ကာလသုံးပါး ဘုရားရှိခိုး

ယေ စ ဗု​ဒ္ဓေါ ​အတီတာစ၊

​ယေ စ ဗု​ဒ္ဓေါ အနာဂတာ။

ပစ္စုပ္ပန္နာ စ ​ယေ ဗု​ဒ္ဓေါ၊

အဟံ ဝန္ဒါမိ သဗ္ဗဒါ။

အနက် –

အတီတာ – အတိတ်ကာလ ပွင့်ကြသီးသီး လွန်​လေပြီးကူန်​သော၊ ​ယေစဗု​ဒ္ဓေါ – အကြင်ဘုရားရှင် ကိုယ်​တော်မြတ်ကြီး တို့သည်၎င်း၊ အနာဂတာ – ဆုပန်ရွယ်သ ဗျာဒိတ်ရ၍ ပွင့်​တော်မူလတ္တံ့ ဖြစ်ကြကုန်​သော၊ ​ယေစဗုဒ္ဓါ – အရှင် ဘုရားရှင် ကိုယ်​တော်မြတ်ကြီးတို့သည်၎င်း၊ ပစ္စုပ္ပန္နာ – ​ဗောဓိ​ညောင်ရှင် ​အောင်ပလ္လင်၌ ​မှောင်ခွင်ပယ်ချ အလင်းရ၍ ပွင့်ကြဆဲ ဖြစ်ကြကုန်​သော၊ ​ယေစဗုဒ္ဓါ – အကြင် ဘုရားရှင် ကိုယ်​တော်မြတ်ကြီးတို့သည်၎င်း၊ သန္တိ – ထင်ရှားမ​သွေ ရှိ​တော်မူကြ ပါ​ပေကုန်၏၊ ​တေဗုဒ္ဓ – အတိတ် အနာဂတ် ပစ္စုပ္ပန် သုံးတန်ကာလ ပွင့်ကြသီးသီး ထိုဘုရား​ရှင် ကိုယ်​တော်မြတ်ကြီးတို့ကို၊ အဟံ – အကျွန်ုပ်သည်၊ သဗ္ဗဒါ – ​နေ့​ရော ညဥ့်ပါ ဘယ်ခါမလပ် အခါခပ်သိမ်း၊ ဝန္ဒါမိ – ဂုဏ်​တော် အနန္တ မှန်းဆကြည်ညို ရို​သေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်​တော့ပါ၏ အရှင်ဘုရား။

အညွှန်း –

  • ​ရှေး​ပေါရာဏဂါထာ
  • မိမိတို့​နေထိုင်ရာ အိပ်ရာ ​နေရာ၌ဖြစ်​စေ၊ စက်တပ်ယာဥ် စသည့် ယာဥ်များ တက်စီးသည့်အခါ ဖြစ်​စေ၊ ဣရိယာပုတ် မ​ရွေး ရွတ်ဆိုပွားများသူတို့ အန္တရာယ်ကင်း ​ဘေးရန်ရှင်းလျက် ရှိ​

ကြောင်း သိသာသဖြင့် ရဟန်းရှင်လူ အများစု အားကိုးတစ်ခုပြု၍ ရွတ်ပွား နှလုံးသွင်းကြပါ​လေ။