အဇာတသတ်မင်းနှင့် တိတ္ထိဆရာကြီးများ

၁။ ပူရဏကဿပတိတ္ထိဆရာကြီး၏အယူဝါဒ

အဇာတသတ်မင်း-“အရှင်ဘုရား။  အခါတစ်ပါး၌ အကျွန်ုပ်သည် ပူရဏဿပထံသို့ ချဉ်းကပ်ပြီး  ပူရာဏကဿပနှင့်အတူ ဝမ်းမြောက်ဝမ်းသာစွာဖြင့် စကားစမြည်းများ ပြောဆိုပါ၏။ ထိုသို့ပြောဆိုပြီးနောက် တစ်ခုသောနေရာ၌ အတူထိုင်၍ ပူရာဏကဿပအား ဤမေးခွန်းကို ဤသို့မေးဖူးပါ၏။

အဇာတသတ်မင်း–“ အရှင်ကဿပ ။ဆင်စီးစစ်သည်အတတ်, မြင်းစီးသူရဲအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ ,လေးအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ, အောင်လံကိုင်စစ်သည်များ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ, တစ်ဖက်စစ်တပ်သို့ဝင်၍ ရန်သူ့ဦးခေါင်းများကို  အတုံးအတစ် ဖြတ်တောက်ခြင်းအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ စစ်၌ ထူးချွန်ကျော်စောသောမင်းများ၏အတတ်ပညာအားကျွမ်းကျင်သောဘုရင်များ၊ပြေးနှုန်အမြန်ဖြင့်စစ်ထိုးစစ်တိုက်နိုင်သူများ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊  ဆင်ပြောင်ကြီးကဲ့သို့သော သူရဲများ၏ အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ လွန်စွာ ရဲရင့်သူများ၏ အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ချပ်ဝတ်သူရဲများ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ကျွန်ယုံတော်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ကျွန်တော်၊ ထမင်းချက်သူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ထမင်းချက်၊ ဆတ္တာသည်ဆံသသူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ဆတ္တာသည်၊ ရေချိုးပေးသူများအတတ်ပညာများအား ကျွမ်းကျင်သော ရေချိုးပေးသူ၊ စဖိုသည်များအတတ်ပညာများအား ကျွမ်းကျင်သော စဖိုသည် ၊ ပန်းကုံးကုံးသူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ပန်းကုံးသူ၊ ခဝါသည်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ခဝါသည်၊ ရက်ကန်းသည်များ ၏အတတ်ပညာများအား ကျွမ်းကျင်သော ခဝါသည်၊ ကျုထရံသည်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ကျုထရံသည်၊ အိုးထိန်းသည်များ၏ အတတ်ပညာများအား ကျွမ်းကျင်သော အိုးထိန်းသည်။ ဂဏန်းတတ်သူများ၏ အတတ်ပညာများအား ကျွမ်းကျင်သော ဂဏန်းတတ်သူ၊ လက်ချိုးရေတွက်တတ်သူများ၏ အတတ်ပညာများအား လက်ချိုးရေတွက်သူတို့ အပြင် တစ်ပါးမကများလှစွာသော အတတ်ပညာရှင်တို့သည် (ဤလောက၌) တည်ရှိနေပါပေ၏။

ထိုသူများသည် မိမိသိမြင်အပ်ပြီးသောအတတ်ပညာများတို့ အား အသုံးချပြီး မျက်မှောက်ဘဝ၌ပင် မိမိအသက်အားရှည်စေကုန်၏။ မိမိ၏ကိုယ်ခန္ဓာအား ချမ်းသာစေကုန်၏။ မိမိ၏ ခွန်အားစွမ်းရည်တို့အား တိုးတက်စေကုန်၏။ မိဘတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး မိဘတို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။  သားသမီးတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး သားသမီးတို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ မိတ်ဆွေတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး မိတ်ဆွေ တို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ အထက်ဘုံနှင့်နတ်ပြည်သို့ ရောက်စေတတ်သောအကျိုးအားဖြစ်စေတတ်သော  မွန်မြတ်အကျိုးအားလည်း ပေးစွမ်းနိုင်သော အလှူကိုလည်း သမဏဗြာဟ္မဏတို့အားလည်းပေးလှူနိုင်သော အကျိုးကျေးဇူးများအား ရရှိ၏။

ထိုသို့ အတတ်ပညာရှင်သည် မိမိတို့အတတ်ပညာများဖြင့် မျက်မှောက်ဘဝ၌ အကျိုးရှိသကဲ့သို့  နိဗ္ဗာန်အကျိုးအားမျှော်မှန်း၍ ရဟန်းပြုသောသူများသည်လည်း မျက်မှောက်ဘဝ၌ ချက်ချင်းရရှိနိုင်သော ရဟန်းဖြစ်ခြင်း/ရဟန်းဝတ်ခြင်း၏ အကျိုးကျေးဇူးကို အကျွန်ုပ် အား ဟောပြခြင်းငှာ တတ်နိုင်ပါသလော အရှင်ကဿပ”။

