အပြင်အောင်ခြင်း (၈) ပါး

ဗုဒ္ဓေါ မေ ရက္ခတု နိစ္စံ ၊ ဓမ္မော မေ ရက္ခတု သဒါ ။ သံဃော မေ ရက္ခတု ဒိနေ ၊ သုခီ ဒီဃာယုကော ဘ၀ ။ မာရာဠဝက နာဠာဂြိံ ၊ အင်္ဂုလိ စိဉ္စ သစ္စကံ ။ နန္ဒောပနန္ဒဗြဟ္မဉ္စ ၊ ဇယော ဇယတု မင်္ဂလံ ။

၁။ ဗုဒ္ဓေါ-မြတ်စွာဘုရားသည်။ မေ-အကျွန်ုပ်အား၊ နိစ္စံ-အမြဲမပြတ်။ ရက္ခတု-စောင့်ရှောက်တော်မူပါစေသတည်း။ ဓမ္မော-မဂ်ဖိုလ်နိဗ္ဗာန် ဆယ်တန်သော တရားတော်မြတ်သည်။ မေ-အကျွန်ုပ်အား။ သဒါ-အခါခပ်သိမ်း။ ရက္ခတု စောင့်ရှောက်တော်မူပါစေသတည်း။ သံဃော-သမ္မုတိ အရိယာ နှစ်ဖြာသော သံဃာတော်အပေါင်းသည်။ မေ-အကျွန်ုပ်အား။ ဒိနေ-နေ့တိုင်း။ ရက္ခတု-စောင့်ရှောက်တော်မူပါစေသတည်း။ အဟံ-အကျွန်ုပ်သည်။ သုခီ- ချမ်းသာခြင်းရှိသည်။ ဒီဃာယုကော-အသက်ရှည်ခြင်း ရှိသည်။ ဘဝ-ဘဝါမိ-ဖြစ်ရပါလို၏။

၂။ မုနိန္ဒော-မြတ်စွာဘုရားသည်။ မာရာဠဝက နာဠာဂြိံစ-မာရ်နတ်မင်း၊ အာဠာဝက ဘီလူး၊ နာဠာဂိရိဆင်ကို၎င်း။ အင်္ဂုလိံစ-အင်္ဂုလိမာလကို၎င်း။ စိဉ္စသစ္စကဉ္စ-စိဉ္စမာဏဝိကာနှင့် သစ္စကပရိဗိုလ်ကို၎င်း။ နန္ဒောပနန္ဒဗြဟ္မဉ္စ-နန္ဒောပနန္ဒ နဂါးမင်းနှင့် ဗကဗြဟ္မာကို၎င်း။ ဇယော-အောင်မြင်ခြင်းသည်။ (ဟောတိ ယထာ-ဖြစ်သကဲ့သို့) တထာ-ထို့အတူ။ မေ-အကျွန်ုပ်အား။ မင်္ဂလံ-အောင်ရာအောင်ကြောင်း မင်္ဂလာအပေါင်းသည်။ ဇယတု-အောင်မြင်ပြီးစီးပါစေသတည်း။