နတ်ပင့်ဂါထာ

သမန္တာ စက္ကဝါဠေသု၊ အတြာ ဂစ္ဆန္တု ဒေဝတာ။

သဒ္ဓမ္မံ မုနိရာဇဿ၊ သုဏန္တု သဂ္ဂမောက္ခဒံ။

သမန္တာ = ဤစကြဝဠာခွင် ပတ်ဝန်းကျင်မှ၊

စက္ကဝါဠေသု = စကြဝဠာပေါင်း တိုက်တစ်သောင်းတို့၌၊

ဒေဝတာ = သမ္မာဒေဝ နတ်ဗြဟ္မာအပေါင်းတို့သည်၊

အတြ = မဟာပဋ္ဌာန်း ပရိတ်တရားတော်ကို ရွတ်ဖတ် ပူဇော်ရာ ဤဌာနသို့၊

အာဂစ္ဆန္တု = တရားတော်နာ ကြွရောက်တော်မူကြပါကုန်လော့၊

မုနိရာဇဿ = မုနိတို့ ဘုရင် ရှင်တော်မြတ်ဘုရား၏၊

သဂ္ဂမောက္ခဒံ = လူ့ရပ်နတ်ဌာန် နိဗ္ဗာန်အကျိုးကို ပေးစွမ်းနိုင်သော၊

သဒ္ဓမ္မံ = သူတော်ကောင်းဓာတ် တရားမြတ်ဖြစ်သော မဟာပဋ္ဌာန်းပရိတ်တရားတော်ကို၊

သုဏန္တု = ရိုသေသဒ္ဓါ ကြည် လင်စွာဖြင့် နာယူတော်မူကြပါကုန်လော့။

ဓမ္မဿဝနကာလော အယံ ဘဒ္ဒန္တာ။ (၃-ခေါက်)

ဘဒ္ဒန္တာ = အို နတ်မြတ် နတ်ကောင်း နတ်အပေါင်းတို့၊ အယံ = ကြည်သာရွင်ပျ ဤအခါကာလသည်ကား၊ ဓမ္မဿဝနကာလော = မဟာပဋ္ဌာန်းတရားတော်ကို နာကြားရန် အချိန်ကောင်း အခါကောင်း ဖြစ်ပါသတည်း။

၃။ အနေကဇာ

အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။

ဂဟာကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။

ဂဟကာရကဒိဋောသာ ဒိဋ္ဌောသိ၊ ပုနဂေဟံ နကာဟသိ။

သဗ္ဗာတေဖာသုကာဘဂ္ဂါ၊ ဂဟကူဋံဝိသင်္ခတံ။

ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယ မဇ္ဈေဂါ။

အဖန်ဖန် ပဋိသန္ဓေ နေရခြင်းသည် ဆင်းရဲလှသောကြောင့် ခန္ဓာအိမ်သည် ဆောက်လုပ်တတ်သူ တဏှာလက်သမားကို ရှာသော ငါသည် ထိုတဏှာလက်သမားကို မြင်နိုင်သောဉာဏ် မရသေးသဖြင့် ဘဝများစွာ သံသရာပတ်လုံး ကျင်လည်ပြေးသွားခဲ့ရလေပြီ။ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော ဟယ် တဏှာလက်သမား၊ ငါသည်သင့်ကို ပညာမျက်စိဖြင့် ယခု မြင်အပ်ပြီ။ ခန္ဓာအိမ်ကို နောက်တစ်ဖန် သင်ဆောက်လုပ်ရတော့မည်မဟုတ်၊ သင်၏ကိလေသာတည်း ဟူသော အခြင်းအရာ နယ်အားလုံးတို့ကို ငါချိုးဖျက်အပ်ကုန်ပြီ။ အဝိဇ္ဇာတည်းဟူသော အိမ်အထွတ်ကို ဖျက်ဆီးအပ်ပြီ။ ငါ၏ စိတ်သည် ပြုပြင်ခြင်း ကင်းရာ နိဗ္ဗာန်သို့ ရောက်ပြီ။ တဏှာကုန်ရာကုန်ကြောင်း အရဟတ္တဖိုလ်ကို ငါရပြီ။