ဤသို့မေးသော် ပူရာဏကဿပဆရာသည် အကျွန်ုပ်အား- “မင်းကြီး ပြုသူ၊ ခိုင်းစေသူ၊ လှီးဖြတ်သူ၊လှီးဖြတ်ရန်စေခိုင်းသူ ၊ နှိပ်စက်သူ ၊ နှိပ်စက်ရန်စေခိုင်းသူ၊ ပူဆွေးအောင်ပြုသူ ၊ ပူဆွေးအောင်ပြုရန်စေခိုင်းသူ ၊ ပင်ပန်းအောင်ပြုသူ ၊ ပင်ပန်းစေရန်စေခိုင်းသူ ၊ ကြောက်လန့်တုန်လှုပ်အောင်ဖန်တီးသူ၊ ကြောက်လန့်တုန်လှုပ်အောင်ဖန်တီးရန်စေခိုင်းသူ၊  သူတစ်ပါးအသက်ကိုသတ်သူ၊ သူတစ်ပါးအသက်အားသတ်ရန် စေခိုင်းသူ၊ ခိုးယူသူ၊ ခိုးယူရန် စေခိုင်းသူ ၊ အိမ်ကို ဖောက်ထွင်းသူ၊ အိမ်အားဖောက်ထွက်ရန် စေခိုင်းသူ ၊ ရွာထဲသို့တိုက်ခိုက်၍လုယူသူ ၊ ရွာထဲသို့တိုက်ခိုက်လုယူရန်စေခိုင်းသူ   ၊ အိမ်တစ်အိမ်အား တိုက်ခိုက်၍လုယူသူ ၊ အိမ်တစ်အိမ်အား တိုက်ခိုက်၍လုယူရန်စေခိုင်းသူ၊ ခရီးလမ်း၌ စောင့်၍လုယက်သူ၊ ခရီးလမ်း၌ စောင့်လုယက်ရန် စေခိုင်းသူ၊ သူတစ်ပါးမယားနှင့်ပြစ်မှားသူ၊ သူတစ်ပါးမယားနှင့်ပြစ်မှားရန်စေခိုင်းသူ၊ မမှန်သောစကားကို ပြောသူ ၊ မမှန်ကန်သောစကားကို ပြောရန်စေခိုင်းသူ ။

ဤသို့သောသူများ ပြုသော ကိစ္စရပ်များသည် မကောင်းမှုအကုသိုလ်ဟု မခေါ်ဆိုနိုင်။ ထို့အပြင် မကောင်းသောအကျိုးလည်းမဖြစ်။

ဂင်္ဂါမြစ်၏တောင်ပိုင်းမြစ်ကမ်းနံဘေး၌ နေထိုင်သော မကောင်းသောအကျင့်စရိုက်ရှိသည့်သူ၏ လွန်စွာရက်စက်ကြမ်းတမ်းသော မကောင်းသောလူသတ်ခြင်းစသောလုပ်ရပ် များသည်လည်း မကောင်းသောအကျိုးမဖြစ်သည့်အပြင် မကောင်းသောလုပ်ရပ်ဟုလည်းမသတ်မှတ်နိုင်။

ဂင်္ဂါမြစ်၏မြောက်ပိုင်းမြစ်ကမ်းနံဘေး၌ နေထိုင်သော ကောင်းသောအကျင့်စရိုက်ရှိသူ၏  သမဏ(ရှင်ရသေ့ရဟန်း)၊ဗြာဟ္မဏ(မြင့်မြတ်သောအကျင့်များအားကျင့်ကြံသူ)တို့အား ပူဇော်လှူဒါန်းခြင်းကိစ္စရပ်များသည်လည်း ကောင်းသောအကျိုးမဖြစ်စေသည့်အပြင် ကောင်းသောလုပ်ရပ်ဟုလည်း မသတ်မှတ်နိုင်။

အလှူပေးခြင်း၊မိမိ၏ကိုယ်စိတ်နှလုံးအားမိမိကိုယ်တိုင်ဆုံးမထိန်းသိမ်းခြင်း၊ သီလစောင့်စည်းခြင်း၊ မှန်သောစကားဆိုခြင်း ကိစ္စရပ်များသည်လည်း ကောင်းသောလုပ်ရပ်ဟုမသတ်မှတ်နိုင်သည့်အပြင် ကောင်းသောအကျိုးလည်းမဖြစ်။” ဟူ၍ ပြောဆိုဖြေကြား၏။

အဇာတသတ်မင်း- “အရှင်ဘုရား။ အကျွန်ုပ်သည် ကိုယ်တိုင် မျက်မှောက်ဘဝ၌ ချက်ချင်းသိမြင်ရသော ရဟန်းဖြစ်ခြင်းအကျိုးအား မေးနေပါလျက် ပူရဏကဿပဆရာသည်  သရက်ပင်သည် အဘယ်အရပ်မှာ ရှိပါသနည်း ဟုမေးပါလျက် တောင်ပိန္နဲပင်၏နေရာကိုသာ ဖြေ၍လမ်းညွှန်းနေသကဲ့သို့၊ တောင်ပိန္နဲပင်၏နေရာကိုသာမေးနေပါလျက်နှင့် သရက်ပင်၏နေရာကိုသာဖြေကြားသကဲ့သို့ ကံမဲ့ဝါဒကို သာဖြေကြားပါ၏။

ထိုအခါတပည့်တော်သည်”ငါကဲ့သို့သောမာဂဓပြည့်ရှင် သည် ငါ့နိုင်ငံအတွင်း၌ နေသော ဤသမဏဗြာဟ္မဏအား  အဘယ်ကြောင့် ပြစ်တင်ကြိမ်းမောင်းသင့်သည်ဟု တွေးမိသနည်း ဟု အကြံဖြစ်မိပါ၏။

အရှင်ဘုရား ။ အကျွန်ုပ်သည် ပူရာဏကဿပပြောသောစကားအား သဘောလည်းမကျ ပယ်လည်းမပယ်ခဲ့ပါ။ ဝေဖန်ဆုံးဖြတ်ရခက်သော ပူရာဏကဿပစကားကြောင့် နှလုံးမသာယာဖြစ်ခဲ့ပါသော်လည်း နှလုံးမသာမယာဖြစ်စေသော စကားဆိုးအား လည်း မပြောခဲ့သည့်အပြင် ပူရာဏကဿပ၏စကားကိုလည်း မိမိအယူအဖြစ် လက်ခံကာ နာယူမှတ်သားခြင်းမပြုဘဲ ထပြီး ပြန်ခဲ့ပါ၏။

၂။ မက္ခလိဂေါသာလ၏ အယူဝါဒ

အဇာတသတ်မင်း-“အရှင်ဘုရား။  အခါတစ်ပါး၌ အကျွန်ုပ်သည် မက္ခလိဂေါသာလ ထံသို့ ချဉ်းကပ်ပြီး  ပူရာဏကဿပနှင့်အတူ ဝမ်းမြောက်ဝမ်းသာစွာဖြင့် စကားစမြည်းများ ပြောဆိုပါ၏။ ထိုသို့ပြောဆိုပြီးနောက် တစ်ခုသောနေရာ၌ အတူထိုင်၍ မက္ခလိဂေါသာလအား ဤမေးခွန်းကို ဤသို့မေးဖူးပါ၏။

