ရှင်ဥပဂုတ် ဂါထာ

၁။ ဥပဂု​တ္တော၊ မဟာ​ထေ​ရော၊ သမ္ဗု​ဒ္ဓေနာပိ ဗျာက​တော၊

မာရဉ္ဇ မာရဗလဉ္စ၊ ဒ​မေဿတိ အနာဂ​တေ။

၂။ ဥပဂု​တ္တော မဟာဝီ​ရော၊ သမ္ဗု​ဒ္ဓေနာပိ ဗျာက​တော၊

မာရဉ္စ မာရဗလဉ္စ၊ ဒ​မေဿတိ အနာဂ​တေ။

၃။ တာဒိ​​တောစ ​ထေ​ရောသဗ္ဗ၊ အန္တရာယ ဝိဒ္ဓံသတံ၊

ယံယံ ဥပဒ္ဒဝံ ဇာတံ၊ ဝိဒ္ဓံ​သေတု အ​သေသ​တော။

၄။ အာဂ​တော ဒါနိ ​သော​ထေ​ရော၊ မမသီ​သေ ပတိဋ္ဌိ​တော၊

မာ​ရေန ဇနိတံ သဗ္ဗံ၊ အန္တရာယ ဝိဒ္ဓံသတံ။

၅။ ဝန္ဒါဟံ သိရသာ ဒါနိ၊ ဥပဂုတ္တံ မဟိဒ္ဓိကံ၊

သဗ္ဗ​ရောဂါ ဝိ​ရောဓါယ၊ ပရိတ္တံ ​ဒေတု မင်္ဂလံ။

အနက် –

၁။ ဥပဂု​တ္တော – အရှင်ဥပဂုတ် အမည်ရှိ​သော၊ မဟာ​ထေ​ရော – သမုဒ္ဒရာ​တောင်ရပ် ​ကြေးပြသာဒ်နှင့် စံလတ်ရွှင်​ပျော် မ​ထေရ်​ကျော်ကြီးကို၊ သမ္ဗု​ဒ္ဓေနာပိ – ​လောကထွတ်တင် ဘုရားရှင်ကလည်း၊ ဗျာက​တော – ဗျာဒိတ်စကား မိန့်ကြား​တော် မူအပ်ခဲ့ပါ​ပေ၏။ မာရဉ္စ – ဝသဝတီ ​ရွှေပြည်ပိုင်နင်း မာရ်နတ်မင်းကို၎င်း၊ မာရဗလဉ္စ – ဝိုင်းရံပတ်ပတ် မာရ်နတ်၏ စစ်တပ်ကို၎င်း၊ အနာဂ​တေ – သာသနာ​တော်​နှစ် ​နောက်ပိုင်း​ခေတ်၌၊ ဒ​မေဿတိ – အဘိညာဉ်တန်ခိုး အမျိုးမျိုးဖြင့် လက်ပြန်ကြိုးတုပ်​နှောင် လိမ္မာ​အောင် ဆုံးမနိုင်​ပေလတ္တံ့တည်း။

၂။ မဟာဝီ​ရော – ကြီးမား​သော လုံ့လ ဝီရိယ ရှိ​တော်မူ​သော၊ ဥပဂု​တ္တော – အရှင်ဥပဂုတ္တ နာမည်​ကျော်တည်း ရဟန္တာအရှင်မြတ်ကြီးသည်၊ မာရဉ္စ – တန်ခိုးပြင်းထန် မာရ်နတ်မင်းကို၎င်း၊ မာရဗလဉ္စ – ​ခြွေရံသင်းပင်း မာရ်နတ်မင်း၏ စစ်သည်များကို၎င်း၊ အနာဂ​တေ – တတိယသင်္ဂါယနာတင်​ခေတ် ​နောက်ပိုင်းသာသနာ​တော်နှစ်၌၊ ဒ​မေဿတိ – သာသနာဝင် ကမ္ဘာတွင်​အောင် အစဥ်ဆုံးမနိုင်လတ္တံ့၊ ဣတိ – ဤသို့လျှင်၊ သမ္ဗု​ဒ္ဓနာပိ – သုံးဘုံ​ကျော်ကြား ရှင်​တော်မြတ်ဘုရားသည်လည်း၊ ဗျာက​တော – ​ရွှေနှုတ်​တော်ဖြင့် ထုတ်​ဖော်မြွက်ကြား ဗျာဒိတ်ထား​တော်မူခဲ့ပါ​ပေသတည်း။

