ချမ်းသာရေး သုခလမ်းစဥ် (၁၂) ပါး

၁။ အ​ကြောင်းရှိက၊ မိတ်​ဆွေရ၊ မုချ ချမ်းသာမည်။

၂။ ရရသမျှ၊ ​ရောင့်ရဲက၊ မုချ ချမ်းသာမည်။

၃။ ကုသိုလ်ပုည၊ ပြုကုန်ကြ၊ မုချ ချမ်းသာမည်။

၄။ လုံးစုံဝဋ်ဒုက္ခ၊ ပယ်နိုင်က၊ မုချ ချမ်းသာမည်။

၅။ ​မွေးသည့်မိခင်၊ ပြုစုလျှင်၊ အစဥ် ချမ်းသာမည်။

၆။ ဖခင်​ကျေးဇူးရှင်၊ ပြုစုလျှင်၊ အစဥ် ချမ်းသာမည်။

၇။ ရဟန်းမြတ်ရှင်၊ လှူဒါန်းလျှင်၊ အစဥ် ချမ်းသာမည်။

၈။ ဘုရားသခင်၊ ပူ​ဇော်လျှင်၊ အစဥ် ချမ်းသာမည်။

၉။ ကိုယ်ကျင့်သီလ၊ ​စောင့်ထိန်းက၊ မုချ ချမ်းသာမည်။

၁၀။ သဒ္ဓါပြည့်ဝ၊ တည်ရှိက၊ မုချ ချမ်းသာမည်။

၁၁။ ဝိဇ္ဇာသိပ္ပ၊ တတ်သိက၊ မုချ ချမ်းသာမည်။

၁၂။ မ​ကောင်းမှုမှ၊ ​ရှောင်ကြဥ်က၊ မုချ ချမ်းသာမည်။

အညွှန်း –

  • ဓမ္မပဒပါဠိ​တော် နာဂဝဂ် မာရဝတ္ထုလာ ဗုဒ္ဓလမ်းစဥ်