အဇာတသတ်မင်း–“ အရှင်ဂေါသာလ ။ဆင်စီးစစ်သည်အတတ်, မြင်းစီးသူရဲအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ ,လေးအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ, အောင်လံကိုင်စစ်သည်များ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ, တစ်ဖက်စစ်တပ်သို့ဝင်၍ ရန်သူ့ဦးခေါင်းများကို  အတုံးအတစ် ဖြတ်တောက်ခြင်းအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ စစ်၌ ထူးချွန်ကျော်စောသောမင်းများ၏အတတ်ပညာအားကျွမ်းကျင်သောဘုရင်များ၊ပြေးနှုန်အမြန်ဖြင့်စစ်ထိုးစစ်တိုက်နိုင်သူများ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊  ဆင်ပြောင်ကြီးကဲ့သို့သော သူရဲများ၏ အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ လွန်စွာ ရဲရင့်သူများ၏ အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ချပ်ဝတ်သူရဲများ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ကျွန်ယုံတော်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ကျွန်တော်၊ ထမင်းချက်သူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ထမင်းချက်၊ ဆတ္တာသည်ဆံသသူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ဆတ္တာသည်၊ ရေချိုးပေးသူများအတတ်ပညာများအား ကျွမ်းကျင်သော ရေချိုးပေးသူ၊ စဖိုသည်များအတတ်ပညာများအား ကျွမ်းကျင်သော စဖိုသည် ၊ ပန်းကုံးကုံးသူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ပန်းကုံးသူ၊ ခဝါသည်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ခဝါသည်၊ ရက်ကန်းသည်များ ၏အတတ်ပညာများအား ကျွမ်းကျင်သော ခဝါသည်၊ ကျုထရံသည်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ကျုထရံသည်၊ အိုးထိန်းသည်များ၏ အတတ်ပညာများအား ကျွမ်းကျင်သော အိုးထိန်းသည်။ ဂဏန်းတတ်သူများ၏ အတတ်ပညာများအား ကျွမ်းကျင်သော ဂဏန်းတတ်သူ၊ လက်ချိုးရေတွက်တတ်သူများ၏ အတတ်ပညာများအား လက်ချိုးရေတွက်သူတို့ အပြင် တစ်ပါးမကများလှစွာသော အတတ်ပညာရှင်တို့သည် (ဤလောက၌) တည်ရှိနေပါပေ၏။

ထိုသူများသည် မိမိသိမြင်အပ်ပြီးသောအတတ်ပညာများတို့ အား အသုံးချပြီး မျက်မှောက်ဘဝ၌ပင် မိမိအသက်အားရှည်စေကုန်၏။ မိမိ၏ကိုယ်ခန္ဓာအား ချမ်းသာစေကုန်၏။ မိမိ၏ ခွန်အားစွမ်းရည်တို့အား တိုးတက်စေကုန်၏။ မိဘတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး မိဘတို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။  သားသမီးတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး သားသမီးတို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ မိတ်ဆွေတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး မိတ်ဆွေ တို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ အထက်ဘုံနှင့်နတ်ပြည်သို့ ရောက်စေတတ်သောအကျိုးအားဖြစ်စေတတ်သော  မွန်မြတ်အကျိုးအားလည်း ပေးစွမ်းနိုင်သော အလှူကိုလည်း သမဏဗြာဟ္မဏတို့အားလည်းပေးလှူနိုင်သော အကျိုးကျေးဇူးများအား ရရှိ၏။

ထိုသို့ အတတ်ပညာရှင်သည် မိမိတို့အတတ်ပညာများဖြင့် မျက်မှောက်ဘဝ၌ အကျိုးရှိသကဲ့သို့  နိဗ္ဗာန်အကျိုးအားမျှော်မှန်း၍ ရဟန်းပြုသောသူများသည်လည်း မျက်မှောက်ဘဝ၌ ချက်ချင်းရရှိနိုင်သော ရဟန်းဖြစ်ခြင်း/ရဟန်းဝတ်ခြင်း၏ အကျိုးကျေးဇူးကို အကျွန်ုပ် အား ဟောပြခြင်းငှာ တတ်နိုင်ပါသလော အရှင်ဂေါသာလ”။

ဤသို့မေးသော် မက္ခလိဂေါသာလဆရာသည် အကျွန်ုပ်အား- “မင်းကြီး သတ္တဝါအပေါင်းတို့သည် ကိလေသာစသော တရားများကြောင့်ညစ်ညူးစရာ အကြောင်းနှင့်အကြောင်းရင်းအထောက်အပံ့သည်မရှိ။ သို့သော်လည်း သတ္တဝါအပေါင်းတို့သည် ကိလေသာစသောတရားများကြောင့် ညစ်ညူးနေကြ၏။

ထို့အတူ သတ္တဝါအပေါင်းတို့သည် ကိလေသာစသောတရားများမှ လွတ်မြောက်သန့်စင်ရန် အကြောင်းနှင့် အကြောင်းရင်းအထောက်အပံ့သည်မရှိ။ သို့သော်လည်း သတ္တဝါအပေါင်းတို့သည် ကိလေသာစသောတရားများမှ လွတ်မြောက်သန့်စင်ကြကုန်၏။

မိမိ၏ပြုလုပ်မှုသည်မရှိ၊ သူတစ်ပါးတို့ ပြုလုပ်ပေးမှုသည်မရှိ၊ ယောကျာ်းတို့၏ စွမ်းအားသည်မရှိ၊ ယောကျာ်းတို့၏အားထုတ်မှုသည်မရှိ။ အလုံးစုံသော သတ္တဝါများ၊ အလုံးစုံသော အသက်ရှုနေသည့်သတ္တဝါများ၊ အလုံးစုံသော ခန္ဓာကိုယ်အထင်အရှားရှိသည့် သတ္တဝါများ၊ အလုံးစုံသော သက်ရှိသတ္တဝါများ သည်လည်း အစွမ်းမရှိကုန်၊ ခွန်အားမရှိကုန်၊ လုံ့လဝီရိယမရှိကုန်၊ သဘာဝတရား၏အလိုအတိုင်း ဖြစ်မြဲဆုံစည်းကာ အမျိုးမျိုးဖြစ်ကုန်၍ ဇာတ်အထူးခြောက်မျိုးတို့၌သာလျှင် ဆင်းရဲချမ်းသာခြင်းအား ခံစားကြကုန်၏။

