အကွယ် အကာ ဂါထာ

၁။ နိလ္လ ​ယေ ​ဒေဝါ သူ​ရေန၊

သမ္ပ​န္နော ဒသ ဣဒ္ဓိယာ။

ဘဂဝါ ​ဒေဝါသူရဿ၊

စက္ခုစမ္မမှီ နိလ္လယိ။

၂။ ဗု​ဒ္ဓေါ ဘမုကာ သူ​ရေန၊

ဌီတာဒိံ မှိစ နိလ္လ​ယေ။

န ပဿတိ ဇိနံ ယထာ၊

ပစ္စတိကာ နပဿတု​မေ။

အနက် –

​ဒေဝါသူ​ရေန – အသူရိန်နတ်သားသည်၊ နိလ္လ​ယေ -​ဆေးဒါန်း မြင်းသီလာ ရတနာလိုဏ်​ခေါင်း၌ ပုန်း​အောင်း​လေသည်ရှိ​သော်၊ ဒသဣဒ္ဓိယာ – တန်ခိုး​တော် ဆယ်ပါး စွမ်းပကားနှင့်၊ သမ္ပ​န္နော – ပြည့်စုံ​တော်မူ​သော၊ ဘဂဝါ – ဘုန်း​တော်​ခြောက်ပါးရှင် ဘုရားသခင်သည်၊ ​ဒေဝါ သူရဿ – တန်ခိုးကြီးမြတ် အသူရိန်နတ်သား၏၊ စက္ခုစမ္မမှီ – မျက်​မှောင်​ရေး၌၊ နိလ္လယိ – အဏိမာဘုန်းဖြင့် ပုန်း​တော်မူ​လေ၏။

ဗု​ဒ္ဓေါ – ရှင်​တော်မြတ်ဘုရားသည်၊ ဘမုကာ ဘမုကန္တ​ရေ – အသူရိန်နတ်မင်း၏ မျက်​မှောင်​တော်အတွင်း၌၊ နိလ္လ​ရေ – ပုန်းကွယ်​တော်မူသည်ရှိ​သော်၊ အသူ​ရေန – တန်ခိုးကြီးမား အသူရိန်နတ်သားသည် ဌိတာဒိံမှိစ – ရပ်၊ ထိုင်၊ ​လျောင်း၊ သွား ​လေးပါး​သော ဣရိယာပုတ်၌လည်း၊ ဇိနံ – ငါးမာရ်​အောင်မြင် ဘုရားရှင်ကို၊ နပဿတိယထာ – မမြင်နိုင်ဘိ သကဲ့သို့၊ ​တထာ – ပမာပုံယူ ထိုအတူသာလျှင်၊ ပစ္စတိကာ – များလှ​သောင်း​သောင်း ရန်သူအ​ပေါင်းတို့သည်၊ ​မေ – အကျွန်ုပ်အား၊ နပဿတု – ​နေ့​ရော ညဥ့်ပါ ဘယ်ခါထင်ထင် မ​တွေ့မြင်နိုင်ပါ​စေသတည်း။

အညွှန်း –

  • ဆီးပန်းနီဆရာ​တော်၏ ကဝိမဏ္ဍန​မေဒနီ ပထမတွဲ၊ နှာ (၅၁-၅၂)လာ ဂါထာဖြစ်သည်။
  • ​ဘေးရန်ခပ်သိမ်း ကင်းငြိမ်း​စေနိုင်သည်။ ရန်သူတို့ မမြင်နိုင်ဟု ဆိုကြသည်။