၃။ တာဒိ​တော – ထိုသို့လျှင် အဘိညာဉ်တန်ခိုး အမျိုးမျိုး ရှိ​တော်မူ​သော၊ ​ထေ​ရောစ – အရှင်ဥပဂုတ် သမုတ်​ကျော်ကြား ရဟန္တာအရှင်မြတ်ကြီးသည်၊ သဗ္ဗအန္တရာယံ – ​ဘေးရန် အသွယ်သွယ် အန္တရာယ်ခပ်သိမ်းကို၊ ဝိဒ္ဓိသတံ ဝိဒ္ဓံသတု – ​ဘေးရန်မ​ရောက်​အောင် ပယ်​ဖျောက်နိုင်ပါ​စေသတည်း။ ယံယံ ဥပဒ္ဒဝံ – အကြင် အကြင် ​ဘေးရန်အ​ပေါင်းသည်၊ ဇာတံ – ဖြစ်​ပေါ်၍ လာပါ​ပေ၏၊ ကံကံ – ထိုသို့ဖြစ်​ပေါ်လာ​သော ​ဘေးရန်အ​ပေါင်းကို၊ အ​သေသ​တော – အကြွင်းမရှိရ​လေ​အောင်၊ ဝိဒ္ဓံ​သေတု – ​ဘေးရန် မ​ရောက်​အောင် ​စောင့်​ရှောက်တားဆီးနိုင်ပါ​စေသတည်း။

၄။ ​သော​ထေ​ရော – ထိုဥပဂုတ် သမုတ်​ကျော်တည်း ရဟန္တာအရှင်မြတ်ကြီးသည်၊ ဒါနိ – ​ဘေးရန်ကြုံလာ ယခုလို အခါ၌၊ အာဂ​တော – မိမိထံ​မှောက် ကြွ​ရောက်​တော်မူလာပြီးလျှင်၊ မမ – တပည့်​တော်၏၊ သီ​သေ – ကိုယ်ဒြပ်တွင် အမြတ်တင်သည့် ဆံပင်စု​ပေါင်း မြတ်ဦး​ခေါင်း​ပေါ်၌၊ ပတိဋ္ဌိ​တော – မားမားမတ်မတ် ရပ်​တော်မူလာပြီးလျှင်၊ မာ​ရေန – အကြံစက်ဆုပ် မာရ်နတ်ယုတ်သည်၊ ဇနိတံ – ဖြစ်​စေအပ်​သော၊ သဗ္ဗအန္တရာယံ – ​​ဘေးရန်အသွယ်သွယ် အန္တရာယ်အ​ပေါင်းကို၊ ဝိဒ္ဓံသတံ ဝိဒ္ဓံသတု – ​ဘေးရန် မ​ရောက်​အောင် ​စောင့်​ရှောက် ယ်​ဖျောက်ပါ​စေသတည်း။

၄။ အဟံ – တပည့်​တော်သည်၊ ဒါနိ – ယခုအခါ၌၊ မဟိဒ္ဓိကံ – အရှင်မဟာ ​မောဂ္ဂလန် အလားကဲ့သို့ ကြီး မား​သော တန်ခိုးရှိ​တော်မူ​သော၊ တံ ဥပဂုတ္တံ – အရှင်ဥပဂုတ္တ နာမည်​ကျော်ဟည်း ရဟန္တာအရှင်မြတ်ကြီးကို၊ သိရသာ – ဦး​​ခေါင်းရတနာ မြတ်အင်္ဂါဖြင့်၊ ဝ​န္ဒေ ဝန္ဒါမိ – လက်စုံမိုးကာ ရှိခိုးပါ၏၊ သဗ္ဗ​ရောဂါ – အလုံးစုံ​သော ​ရောဂါ​ဝေဒနာ အမျိုးမျိုးတို့မှ၊ ဝိ​ရောဓါယ- ချုပ်ငြိမ်းကင်း​ပျောက် မ​ရောက်ပါ​စေခြင်း အကျိုးငှာ၊ မင်္ဂလံ – မ​ကောင်းမှု ပယ်​ဖျောက် မင်္ဂလာ​ကောင်းကျိုး ​ရောက်​စေနိုင်​သော၊ ပရိတ္တံ – ​ဘေးရန်အများ တားဆီး​ပေးတတ် ပရိတ်တရား​တော်မြတ်ကို၊ ​ဒေတု – ကရုဏာပွား ​မေတ္တာထား၍ ​ပေးသနား​တော်မူပါ အရှင်မြတ်ကြီးဘုရား။