ဤတစ်သန်းလေးသိန်းခြောက်ထောင့်ခြောက်ရာသော အဓိက သတ္တဝါမျိုးများ ငါးရာသော ကံအမျိုးအစားများ၊ငါးပါးသောကံများ၊ သုံးပါးသော ကံများ ပြည့်၍များလှစွာသော ကံများ၊ ခြောက်ဆယ့်နှစ်ပါးသောအကျင့်အမျိုးမျိုး၊ ခြောက်ဆယ့်နှစ်ပါးသော အန္တရကပ်သက်တမ်းများ၊ ခြောက်မျိုးသေ, ဇာတ်အဆင့်အတန်းအထူးများ၊ ရှစ်မျိုးသော ယောကျာ်းအမျိုးအစားများ၊ လေးထောင့်ကိုးရာသောအသက်မွေးမှုလုပ်ငန်းများ၊  လေးထောင့်ကိုးရာသော ပရိဗိုဇ်မျိူးများ၊  လေးထောင့်ကိုးရာသော နဂါးတို့၏ ဘုံဌာနများ၊ဣန္ဒြေစောင့်ထိန်းမှုအမျိုးအစားပေါင်း နှစ်ထောင်တို့နှင့် ငရဲပေါင်းသုံးထောင်၊ မြူဓာတ်(တည်ရာ) သုံးဆယ့်ခြောက်မျိုး၊ ခုနှစ်မျိုးသော အမည်သညာရှိသည့် ပဋိသန္ဓေတည်ခြင်း၊ ခုနှစ်မျိုးသော အမည်သညာမရှိသော ပဋိသန္ဓေတည်ခြင်း၊ ခုနှစ်မျိုးသော ထပ်ပွားသည့် ပဋိသန္ဓေတည်ခြင်း၊ နတ်အမျိုးအစားပေါင်း ခုနှစ်မျိုး၊ လူအမျိုးအစားပေါင်း ခုနှစ်မျိုး၊ မြေဖုတ်ဘီလူးအမျိုးအစားပေါင်း ခုနှစ်မျိုး၊ အိုင်ကြီးခုနှစ်ခု၊ အဖုကြီးခုနှစ်ခု၊ အဖုငယ်ခုနှစ်ခု၊ ချောက်ကြီးခုနှစ်ခု၊ ချောက်ငယ်အခုခုနှစ်ရာ၊ အိပ်မက်ကြီးခုနှစ်ခု၊ ခုနှစ်ရာသောအိပ်မက်ငယ်များ ရှစ်သန်းလေးသိန်းသော မဟာကပ်သက်တမ်းများရှိကုန်၏။

ယင်း မဟာကပ်သက်တမ်းကာလပတ်လုံး လူမိုက်ဖြစ်စေ၊ ပညာရှိဖြစ်စေ တစ်ဘဝမှ တစ်ဘဝသို့ ပြေးသွားကျင်လည်၍ ဆင်းရဲပင်ပန်းစွာ မိမိတို့၏သက်တမ်းကာလအား ကုန်ဆုံးခြင်းကို ပြုကြသော်လည်း ဆင်းရဲခြင်းများသည်မကုန်ဆုံးပေ။

ယင်း မဟာကပ်သက်တမ်းကာလပတ်လုံး လူမိုက် သို့မဟုတ် ပညာရှိ တို့သည် ဆင်းရဲခပ်သိမ်းများကုန်ဆုံးရန်အတွက် သီလများ၊ကျင့်ဝတ်ထူးများ၊ ခြိုးခြံမှုအကျင့်များ၊ မြတ်သောအကျင့်များအား ကျင့်ကြံခြင်းပြုကြသော်လည်း ဆင်းရဲခြင်းများသည်မကုန်ဆုံးပေ။

ချမ်းသာခြင်းနှင့်ဆင်းရဲခြင်းတို့သည် စရွတ်တောင်းဖြင့် ခြင်ထားပြီးသကဲ့သို့ အတိုင်းအတာအပိုင်းအခြားသတ်မှတ်ပြီးသားဖြစ်၏။ သံသရာသည် အပိုင်းအခြားကာလအကန့်အသတ်ပိုင်းခြားထားပြီးသားဖြစ်၏။ အတိုး အဆုတ် မရှိ၊ အလွန်အယုတ် မရှိ၊ ချည်လုံးသည် သူ့တွင်ရှိသော ချည်မျှင်များအရေအတွက်မျှသာ ပြေးနိုင်သကဲ့သို့ ဤအတူ လူမိုက်ဖြစ်စေ၊ ပညာရှိဖြစ်စေ တစ်ဘဝမှ တစ်ဘဝသို့ ပြေးသွားကျင်လည်၍ ဆင်းရဲပင်ပန်းကာ ပြီးဆုံးခြင်းကို ပြုကြလတ္တံ့”ဟူ၍ ဖြေဆိုပြောပါ၏။

အဇာတသတ်မင်း- “အရှင်ဘုရား။ အကျွန်ုပ်သည် ကိုယ်တိုင် မျက်မှောက်ဘဝ၌ ချက်ချင်းသိမြင်ရသော ရဟန်းဖြစ်ခြင်းအကျိုးအား မေးနေပါလျက် မက္ခလိဂေါသာလဆရာသည်  သရက်ပင်သည် အဘယ်အရပ်မှာ ရှိပါသနည်း ဟုမေးပါလျက် တောင်ပိန္နဲပင်၏နေရာကိုသာ ဖြေ၍လမ်းညွှန်းနေသကဲ့သို့၊ တောင်ပိန္နဲပင်၏နေရာကိုသာမေးနေပါလျက်နှင့် သရက်ပင်၏နေရာကိုသာဖြေကြားသကဲ့သို့ သူ၏သံသရာမှ စင်ကြယ်ခြင်း အယူဝါဒကို သာဖြေကြားပါ၏။

