ဉာဏ်တော် (၁၀) ပါး ဘုရားရှိခိုး

၁။ ဌာနာဌာ​နေ ဝိပါ​ကေစ၊ ဉာဏံ ပဋိပဒါယစ၊

နာနာဓါတုမှီ ​လောကမှီ၊ သတ္တာနံ အဓိမုတ္ထိယာ။

၂။ ဈာနာဒီနံ သံကိ​လေ​သေ၊ ​ဝေါဒါ​နေ စ ပ​ရောပ​ရေ၊

ပု​ဗ္ဗေနိဝါသာနုတိ၊ ဒိဗ္ဗာစက္ခါ သဝက္ခယံ။

၃။ ဒသဗလာ စ သမ္ပုဏ္ဏာ၊ ဝိနာယကဿ သဗ္ဗ​သော၊

ဧ​သေန သစ္စဝ​ဇ္ဇေန ​ဟောတု (​မေ) ဗလဝဍ္ဎနံ။

အနက်-

၁။

  • ဌာနာဌာ​နေ – အ​ကြောင်းဟုတ်သာ် မဟုတ်သည်၌၊ ဉာဏဉ္စ – သိ​သောဉာဏ်​တော်၎င်း၊ (ဝါ) ဌာနာဌာန​ကောသလ္လ ဉာဏ်​တော်၎င်း၊
  • ဝိပါ​ကေ – ကုသိုလ်ကံ အကုသိုလ်ကံ၏ အကျိုး၌၊ ဉာဏဉ္စ – သိ​သောဉာဏ်​တော်၎င်း (ဝါ) ကမ္မသမာဒါနဝိပါက ဉာဏ်​တော်သည်၎င်း၊
  • ပဋိပဒါယ – ဆိုး​ကောင်း ယုတ်မြတ်ဖြစ်​သော ဂတိငါးပါးသို့ လား​စေတတ်​သော အကျင့်၌၊ ဉာဏဉ္စ – သိ​သောဉာဏ်​တော်၎င်း၊ (ဝါ) သဗ္ဗတ္တဂါမိနီ – ပဋိပဒါ ဉာဏ်​တော်၎င်း၊
  • နာနာဓါတုမှိ – အဖူးထူး အပြားပြားများစွာ​သော ဓါတ်ရှိ​သော၊ ​လောကမှီ – ​လောက၌၊ ဉာဏဉ္စ – သိ​သောဉာဏ်​တော်၎င်း၊ (ဝါ) နာနာဓါတု​လောက – ဉာဏ်​တော်၎င်း၊
  • သတ္တာနံ – သတ္တဝါတို့၏၊ အဓိမုတ္တိယာ – နှလုံးသွင်း၌ (ဝါ) အလိုဆန္ဒ၌၊ ဉာဏဉ္စ – သိ​သောဉာဏ်​တော်၎င်း (ဝါ) နာနာဓိမုတ္တိကတာ ဉာဏ်​တော်၎င်း။

၂။

  • ဈာနာဒီနံ – ဈာန်အစရှိသည်တို့၏၊ သံကိ​လေ​သေ – ညစ်ညူး​ကြောင်းဖြစ်​သော အကျင့်၌၎င်း၊ ​ဝေါဒါ​နေ – ဖြူစင်​ကြောင်းဖြစ်​သော အကျင့်၌၎င်း၊ ဉာဏဉ္စ – သိ​သောဉာဏ်​တော်၎င်း၊ (ဝါ) သံကိ​လေသ​ဝေါဒါန ဉာဏ်​တော်၎င်း၊
  • ပ​ရောပ​ရေ – ပုဂ္ဂိုလ် သတ္တဝါဟူသမျှတို့၏ ဣ​​​န္ဒြေ အရင့်အနု၌ (ဝါ) ဣ​န္ဒြေအရင့်အနု၌ (ဝါ) ဣ​န္ဒြေကြီးပွားခြင်း ဆုတ်ယုတ်ခြင်း၌၊ ဉာဏဉ္စ၊ သိ​သောဉာဏ်​တော်၎င်း (ဝါ) ဣ​န္ဒြိယပ​ရော ပရိယတ္တိဉာဏ်​တော်၎င်း၊
  • ပု​ဗ္ဗေနိဝါသာနုဿတိစ – ​ရှေး၌ ​နေဖူးဖြစ်ဖူး​သော ခန္ဓါအစဥ်စသည်ကို ​အောက်​မေ့ဆင်ခြင် သိမြင်​တော်မူနိုင်ခြင်း တည်းဟူ​​သော ပု​ဗ္ဗေနိဝါသာနုဿတိဉာဏ်​တော်၎င်း၊
  • ဒိဗ္ဗစက္ခါ  – အပိတ်အပင်အတားအဆီးမရှိ နတ်မျက်စိကဲ့သို့ ပကတိ သိမြင်တော်မူခြင်-း ဒိဗ္ဗစက္ခုအဘိညာဥ်ဉာဏ်​တော်၊
  • သဝက္ခါယဉ္စ-သဝက္ခယံ-အာသဝေါတရားတို့၏ကုန်ရာ နိဗ္ဗာန်ကိုသိတော်မူခြင်း-အာသဝက္ခယဉာဏ်​တော်၎င်း။

၃။ ဣတိ – ဤသို့၊ ဒသ – ဆယ်ပါးကုန်​သော၊ ဗလာစ – ဉာဏဗလတည်းဟူ​​​သော အား​တော်တို့သည်လည်း၊ ဝိနာ ယကဿ – ဝိနာယက အမည်​တော်ရ​သော သဗ္ဗညုဘုရား ကိုယ်​တော်မြတ်ကြီးအား၊ သဗ္ဗ​သော ခပ်သိမ်း​သော အခြင်းအရာအားဖြင့်၊ သမ္ပုဏ္ဏာ – ​ကောင်းစွာပြည့်စုံ​တော်မူကုန်၏။

ဧ​သေန သစ္စဝ​ဇ္ဇေန  – ဤသို့ အား​တော်ဆယ်တန် ဉာဏ်​တော်ဆယ်ချက် ချီးကျူးမြွက်သည် နှုတ်နက်သစ္စာ မြတ်မွန်စွာ​ကြောင့်၊ ​မေ မမ – တပည့်​တော်အား၊ ဗာဝဍ္ဎနံ – ကြံအားဖန်အား တိုးပွားဒိဋ္ဌ စိတ်ချရ၍ ကိစ္စများ​မြောင် ​ဆောင်တိုင်း​အောင်သည်၊ ​ဟောတု – ဖြစ်ပါ​စေသတည်း။

အညွှန်း –

  • မူလပဏ္ဏာ ပါဠိ​တော် ဒသကင်္ဂုတ္တရပါဠိ​တော်၊ ဝိဘင်းပါဠိ​​တော်

​ကောင်းမြတ်​သောအကြံအား၊ ဉာဏ်အားများ တိုးပွားကြီးမြင့်ကြပါလိမ့်မည်။