ပထမ ဂါထာတော်
၁။ ဗုဒ္ဓေါ လောကေ သမု ပ္ပန္နော ၊
ဟိတာယ သဗ္ဗ ပါဏိနံ ။
၂။ ဓမ္မော လောကေ သမု ပ္ပန္နော ၊
သုခါယ သဗ္ဗ ပါဏိနံ ။
၃။ သံဃော လောကေ သမု ပ္ပန္နော ၊
ပုညာယ သဗ္ဗ ပါဏိနံ
ဒု တိ ယ ဂါထာတော်
၁။ ဗုဒ္ဓ တေဇေန အရိန္ဒမော ၊
ဗုဒ္ဓေါ မေ ရက္ခ တု နိ စ္စံ ။
၂။ ဓမ္မ တေဇေန မဟာလာဘော ၊
ဓမ္မော မေ ရက္ခ တု သဒါ ။
၃။ သံ ဃ တေဇေန မဟာယသော ၊
သံဃော မေ ရက္ခ တု ဒိနေ ။
တတိ ယ ဂါထာတော်
၁။ နမောတေ ဗုဒ္ဓ ဝီရတ္ထု ၊
ဝိ ပ္ပ မုတ္တောသိ သဗ္ဗ ဓိ ။
သမ္ဗာဓ ပဋိ ပန္နော သ္မိ ၊
တဿမေ သရဏံ ဘ၀ ။
၂။ အရဟံ ဗုဒ္ဓေါ ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
အကာလိကော ဓမ္မော ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
သုပ္ပဋိပန္နော သံဃော ၊သံဃံ သရဏံ ဂစ္ဆာမိ ။
၃။ ဗုဒ္ဓေါ သဗ္ဗညုတ ဉာဏော ၊
ဓမ္မော လောကု တ္တရော န၀ ။
သံဃော မဂ္ဂ ဖလသေဋ္ဌော ။
ဣစ္စေ တံ ရတနတ္တ ယံ ၊
တေန သစ္စနေ သင်္ဂါမော ။
ဟောတု မေ ဇယမင်္ဂ လံ ။
ပထမ ဂါထာအနက်
၁။ ဗုဒ္ဓေါ – ဒု က္ခ သစ္စာ၊
သမုဒယ သစ္စာ ၊ နိရောဓ သစ္စာ ၊
မဂ္ဂသစ္စာ ဟု ဆိုအပ် ကုန်သော ၊
သစ္စာလေးပါး မြတ် တရားကို ၊
ဆရာမကူ သယမ္ဘူဉာဏ် ဖြင့် ၊
ပိုင်းခြားထင် ထင် ၊
ကိုယ်တော်တိုင် သိမြင်တော်မူသော ၊
မြတ်စွာဘုရားသည် ၊
သဗ္ဗ ပါဏိနံ – ခပ်သိ မ်းကုန်သော ၊
သတ္တဝါအပေါင်းတို့ ၏ ၊
ဟိတာယ – မဂ်ဖို လ်နိဗ္ဗာန်တည်းဟူသော ၊
အကျိုးစီးပွား အလို့ ငှာ ၊
လောကေ – သတ္တလောက၌ ၊
သမုပ္ပန္နော -သိစရာတရားများကို
သိ မြင် ကြားနာနိုင်ကြစေရန် ၊
ပွင့်ထွန်းကြွရောက်တော်မူခဲ့လေပြီ ။
၂။ ဓမ္မော – မဂ်လေးပါး ဖိုလ်လေးတန်
နိဗ္ဗာန် ပရိယတ်တည်းဟူသော
ဆယ်ပါးသော တရားတော်မြတ်တို့သည် ၊
သဗ္ဗပါဏိနံ -ခပ်သိမ်းကုန်သော ၊
သတ္တဝါအပေါင်းတို့၏ ၊
သုခါယ – မဂ်ချမ်းသာ၊ဖိုလ်ချမ်းသာ ၊
နိဗ္ဗာန်ချမ်းသာ ဟုဆိုအပ်သော ၊
ချမ်းသာသုခရကြစေခြင်းအလို့ငှာ ၊
လောကေ – သတ္တလောက၌ ၊
သမုပ္ပန္နော – ဟောကြားပွင့်ထွန်း
ပေါ်ပေါက်တော်မူခဲ့လေပြီ ။
၃။ သံဃော – မဂ္ဂဋ္ဌာန်လေးပါး ၊
ဖလဋ္ဌာန် လေးပါး ၊ အပေါင်းအားဖြင့်
ရှ စ်ပါးကုန်သော ၊