ထိုအခါတပည့်တော်သည်”ငါကဲ့သို့သောမာဂဓပြည့်ရှင် သည် ငါ့နိုင်ငံအတွင်း၌ နေသော ဤသမဏဗြာဟ္မဏအား  အဘယ်ကြောင့် ပြစ်တင်ကြိမ်းမောင်းသင့်သည်ဟု တွေးမိသနည်း ဟု အကြံဖြစ်မိပါ၏။

အရှင်ဘုရား ။ အကျွန်ုပ်သည် မက္ခလိဂေါသာလ ပြောသောစကားအား သဘောလည်းမကျ ပယ်လည်းမပယ်ခဲ့ပါ။ ဝေဖန်ဆုံးဖြတ်ရခက်သော မက္ခလိဂေါသာလ စကားကြောင့် နှလုံးမသာယာဖြစ်ခဲ့ပါသော်လည်း နှလုံးမသာမယာဖြစ်စေသော စကားဆိုးအား လည်း ပြန်မပြောခဲ့သည့်အပြင် မက္ခလိဂေါသာလ၏စကားကိုလည်း မိမိအယူအဖြစ် လက်ခံကာ နာယူမှတ်သားခြင်းမပြုဘဲ ထပြီး ပြန်ခဲ့ပါ၏။

၃။ အဇိတကေသကမ္ဗလ၏ အယူဝါဒ

အဇာတသတ်မင်း-“အရှင်ဘုရား။  အခါတစ်ပါး၌ အကျွန်ုပ်သည် မက္ခလိဂေါသာလ ထံသို့ ချဉ်းကပ်ပြီး  ပူရာဏကဿပနှင့်အတူ ဝမ်းမြောက်ဝမ်းသာစွာဖြင့် စကားစမြည်းများ ပြောဆိုပါ၏။ ထိုသို့ပြောဆိုပြီးနောက် တစ်ခုသောနေရာ၌ အတူထိုင်၍ အဇိတကေသကမ္ဗလအား ဤမေးခွန်းကို ဤသို့မေးဖူးပါ၏။

အဇာတသတ်မင်း–“ အရှင် အဇိတကေသကမ္ဗလ ။ဆင်စီးစစ်သည်အတတ်, မြင်းစီးသူရဲအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ ,လေးအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ, အောင်လံကိုင်စစ်သည်များ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ, တစ်ဖက်စစ်တပ်သို့ဝင်၍ ရန်သူ့ဦးခေါင်းများကို  အတုံးအတစ် ဖြတ်တောက်ခြင်းအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ စစ်၌ ထူးချွန်ကျော်စောသောမင်းများ၏အတတ်ပညာအားကျွမ်းကျင်သောဘုရင်များ၊ပြေးနှုန်အမြန်ဖြင့်စစ်ထိုးစစ်တိုက်နိုင်သူများ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊  ဆင်ပြောင်ကြီးကဲ့သို့သော သူရဲများ၏ အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ လွန်စွာ ရဲရင့်သူများ၏ အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ချပ်ဝတ်သူရဲများ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ကျွန်ယုံတော်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ကျွန်တော်၊ ထမင်းချက်သူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ထမင်းချက်၊ ဆတ္တာသည်ဆံသသူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ဆတ္တာသည်၊ ရေချိုးပေးသူများအတတ်ပညာများအား ကျွမ်းကျင်သော ရေချိုးပေးသူ၊ စဖိုသည်များအတတ်ပညာများအား ကျွမ်းကျင်သော စဖိုသည် ၊ ပန်းကုံးကုံးသူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ပန်းကုံးသူ၊ ခဝါသည်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ခဝါသည်၊ ရက်ကန်းသည်များ ၏အတတ်ပညာများအား ကျွမ်းကျင်သော ခဝါသည်၊ ကျုထရံသည်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ကျုထရံသည်၊ အိုးထိန်းသည်များ၏ အတတ်ပညာများအား ကျွမ်းကျင်သော အိုးထိန်းသည်။ ဂဏန်းတတ်သူများ၏ အတတ်ပညာများအား ကျွမ်းကျင်သော ဂဏန်းတတ်သူ၊ လက်ချိုးရေတွက်တတ်သူများ၏ အတတ်ပညာများအား လက်ချိုးရေတွက်သူတို့ အပြင် တစ်ပါးမကများလှစွာသော အတတ်ပညာရှင်တို့သည် (ဤလောက၌) တည်ရှိနေပါပေ၏။

ထိုသူများသည် မိမိသိမြင်အပ်ပြီးသောအတတ်ပညာများတို့ အား အသုံးချပြီး မျက်မှောက်ဘဝ၌ပင် မိမိအသက်အားရှည်စေကုန်၏။ မိမိ၏ကိုယ်ခန္ဓာအား ချမ်းသာစေကုန်၏။ မိမိ၏ ခွန်အားစွမ်းရည်တို့အား တိုးတက်စေကုန်၏။ မိဘတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး မိဘတို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။  သားသမီးတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး သားသမီးတို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ မိတ်ဆွေတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး မိတ်ဆွေ တို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ အထက်ဘုံနှင့်နတ်ပြည်သို့ ရောက်စေတတ်သောအကျိုးအားဖြစ်စေတတ်သော  မွန်မြတ်အကျိုးအားလည်း ပေးစွမ်းနိုင်သော အလှူကိုလည်း သမဏဗြာဟ္မဏတို့အားလည်းပေးလှူနိုင်သော အကျိုးကျေးဇူးများအား ရရှိ၏။

ထိုသို့ အတတ်ပညာရှင်သည် မိမိတို့အတတ်ပညာများဖြင့် မျက်မှောက်ဘဝ၌ အကျိုးရှိသကဲ့သို့  နိဗ္ဗာန်အကျိုးအားမျှော်မှန်း၍ ရဟန်းပြုသောသူများသည်လည်း မျက်မှောက်ဘဝ၌ ချက်ချင်းရရှိနိုင်သော ရဟန်းဖြစ်ခြင်း/ရဟန်းဝတ်ခြင်း၏ အကျိုးကျေးဇူးကို အကျွန်ုပ် အား ဟောပြခြင်းငှာ တတ်နိုင်ပါသလော အရှင် အဇိတ”။

