သိဒ္ဓိပေါက် ဂါထာ

န​မော ဗုဒ္ဓါယ သိဒ္ဓံ။

(တစ်နည်း)

န​မော ဗုဒ္ဓါယ သိဒ္ဓိ အရဟံ ဘဂဝါ။

အနက် –

ဗုဒ္ဓါယ – မြတ်ဘုရားအား၊ န​မော – ရှိခိုးပါ၏၊ သိဒ္ဓံ – လိုတိုင်းပြီး​မြောက် ပါ​စေသတည်း။

ဗုဒ္ဓါယ – မြတ်စွာဘုရားအား၊ န​မော – ရို​သေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား၊ ဣမိနာ နမက္ကာရာနုဘာ​ဝေန – ဤသို့ ရှိခိုးရ​သော ကုသိုလ်ကံ ​စေတနာ​ကြောင့်၊ ​မေ – တပည့်​တော်သည်၊ သိဒ္ဓံ – လိုအသ်ဆန္ဒ ပြီး​မြောက်​စေတတ်​သော အတတ်ပညာ မင်္ဂလာစီးပွား အကျိုးတရားသည်၊ အတ္ထု ဘဝတု – လက်ငင်း မျက်​မှောက် အပြီး​ရောက်သည် ဖြစ်ပါ​စေသတည်း။

အညွှန်း –

  • ဘုရားရှိခိုး ဆု​တောင်းဂါထာဖြစ်သည်။
  • တန်ခိုးကြီးလှ၏။

န​မော ဗုဒ္ဓါယ သိဒ္ဓံ

ဘဝဂ်လျှံမျှ

နှိုင်းစံဖက်ကွာ၊ ဂုဏ်နန္တာကို

မခြား​နေ့ည ပူ​ဇော်ရ၍

ဒုက္ခ​ထွေလာ ဝဋ်စကြာ၏

ချာချာလှည့်ပတ် ဘဝဇာတ်၌

သင့်မြတ်ကြည်စွာ ​နေနိုင်ပါသည်

သမ္ဘာဖြိုး​ဝေ မြတ်စိ​န္တေ။