ရဟန်းသံဃာတော်အရှင်သူမြတ်တို့သည် ၊
သဗ္ဗပါဏိနံ – ခပ်သိမ်းကုန်သော ၊
သတ္တဝါအပေါင်းတို့၏ ၊
ပုညာယ – ကောင်းမှုကုသိုလ် ၊
အကျိုးများဖြစ်ထွန်းတိုးပွားကြစေခြင်း
အလို့ငှာ၊လောကေ – သတ္တလောက၌ ၊
သမုပ္ပန္နော – ထင်ရှားစွာ
ပေါ်ထွန်းတော်မူခဲ့ကြလေပြီ ။
ဒု တိ ယ ဂါထာအနက်
၁။ မေ – ဘုရားတပည့်တော်သည် ၊
ဗုဒ္ဓတေဇေန – ရှင်တော်မြတ်ဘုရား၏
တန်ခိုးရှိန်စော် မေတ္တာတော်
အာနုဘော်ကြောင့် ၊
အရိန္ဒမော -ရန်အပေါင်းကို ၊
အောင်နိုင်ခြင်းသည် ၊
ဟောတု – ဖြစ်ပါစေသတည်း ။
ဗုဒ္ဓေါ – မြတ်စွာဘုရားသည် ၊
မေ – ဘုရားတပည့်တော်အား ၊
နိ စ္စံ – ထာဝစဉ်အမြဲ ၊
ရက္ခတု – စောင့်ရှောက်တော်
မူပါစေသတည်း ။
၂။ မေ – ဘုရားတပည့်တော်သည် ၊
ဓမ္မတေဇေန – တရားတော်မြတ်၏
တန်ခိုး ရှိန်စော် မေတ္တာတော်
အာနုဘော်ကြောင့် ၊
မဟာလာဘော – ကြီးမားသော
လာဘ် လာဘပေါများခြင်းသည် ၊
ဟောတု – ဖြစ်ပါစေသတည်း ။
ဓမ္မော – တရားတော်မြတ်သည် ၊
မေ – တပည့်တော်အား ၊
သဒါ – အခါခပ်သိမ်း ၊
ရက္ခတု – စောင့်ရှောက်တော်
မူပါစေသတည်း ။
၃။ မေ – ဘုရားတပည့်တော်အား ၊
သံဃတေဇေန – သံဃာတော်မြတ်တို့၏
တန်ခိုးရှိန်စော် မေတ္တာတော်
အာနုဘော်ကြောင့် ၊
မဟာယသော – ကြီးမြတ်သော
အခြံအရံပေါများခြင်းသည် ၊
ဟောတု – ဖြစ်ပါစေသတည်း ။
သံဃော – သံဃာတော်မြတ်တို့သည် ၊
မေ -ဘုရားတပည့်တော်အား ၊
ဒိနေ – နေ့တိုင်းနေ့တိုင်းသာလျှင် ၊
ရက္ခတု – စောင့်ရှောက်တော်
မူပါစေသတည်း ။
တတိ ယ ဂါထာအနက်
၁။ ဝီရ – လွန်စွာကြီးမားတော်မူလှသော
လုံလဝီရိယလည်း ရှိတော်မူထသော ၊
ဗုဒ္ဓ – သုံးလူ့ ထွဋ်ထား
ရှင်တော်မြတ်ဘုရား ။
တေ -ရှင်တော်မြတ်ဘုရားအား ၊
မေ – ဘုရားတပည့်တော်၏ ၊
နမော – ပူဇော်၀ပ်စင်း ရှိခိုးခြင်းသည် ၊
အတ္တု – ဖြစ်ပါစေသတည်း ။
တွံ -ရှင်တော်မြတ်ဘုရားသည် ၊
သဗ္ဗဓိ – အထက်ဘ၀ဂ် အောက်အဝီစိ
ရှိရှိသမျှ ရပ်ဌာနတို့၌ ၊
ဝိပ္ပမုတ္တော – နှိပ်စက်ကလူ
ရန်ဟူသမျှ ၊ ကင်းပလှသည် ၊
အသိ – ဧကန်စင်စစ်
အမှန်ဖြစ်ပါ၏ အရှင်ဘုရား ။
အဟံ – ဘုရားတပည့်တော်မှာမူကား ၊
သမ္ဗာဓပဋိပန္နော – ကျဉ်းမြောင်းချုပ်ချယ် ၊
ရန်သူလက်၀ယ်၌ ၊ ဒုက္ခအခက်အခဲနှင့်