ဤသို့မေးသော် အဇိတကေသကမ္ဗလ ဆရာသည် အကျွန်ုပ်အား- “မင်းကြီး။ လှူဒါန်းပေးကမ်းခြင်းသည် အကျိုးမရှိ။ ယဇ်ပူဇော်ခြင်းနှင့် ဟုံးမီး(ယဇ်မီး)ပူဇော်ခြင်းတို့သည်လည်းအကျိုးမရှိ။ ဤလောကသည်လည်း မရှိ။ အခြားတစ်ပါးသောလောကသည်လည်း ရှိလိမ့်မည်မဟုတ်။အရိယာနွယ်ဝင်သူတော်စင်လည်းဖြစ်၍ ကိုယ်ပိုင် ဉာဏ်အထူးဖြင့် ဟောကြားနိုင်သော ပညာရှိပြီး ကောင်းမွန်သောအကျင့်အားကျင့်ကြံပြီးသူ သမဏဗြာဟ္မဏတို့သည်လည်း ဤလောက၌ မရှိကုန်။

သတ္တဝါတို့သည်မြေ၊ရေလေ၊မီးဟူသော မဟာဘုတ်လေးပါး  ပေါင်းစည်းထားသောအစုအဝေးကြီးပင်ဖြစ်ကြကုန်၏။ သတ္တဝါတို့သည် သေလွန်သောအခါ သတ္တဝါတို့ ၏မြေဓာတ်နှင့်ဆိုင်သောအရာများသည် ပင်မမြေဓာတ်အစုနှင့် ပေါင်းစည်းပြီး ရေဓာတ်နှင့်ဆိုင်သောအရာများသည် ပင်မရေဓာတ်အစုနှင့်ပေါင်းစည်း၍ မီးဓာတ်နှင့်ဆိုင်သောအရာများနှင့် ပင်မမီးဓာတ်အစုနှင့် ပေါင်းစည်းကာ လေဓာတ်နှင့် သက်ဆိုင်သော အရာများသည် ပင်မလေဓာတ်နှင့်ပေါင်းစည်း၏။

သတ္တဝါတို့သည် သေလွန်လေပြီး ကျန်သော အလောင်ကောင်ကို ယောကျာ်းသားငါးဦးတို့သည် ညောင်စောင်းနှင့် သယ်ယူကာ သုဿန်သို့ ပို့ဆောင်၍ ပစ်ထားလေ၏။ သူလေအလောင်း ပျက်စီးလေသော် ခိုအဆင်းရှိသောအရိုးများပေါ်လာ၏။

လှူဒါန်းခြင်းစသော ကိစ္စရပ်များသည် လူသေအလောင်းအား မီးရှို့သောအခါ ကြွင်းကျန်သော ပြာကဲ့သို့ အကျိုးမရှိ။ အလှူပေးခြင်းစသော ဒါနကို လူမိုက်တို့ကသာ သတ်မှတ်ပညတ်ကြ၏။ အချို့သူတို့သည် လှူဒါန်းပေးကမ်းခြင်းသည် အကျိုးရှိ၏ ဟူသော ဝါဒ အား လက်ကိုင်၍ ဟောပြောလေ့ရှိပြီး ထိုဟောပြောချက်များသည် အကျိုးမရှိ၊ မှားယွင်းပြီး ယောင်ယမ်း၍ လျှောက်ပြောသောစကားမျှသာဖြစ်၏။ 

လောက၌ လူမိုက် သို့မဟုတ် ပညာရှိ တို့သည် ခန္ဓာကိုယ် ပျက်စီးပြတ်စဲသေဆုံးပြီးနောက် နောင်တဖန်ပြန်လည်မွေးဖွားအသက်ရှင်ရခြင်း(ဘဝ)သည် မရှိ။

”ဟူ၍ ဖြေဆိုပြောပါ၏။

အဇာတသတ်မင်း- “အရှင်ဘုရား။ အကျွန်ုပ်သည် ကိုယ်တိုင် မျက်မှောက်ဘဝ၌ ချက်ချင်းသိမြင်ရသော ရဟန်းဖြစ်ခြင်းအကျိုးအား မေးနေပါလျက် အဇိတကေသကမ္ဗလ ဆရာသည်  သရက်ပင်သည် အဘယ်အရပ်မှာ ရှိပါသနည်း ဟုမေးပါလျက် တောင်ပိန္နဲပင်၏နေရာကိုသာ ဖြေ၍လမ်းညွှန်းနေသကဲ့သို့၊ တောင်ပိန္နဲပင်၏နေရာကိုသာမေးနေပါလျက်နှင့် သရက်ပင်၏နေရာကိုသာဖြေကြားသကဲ့သို့ သူ၏ပြတ်စဲခြင်းဗလာနတ္ထိဝါဒကိုသာ ပြန်လည်ဖြေကြားပါ၏။

ထိုအခါတပည့်တော်သည် “ငါကဲ့သို့သောမာဂဓပြည့်ရှင် သည် ငါ့နိုင်ငံအတွင်း၌ နေသော ဤသမဏဗြာဟ္မဏအား  အဘယ်ကြောင့် ပြစ်တင်ကြိမ်းမောင်းသင့်သည်ဟု တွေးမိသနည်း” ဟု အကြံဖြစ်မိပါ၏။

အရှင်ဘုရား ။ အကျွန်ုပ်သည် အဇိတကေသကမ္ဗလ ပြောသောစကားအား သဘောလည်းမကျ ပယ်လည်းမပယ်ခဲ့ပါ။ ဝေဖန်ဆုံးဖြတ်ရခက်သော အဇိတကေသကမ္ဗလ စကားကြောင့် နှလုံးမသာယာဖြစ်ခဲ့ပါသော်လည်း နှလုံးမသာမယာဖြစ်စေသော စကားဆိုးအား လည်း မပြောခဲ့သည့်အပြင် အဇိတကေသကမ္ဗလ ၏စကားကိုလည်း မိမိအယူအဖြစ် လက်ခံကာ နာယူမှတ်သားခြင်းမပြုဘဲ ထပြီး ပြန်ခဲ့ပါ၏။”

