သက်​တော်ရှည် ဂါထာ

သက်​တော်မြဲ ဂါထာ

အဋ္ဌာန​မေတံ ဘိက္ခ​ဝေ အနဝကာ​သော

ယံ ပရူပက္က​မေန တထာဂတံ

ဇီဝိတာ ​​ဝေါ​ရော ​ပေယျ။

အနုပက္က​မေန ဘိက္ခ​ဝေ

တထာဂတာ ပရိနိဗ္ဗာ ယန္တိ။

ဧ​တေန သစ္စဝ​ဇ္ဇေန

​သောတ္ထိ ​မေ ​ဟောတု သဗ္ဗဒါ။

(မိမိအတွက် ရွတ်ဆိုရန် ဖြစ်သည်။)

ဧ​​တေန သစ္စ​ဝ​ဇ္ဇေန

​သောတ္ထိ ​တေ ​ဟောတု သဗ္ဗဒါ။

(အများအတွက် ရွတ်ဆိုရန် ဖြစ်သည်။)

ဂါထာတော်အနက်

ဘိက္ခဝေ- ရဟန်းတို့၊ ယံ- အကြင်ကြောင့်၊ပရူပက္ကမေန-သူတပါးတို့၏ လုံ့လပရောဂဖြင့်၊

တထာဂတံ-သင်တို့ဆရာငါဘုရားကို၊

ဇီဝိတာ ရုပ်နာမ်နှစ်ထွေ ဣန္ဒြေမြွတ်ခေါ်

အသက်တော်မှ၊ ဝေါရောပေယျ-ခွင်းကာပျက်ခြွေ ၊ ချသတ်ပေရာ၏။

ဧတံ-ဤသို့ရုပ်နာမ်ပျက်ခွင်း၊ ချသတ်နိုင်ခြင်းသည်၊ အဋ္ဌာနံ-အကြောင်းခြင်းရာ မဟုတ်သည်သာလျှင် သာတည်း။

ဧတံ ဧသော -ဤသို့ရုပ်နာမ်ချသတ်နိုင်ခြင်းသည်၊

အန၀ကာသော -အခွင့်အခါ မဟုတ်သည်သာတည်း

ဘိက္ခဝေ-ငါဘုရားကိုစောင့်ရှောက်နေငြား အိုချစ်သား ရဟန်းတို့၊ တထာဂတာ-ရှေးရှေးအတူ ကြွလာတော်မူသောမြတ်စွာဘုရားတို့သည်၊

အနုပက္ကမေန-သူတပါး၏ လက်နက်လုံ့လ ပယောဂ တို့ကို လုံးဝမရှိပဲ လျက်သာလျှင်၊

ပရိနိဗ္ဗာယန္တိ-နိဗ္ဗာနကိန်း ငြိမ်းတော်မူကြ

ပေကုန်၏။

ဧတေန သစ္စဝဇ္ဖေန-ဤသို့ထုတ်ပြန်ဟုတ်မှန်သော သစ္စာစကားကို မြွတ်ကြားရပေသောကြောင့်၊

မေ- ချမ်းသာလိုလား ဘုရားတပည့်တော်အား၊

သဗ္ဗဒါ-နေ့ရော ညပါ အခါခပ်သိမ်း၊ သောတ္ထိ-လက်နက်ပရောဂကင်းစင်ပ၍ ချမ်းသာရခြင်းသည်၊ ဟောတု- စင်စစ်မသွေ ဖြစ်ရပါစေသတည်း။

အကျိုး – အသက်အန္တရာယ် ပြုခံရခြင်းမှ ကင်း​ဝေး​စေပါသည်။ လတ်တ​လော ​သေ​စေတတ်​သော ဥပ​စ္ဆေဒကကံမျိုးများ နှိပ်စက်ခံရမှုမှ ကင်း​ဝေး​စေပါသည်။

သက်​တော်ရှည် ဂါထာ

နာညတြ ​ဗောဇ္ဈတပသာ၊

နာညတြိန္ဒြိယ သံဝရာ။

နာညတြ သဗ္ဗနိဿဂ္ဂါ၊

​သောတ္ထိံ ပဿာမိ ပါဏိနံ။

​ဘေးအန္တရာယ် ကင်းရှင်းပြီး ​ကောင်းကျိုးချမ်းသာ မင်္ဂလာ ကျက်သ​ရေ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။ မိမိ၌ ကျ​ရောက်လာနိုင်​သော အသက်​ဘေးအန္တရာယ် အသွယ်သွယ်ကို အကာအကွယ်ပြုနိုင်ပါသည်။ အသက်ရှည်ခြင်းအကျိုးကို ခံစားရသည်။

သက်​တော်တည် ဂါထာ

ဃ​ဋ္ဋေသိ ဃ​ဋ္ဋေသိ၊

ကိံ ကာရဏာ ဃ​ဋ္ဋေသိ၊

အဟမ္ပိ တံ ဇာနာမိ။

အသက်​ဘေး အန္တရာယ်ကို ကာကွယ်နိုင်ရုံမက စည်းစိမ်ဥစ္စာ ရတနာ တိုးတက်ခြင်း၊ သူခိုး၊ ဓါးမြ ​ဘေးအန္တရာယ်မှ ကင်းလွတ်​စေနိုင်သည်။