ကိန်း ဂဏန်းဖြင့် မြတ်စွာဘုရားအား ရှိခိုးခြင်း

၁. ဧက. ဤ ကမ္ဘာလောကကြီးတွင် တစ်ဆူတည်း အတုမရှိ အတူမရှိ ပွင့်တော် မူပြီးကုန်သော ဘုရားရှင်တို့အား နမော ရှိခိုးပါ၏ အရှင် ဘုရား

၂ ဒွိကော ရုပ်နံ နှစ်ပါး မြတ်တရားကို ပိုင်းခြား ထင်ထင် သိမြင်တော် မူကြကုန်သော ဘုရား ပစ္စေကဗုဒ္ဓ ရဟန္တာ အရိယာ သာဝက တို့အား နမော ရှိခိုးပါ၏ အရှင်ဘုရား

၃. တိကော ဘုရားမြတ်ရတနာ တရားမြတ်ရတနာ သံဃာမြတ်ရတနာ ရတနာ မြတ် ၃ ပါးတို့အား နမော ရှိခိုးပါ၏ အရှင်ဘုရား

၄. စတုကော သတိိပဌာန်လေးပါ သမ္မပ္ပဓာန်လေးပါး ဣဒ္ဓိပါဒ် လေးပါး မြတ်တရားတို့အား နမော ရှိခိုးပါ၏ အရှင်ဘုရား

၅ ပဥ္စကော ဗိုလ်ငါးပါး သီလတော်မြတ်ငါးပါး ဘုရားငါးဆူတို့ အား နမော ရှိခိုးပါ၏ အရှင်ဘုရား

၆. ဆက္ကော ဘုန််းခြောက်ပါး ဉာဏ်တော်ခြောက်ပါး ရောင်ခြည်တော် ခြောက်ပါး ပိုင်ရှင် ဘုရားရှင်တို့အား နမော ရှိခိုးပါ၏ အရှင်ဘုရား

၇. သတ္တကော ဗောဇ္ဈင် ခုနှစ်ပါး သူတော်ကောင်း တရားခုနှစ်ပါးတို့အား နမော ရှိခိုးပါ၏ အရှင်ဘုရား

၈. အဋ္ဌကော မဂ္ဂင်၈ပါး တရားတော်ကို နမော ရှိခိုးပါ၏ အရှင်ဘုရား

၉. နဝကော ဂုဏ်တော်ကိုးပါ နှင့် တကွ အင်္ဂါကိုးတန် ပြည့်စုံမှန်သော ပိဋကတ် သုံးပါးအား နမော ရှိခိုးပါ၏ အရှင်ဘုရား

၁၀. ဒဿကော မဂ်လေးပါး ဖိုလ်လေးပါ နိဗ္ဗာန် ပရိတ်ယတ် ၁၀ ပါး ၁ဝပါးသော တရားတော်မြတ် ပါရမီ ၁၀ ပါး မြတ်တရား တို့ကို နမော ရှိခိုးပါ၏ အရှင်ဘုရား