၄။ ပကုဓကစ္စာယန ၏ အယူဝါဒ

အဇာတသတ်မင်း-“အရှင်ဘုရား။  အခါတစ်ပါး၌ အကျွန်ုပ်သည် ပကုဓကစ္စာယန ထံသို့ ချဉ်းကပ်ပြီး  ပူရာဏကဿပနှင့်အတူ ဝမ်းမြောက်ဝမ်းသာစွာဖြင့် စကားစမြည်းများ ပြောဆိုပါ၏။ ထိုသို့ပြောဆိုပြီးနောက် တစ်ခုသောနေရာ၌ အတူထိုင်၍ ပကုဓကစ္စာယန အား ဤမေးခွန်းကို ဤသို့မေးဖူးပါ၏။

အဇာတသတ်မင်း–“ အရှင်ပကုဓကစ္စာယန ။ဆင်စီးစစ်သည်အတတ်, မြင်းစီးသူရဲအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ ,လေးအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ, အောင်လံကိုင်စစ်သည်များ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ, တစ်ဖက်စစ်တပ်သို့ဝင်၍ ရန်သူ့ဦးခေါင်းများကို  အတုံးအတစ် ဖြတ်တောက်ခြင်းအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ စစ်၌ ထူးချွန်ကျော်စောသောမင်းများ၏အတတ်ပညာအားကျွမ်းကျင်သောဘုရင်များ၊ပြေးနှုန်အမြန်ဖြင့်စစ်ထိုးစစ်တိုက်နိုင်သူများ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊  ဆင်ပြောင်ကြီးကဲ့သို့သော သူရဲများ၏ အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ လွန်စွာ ရဲရင့်သူများ၏ အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ချပ်ဝတ်သူရဲများ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ကျွန်ယုံတော်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ကျွန်တော်၊ ထမင်းချက်သူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ထမင်းချက်၊ ဆတ္တာသည်ဆံသသူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ဆတ္တာသည်၊ ရေချိုးပေးသူများအတတ်ပညာများအား ကျွမ်းကျင်သော ရေချိုးပေးသူ၊ စဖိုသည်များအတတ်ပညာများအား ကျွမ်းကျင်သော စဖိုသည် ၊ ပန်းကုံးကုံးသူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ပန်းကုံးသူ၊ ခဝါသည်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ခဝါသည်၊ ရက်ကန်းသည်များ ၏အတတ်ပညာများအား ကျွမ်းကျင်သော ခဝါသည်၊ ကျုထရံသည်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ကျုထရံသည်၊ အိုးထိန်းသည်များ၏ အတတ်ပညာများအား ကျွမ်းကျင်သော အိုးထိန်းသည်။ ဂဏန်းတတ်သူများ၏ အတတ်ပညာများအား ကျွမ်းကျင်သော ဂဏန်းတတ်သူ၊ လက်ချိုးရေတွက်တတ်သူများ၏ အတတ်ပညာများအား လက်ချိုးရေတွက်သူတို့ အပြင် တစ်ပါးမကများလှစွာသော အတတ်ပညာရှင်တို့သည် (ဤလောက၌) တည်ရှိနေပါပေ၏။

ထိုသူများသည် မိမိသိမြင်အပ်ပြီးသောအတတ်ပညာများတို့ အား အသုံးချပြီး မျက်မှောက်ဘဝ၌ပင် မိမိအသက်အားရှည်စေကုန်၏။ မိမိ၏ကိုယ်ခန္ဓာအား ချမ်းသာစေကုန်၏။ မိမိ၏ ခွန်အားစွမ်းရည်တို့အား တိုးတက်စေကုန်၏။ မိဘတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး မိဘတို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။  သားသမီးတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး သားသမီးတို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ မိတ်ဆွေတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး မိတ်ဆွေ တို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ အထက်ဘုံနှင့်နတ်ပြည်သို့ ရောက်စေတတ်သောအကျိုးအားဖြစ်စေတတ်သော  မွန်မြတ်အကျိုးအားလည်း ပေးစွမ်းနိုင်သော အလှူကိုလည်း သမဏဗြာဟ္မဏတို့အားလည်းပေးလှူနိုင်သော အကျိုးကျေးဇူးများအား ရရှိ၏။

ထိုသို့ အတတ်ပညာရှင်သည် မိမိတို့အတတ်ပညာများဖြင့် မျက်မှောက်ဘဝ၌ အကျိုးရှိသကဲ့သို့  နိဗ္ဗာန်အကျိုးအားမျှော်မှန်း၍ ရဟန်းပြုသောသူများသည်လည်း မျက်မှောက်ဘဝ၌ ချက်ချင်းရရှိနိုင်သော ရဟန်းဖြစ်ခြင်း/ရဟန်းဝတ်ခြင်း၏ အကျိုးကျေးဇူးကို အကျွန်ုပ် အား ဟောပြခြင်းငှာ တတ်နိုင်ပါသလော အရှင်ပကုဓကစ္စာယန”။

