သေလသုတ်လာ ဂါထာ

ပသန္န ​နေ​တ္တော သုမု​ခေါ၊

ဗြဟာ ဥဇု ပတာ ပဝါ။

မ​ဇ္ဈေ သမဏ သံဃဿ၊

အာဒိ​စ္စော ဝ ဝိ​ရောစသိ။

အနက် –

ပသန္န ​နေ​တ္တော – မဟာသာကီ အာဇာနည်မို့ ပါရမီ​တော်အဟုန် တန်ခိုးဂုဏ်ဖြင့် လုံးစုံပြုပြင် စိတ်စွမ်းအင်​ကြောင့် ကြည်လင်​သော မျက်လုံး​တော် ရှိ​ပေထ​သော၊ သုမု​ခေါ – လမင်းစန္ဒာ ​ငွေ​သော်တာသို့ ​ရောင်ဝါလက်ဖြာ တင့်တယ်​သော မျက်နှာ​တော် ရှိ​ပေထ​​သော၊ ဗြဟာဥဇု – ဗြဟ္မာမင်း အလားကဲ့သို့ ဖွံ့ထွားသပ္ပါယ်​သော ကိုယ်​တော်မြတ်လည်း ရှိ​ပေထ​သော၊ ပတာပဝါ – ဇမ္ဗူရာဇ်သိင်္ဂီ နာရဏီမျှ သာကီ​ရွှေ​​​ဘော် မြတ်ကိုယ်​တော်မှ ဘုန်း​တော်မြတ်ရိပ် မှတ်တံဆိပ်ဖြင့် ခတ်နှိပ်ထွက်​ပေါ် လက္ခဏာ​တော်ကြီးငယ် ​ခြောက်သွယ်​သော ​ရောင်ခြည်တို့ဖြင့် ကွန့်မြူးစံပယ် တင့်တယ်​တော် မူ​ပေထ​သော၊ ဗု​ဗဒ္ဓါ – သစ္စာ​လေးပါး ပိုင်းခြားသိမြင် ဘုရားရှင်သည်၊ သမဏ သံဃဿ – တပည့်သား သံဃာ​တော်တို့၏၊ မ​ဇ္ဈေ – အလယ်၌၊ အာဒိ​စ္စောဝ – ​ရောင်ခြည်တစ်​ထောင် ဝင်း​ပြောင်ထိန်လင်း ရှင်​နေမင်းကဲ့သို့၊ ဝိ​ရောစသိ – စကြဝဠာ ကမ္ဘာ​မြေပြင် တန်ဆာဆင်သို့ အစဥ်မြင့်ကြွယ် တင့်တယ်​တော် မူခဲ့ပါ​ပေပြီတကား။

အညွှန်း –

  • သုတ္တနိပါတ ပါဠိ ​သေလသုတ်၊ နှာ(၃၆၇)
  • တစ်​နေ့ ပုတီး (၃)ပတ်၊ ရက်​ပေါင်း (၂၆၀) စိပ်ပါ။
  • မျက်စိစွမ်းအင် တိုးလာမည်။ အ​ခြွေအရံ များမည်။ ဩဇာ အာဏာ ရှိလာမည်။