာ ဘုရား။

ဂ။ ။ဂငယ်ဟူသည်ကား ဂုဏ်တော် ကိုးပါးနှင့် ပြည့်စုံတော် မူသော မြတ်စွာဘုရား ။

ဃ။ ။ ဃကြီးဟူသည်ကား ဃဋိက ဗြဟ္မာ မင်းဆက်သသော ရွှေကြာသင်္ဃန်းကို ဆင်ယင်တော်မူသော မြတ်စွာဘုရား ။

င။ ။င ဟူသည်ကား မာန်ငါးပါးကို အောင်မြင်တော် မူသော မြတ်စွာဘုရား။

စ။ ။စ လုံး ဟူသည်ကား စကြဝဠာ တစ်သိုက် တုပြိုင်ဘက် ရှိတော်မမူသော မြတ်စွာဘုရား ။

ဆ ။ ။ ဆ လိမ် ဟူသည်ကား ဆယ်ပါးသောဒူစရိုက်တို့ကို ခုတ်ထွင်း ပယ်ဖျက်တော်မူသော မြတ်စွာဘုရား။

ဇ။ ။ ဇကွဲဟူသည်ကား ဇာတိဿရဉာဏ် ကိူ အောင်မြင် တော်မူသော မြတ်စွာဘုရား ။

ဈ။ ။ ဈာန်သမာပတ် အပေါင်းတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။

ည။ ။ညဟူသည်ကား ‌‌‌‌ေဥယျဓံတရား ငါးပါးနှင့် ပြည့်စုံ တော် မူသော မြတ်စွာ ဘုရား။

ဋ။ ။ဋတလင်းချိတ်ဟူသည်ကား ဒီဃလင်တကျမ်းအောက် အဖြာဖြာတို့ကို ဆရာမရှိ ကိုယ်တော်တိုင် သိမြင်တော် မူသော မြတ်စွာဘုရား။

ဋ္ဌ။ ။ဋ္ဌဝန်ဘဲဟူသည်ကား ပဋ္ဌာန်းကျမ်းကို အောင်မြင်တော် မြတ်စွာဘုရား ။

ဍ။ ။ဍရင်ကောက် ဟူသည်ကား ကောဒည ပုဏ္ဏားသည် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည်ဟု အပြောခံရသော မြတ်စွာဘုရား ။

ဎ။ ။ဎရင်မှုတ်ဟူသည်ကား ဒီပင်္ကရာ မြတ်စွာဘုရားရှေ့ မှောက်၌ အနိယတ ဗျာဓိတ်ပန်းကို ပန်ဆင်တော်မူသော မြတ်စွာဘုရား ။

ဏ။ ။ဏကြီးဟူသည်ကား တဏှာ တည်းဟူသော အမိုက် အမှောင်တို့ကို ပယ်ဖျက်ခုတ်ထွင်း အောင်မြင်တော် မူသော မြတ်စွာဘုရား ။

တ ။ ။တဝမ်းပူဟူသည်ကား တစ်ထောင်မကသော ဒိဋ္ဌိတို့ကို ဆုံးမတော်မူသော မြတ်စွာဘုရား။

ထ။ ။ထဆင်ထူးဟူသည်ကား ထူမြတ်သော တရားအပေါင်း တို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ။

ဒ။ ။ဒဒွေးဟူသည်ကား ဒိပ္ပစက္ခု ရွှေဉာဏ်တော်ကို ရတော် မူသော မြတ်စွာဘုရား။

ဓ။ ။ဓအောက်ချိုက်ဟူသည်ကား ဓမ္မစကြာတရားအပေါင်း၌ ပြည့်စုံတော်မူသော မြတ်စွာဘုရား ။

န။ ။နငယ်ဟူသည်ကား နိဗ္ဗာန် ခေမာပြည့်အောင် ဉာဏ်မျိုး တို့ကို ပို့ဆောင်တော်မူ သောမြတ်စွာဘုရား။

ပ။ ။ပစာက်ဟူသည် ကား ပုဗ္ဗေနိဝါသ နုဿတိဉာဏ်ကို အောင် မြင်တော်မူသော မြတ်စွာဘုရား။

ဖ။ ။ဖဦးထုပ်ဟူသည်ကား ဖိုလ် ၊ မဂ် ချမ်းသာကိူ အောင်မြင် တော်မူသော မြတ်စွာဘုရား ။

ဗ။ ။ဗလချိုက်ဟူသည်ကား ဗောဓိပင်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား။

ဘ။ ။ဘကုန်းဟူသည်ကား ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံံတော်မူသော မြတ်စွာဘုရား။

မ။ ။မဟူသည်ကား မဇ္ဖျိမ မာန်ကို အောင်မြင်တော်မူသော မြတ်စွာဘုရား ။

ယ။ ။ယပလက်ဟူသည်ကား ယမက ဗျာဒိယာ၌ ရတနာ ရွှေပုလ္လင်ကို အောင်မြင်တော် မူသော မြတ်စွာဘုရား ။

ရ။ ။ရကောက်ဟူသည်ကား ရတနာခြောက်သွယ်နှင့်ပြည့်စုံံတော်မူသော မြတ်စွာဘုရား။

လ။ ။လဟူသည်ကား လူသုံးပါးတို့၌ တုပြိုင်ဖက် ကင်းတော်မူသော မြတ်စွာဘုရား။

ဝ။ ။ဝဟူသည်ကား ဝသုန္ဒြေ မြေစောင့် နတ်သားအား သက်သေထား၍ မာန်နတ်မင်းအား ပြည့်စုံတော်မူသော မြတ်စွာဘုရား….။

သ။ ။သဟူသည်ကား သစ္စာ လေးပါး အပေါင်းနှင့် ပြည့်စုံံတော်မူသော မြတ်စွာဘုရား။

ဟ။ ။ဟဟူသည်ကား ဟန္ဒ ဒါနိ ဘိက္ခဝေ ပါဠိတော်လာသည် နှင့် အနိယတ ဗျာဓိတ်ပန်းကို ဆင်မြန်းတော် မူသောမြတ်စွာဘုရား။

ဠ။ ။လကြီးဟူသည်ကား ဝေဠုဝန် ကျောင်းတော်၌လပြည့်ဝန်းကဲ့သို့ ထွန်းလင်းတော်မူသော မြတ်စွာဘုရား။

အ။ ။ အဟူသည်် ကား နေ အာရုဏ်မတက်မှီ အာသဝေါ ကင်း၍ အာသဝက္ခယ ဉာဏ်ကို ရတော်မူသော မြတ်စွာဘုရား ။