  • ​တောင်ငူမြို့ ​ရေတာရှည် မယ်ဒက်​တောရဆရာ​တော်ဘုရားကြီး၏မူ ဖြစ်ပါသည်။
  • ​ရောဂါ​ဘေးဆိုးမှ ကင်း​ဝေး​စေနိုင်သည်။
  • ပင်လယ်​ရေ​ကြောင်းခရီးတွင် မုန်တိုင်း​ဘေးအန္တရာယ် ကင်း​ဝေး​စေရန် တစ်​နေ့ကိုးကြိမ်ပွားများပါ။

အရှင်ဥပဂုတ်မ​ထေရ်မြတ်ကြီးအား စည်စူးလျှက် ဆွမ်း၊ သစ်သီး၊ ​ရေချမ်း၊ ဆီမီးများ ကပ်လှူပြီး ​ဘေးအန္တရာယ် ကင်း​ဝေး​စေရန် ဆု​တောင်းရပါသည်။

[တစ်နည်း]

၁။ ဥပဂု​တ္တော မဟဒ္ဓိ​ကော၊

သမ္ဗု​ဒ္ဓေန ဝိညာဂ​တော။

မာရဉ္စ မာရဗလဉ္စ၊

ဒ​မေဿတိ အနာဂ​တေ။

၂။ မမသီ​​သေ ပတိဋ္ဌိ​တော၊

မာ​ရေနာ သုဏိတံ ကတွာ။

အန္တရာ​ယော ဝိနဿန္တု၊

အဟံ ဝ​န္ဒေ ဣဒါ​နေဝ။

၃။ ဥပဂုတ္တံ မဟိဒ္ဓိကံ၊

ရာဇ​တော ဝါ ဥပဒ္ဒ​ဝေ။

​သောက​ရောဂါ ဝိ​ရောဓါယ၊

ပရိတ္တံ ဇယမင်္ဂလံ။

၄။ တာဒိ​​သော ​ထေ​ရော မာ​ရေန၊

ဇိနတံ ကတွာ စ သ​ဗ္ဗေ။

အန္တရာ​ယော ဝိနဿန္တု၊

ဣဒါ​နေဝ ဥပဂု​တ္တော၊ မဟိဒ္ဓိ​ကော။

ယံ ယံ ဥပဒ္ဒဝံ ဇာတံ၊

ဝိဒ္ဓံ​သေတု အ​သေသ​တော။

အကျိုး – ကိုယ်တွင်း ကိုယ်ပ နှစ်ဌာနဝယ် ငြိတွယ်​စေတတ်​သော ​ဘေးအန္တရာယ်များ ကင်းရှင်းခြင်း၊ ရန်သူကို မိမိက​ တရားသဖြင့်အောင်နိုင်ခြင်း၊ သူတပါးတို့ မိစ္ဆာဇီဝပညာဖြင့် ပြုစား၊ သတ်ဖြတ်၊ နှိပ်စက်တတ်​သော ပ​ယောဂများ ကိုယ်ဝယ်မထိ​ရောက် ​ပျောက်ပြယ်လွင့်စင်​စေခြင်းနှင့် ​တောင်း​သောဆုများ ပြည့်ဝ​စေ​သော အကျိုးတရားများကို ခံစား စံစား​စေနိုင်ပါသည်။