ရင်ဆိုင်တွေ့ ကြုံနေရသည် ၊
အသ္မိ – ဖြစ်ပါတော့သည်အရှင်ဘုရား ။
တွံ -အရှင်ဘုရားသည် ၊
တဿမေ – ချမ်းသာကင်းဝေး
ဒုက္ခဘေး ရောက်၍နေသော
ဘုရားတပည့်တော်၏ ၊
သရဏံ – ကိုးကွယ်အားထား
ပုန်းအောင်းမှီခိုရာသည် ၊
ဘ၀ – ဖြစ်တော်မူပါ အရှင်ဘုရား ။
၂။ ဗုဒ္ဓေါ – သုံးလူ့ ရှင်ပင် မြတ်သခင်သည် ၊
အရဟံ – လူနတ်ဗြဟ္မာ
သတ္တဝါအပေါင်းတို့ ၏ ၊
ပူဇော်အထူးကို ခံယူတော်မူထိုက်ပါပေ၏ ။
အဟံ – ဘုရားတပည့်တော် သည် ၊
ဗုဒ္ဓံ – မြတ်စွာဘုရားကို ၊
သရဏံ – ကိုးကွယ်အားထားရာဟူ၍ ၊
ဂစ္ဆာမိ – ယုံကြည်စွာ ဆည်းကပ်ပါ၏ ။
ဓမ္မော – တရားတော်မြတ်သည် ၊
အကာလိကော – အချိန်အခါမလင့် ၊
ကောင်းကျိုးချမ်းသာကို
ပေးသနားတော်မူတတ်၏ ။
အဟံ -ဘုရားတပည့်တော် သည် ၊
ဓမ္မံ – တရားတော်မြတ်ကို ၊
သရဏံ – ကိုးကွယ်အားထားရာဟူ၍ ၊
ဂစ္ဆာမိ – ဆည်းကပ်ပါ၏ ။
သံဃော – မြတ်စွာဘုရား၏
တပည့်သားသံဃာတော်
အရှင်သူမြတ်တို့သည် ၊
သုပ္ပဋိပန္နော – ကောင်းမွန်စွာ
ကျင့်တတ်၏ ။
အဟံ -ဘုရားတပည့်တော် သည် ၊
သံဃံ – သံဃာတော်အရှင်သူမြတ်တို့အား ၊
သရဏံ – ကိုးကွယ်ရာဟူ၍ ၊
ဂစ္ဆာမိ – ယုံကြည်စွာဆည်းကပ်ပါ၏ ။
၃။ သဗ္ဗညုတဉာဏော – နှိုင်းဆမတန်
သဗ္ဗညုတဉာဏ်တော်ရှိတော်မူသော
ပုဂ္ဂိုလ်သည် ၊ ဗုဒ္ဓေါ – ဘုရားစင်စစ်ဧကန်
ဖြစ်တော်မူပါ၏။
န၀လောကုတ္တရော – ကိုးပါးသော
လောကုတ္တရာ တရားတို့သည် ၊
ဓမ္မော – တရားတော်စင်စစ်ဧကန်
ဖြစ်တော်မူပါပေ၏ ။
မဂ္ဂဖလသေဋ္ဌော- မဂ်ဖိုလ်တို့၌
တည်သောပုဂ္ဂိုလ်တို့သည် ၊
သံဃော – သံဃာတော်စင်စစ်ဧကန်
ဖြစ်တော်မူပါပေ၏ ။
ဣစ္စေတံ – ဤရတနာမြတ်သုံးပါးသာလျှင် ၊
ရတနတ္တယံ – အမြတ်ဆုံးသော
ရှိခိုးပူဇော်စရာ ရတနာတို့
မည်တော်မူပါပေ၏ ။
တေနသစ္စနေ – ထိုသို့ မှန်ကန်စွာ
ပြောဆိုရသော သစ္စာစကားကြောင့် ၊
သင်္ဂါမော – တွေ့ဆုံသမျှ ရန်အန္တရာယ်
ဒုက္ခအခက်အခဲဟူသမျှကို ၊
မေ – ဘုရားတပည့်တော် အား ၊
ဇယမင်္ဂလံ – အောင်မြင်လွတ်ကင်း ၊
ချမ်းသာခြင်းသည် ၊
ဟောတု – ဖြစ်ပါစေသတည်း ။
အညွှန်း –
- အန္တရာယ် ကင်းခြင်း ၊ လာဘ် လာဘ ရွှင် လန်းခြင်း ၊ အကြံအစည် အောင် မြင် ခြင်းများကို ဖြစ်စေနိုင် ပါသည် ။