ဤသို့မေးသော် ပကုဓကစ္စာယန ဆရာသည် အကျွန်ုပ်အား- “မင်းကြီး။ (၁)မြေအစု၊(၂)ရေအစု၊ (၃)မီးအစု၊ (၄)လေအစု၊ (၅)ချမ်းသာ၊(၆)ဆင်းရဲ နှင့် (၇)ရှင်သန်မှုရှိသော အသက် ဟူသော ခုနှစ်ပါးသည် ပြုလုပ်ထားသည်မဟုတ်၊ စေခိုင်းခြင်းပြုလုပ်ထားခြင်းဖြင့် ရရှိသောအရာလည်းမဟုတ်၊ ဖန်ဆင်းထားသည်လည်းမဟုတ် ၊ ဓာတ်ပြုခြင်းမရှိ(မြုံနေ၏)၊  တောင်များ၏ ထိပ်ပိုင်းနှင့်  ခိုင်မြဲသောတံခါးတို့ကဲ့သို့ တည်ငြိမ်နေ၏။ ထို့ကြောင့် ဤခုနှစ်ပါးအစုတို့ပေါင်းစည်းသောကြောင့် ဖြစ်ပေါ်လာသည့် သတ္တဝါများသည် တုန်လှုပ်ဖောက်ပြန်ခြင်းမရှိ၊ အချင်းချင်း နာကျင်ထိခိုက်စေရန်အတွက် လည်းကောင်း၊ ဆင်းရဲစေရန်အတွက်လည်းကောင်း၊ ချမ်းသာစေရန်အတွက်လည်းကောင်း၊ ဆင်းရဲချမ်းသာစေရန်အတွက်လည်းကောင်း ပြုလုပ်ခြင်းငှာမတတ်နိုင်။ ထိုခုနှစ်ပါးအစုတို့ဖြင့် ဖန်တီးထားသော သတ္တဝါများအား သတ်နိုင်သူ၊ သတ်ရန်စေခိုင်းနိုင်သူ၊ ကြားနိုင်သူ၊ကြားနိုင်စေသူ၊ သိနိုင်သူ ၊သိရန်စေခိုင်းသူ ဟူ၍ မရှိကုန်၊ ထက်စွာသော လက်နက်ဖြင့် ထိုသတ္တဝါ၏ဦးခေါင်းကို ဖြတ်စေကာမူ သူ့အသက်သတ်သောလုပ်ရပ်ဟု မသတ်မှတ်နိုင်၊ အဘယ်ကြောင့်ဆိုသော် လက်နက်သည် ထိုခုနှစ်ပါးသောအစုတို့ဖြင့် ဖန်တီးထားခြင်းအား ကွာဟခြင်းမျှသာပြုနိုင်သောကြောင့်ဖြစ်၏

”ဟူ၍ ဖြေဆိုပြောပါ၏။

အဇာတသတ်မင်း- “အရှင်ဘုရား။ အကျွန်ုပ်သည် ကိုယ်တိုင် မျက်မှောက်ဘဝ၌ ချက်ချင်းသိမြင်ရသော ရဟန်းဖြစ်ခြင်းအကျိုးအား မေးနေပါလျက် ပကုဓကစ္စာယန ဆရာသည်  သရက်ပင်သည် အဘယ်အရပ်မှာ ရှိပါသနည်း ဟုမေးပါလျက် တောင်ပိန္နဲပင်၏နေရာကိုသာ ဖြေ၍လမ်းညွှန်းနေသကဲ့သို့၊ တောင်ပိန္နဲပင်၏နေရာကိုသာမေးနေပါလျက်နှင့် သရက်ပင်၏နေရာကိုသာဖြေကြားသကဲ့သို့ အကြောင်းအရာတစ်ခုကို အခြားအကြောင်းအရာအစားထိုး၍ သာဖြေကြားပါ၏။

ထိုအခါတပည့်တော်သည်”ငါကဲ့သို့သောမာဂဓပြည့်ရှင် သည် ငါ့နိုင်ငံအတွင်း၌ နေသော ဤသမဏဗြာဟ္မဏအား  အဘယ်ကြောင့် ပြစ်တင်ကြိမ်းမောင်းသင့်သည်ဟု တွေးမိသနည်း ဟု အကြံဖြစ်မိပါ၏။

အရှင်ဘုရား ။ အကျွန်ုပ်သည် ပကုဓကစ္စာယန ပြောသောစကားအား သဘောလည်းမကျ ပယ်လည်းမပယ်ခဲ့ပါ။ ဝေဖန်ဆုံးဖြတ်ရခက်သော ပကုဓကစ္စာယန စကားကြောင့် နှလုံးမသာယာဖြစ်ခဲ့ပါသော်လည်း နှလုံးမသာမယာဖြစ်စေသော စကားဆိုးအား လည်း မပြောခဲ့သည့်အပြင် ပကုဓကစ္စာယန၏စကားကိုလည်း မိမိအယူအဖြစ် လက်ခံကာ နာယူမှတ်သားခြင်းမပြုဘဲ ထပြီး ပြန်ခဲ့ပါ၏။

၅။ နိဂဏ္ဍနာဋပုတ္တ ၏ အယူဝါဒ

အဇာတသတ်မင်း-“အရှင်ဘုရား။  အခါတစ်ပါး၌ အကျွန်ုပ်သည် နိဂဏ္ဍနာဋပုတ္တ ထံသို့ ချဉ်းကပ်ပြီး  ပူရာဏကဿပနှင့်အတူ ဝမ်းမြောက်ဝမ်းသာစွာဖြင့် စကားစမြည်းများ ပြောဆိုပါ၏။ ထိုသို့ပြောဆိုပြီးနောက် တစ်ခုသောနေရာ၌ အတူထိုင်၍ နိဂဏ္ဍနာဋပုတ္တ အား ဤမေးခွန်းကို ဤသို့မေးဖူးပါ၏။

အဇာတသတ်မင်း–“ အရှင်အဂ္ဂိဝေဿနာ(နိဂဏ္ဍ၏မျိုးနွယ်အမည်) ။ဆင်စီးစစ်သည်အတတ်, မြင်းစီးသူရဲအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ ,လေးအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ, အောင်လံကိုင်စစ်သည်များ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ, တစ်ဖက်စစ်တပ်သို့ဝင်၍ ရန်သူ့ဦးခေါင်းများကို  အတုံးအတစ် ဖြတ်တောက်ခြင်းအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ စစ်၌ ထူးချွန်ကျော်စောသောမင်းများ၏အတတ်ပညာအားကျွမ်းကျင်သောဘုရင်များ၊ပြေးနှုန်အမြန်ဖြင့်စစ်ထိုးစစ်တိုက်နိုင်သူများ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊  ဆင်ပြောင်ကြီးကဲ့သို့သော သူရဲများ၏ အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ လွန်စွာ ရဲရင့်သူများ၏ အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ချပ်ဝတ်သူရဲများ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ကျွန်ယုံတော်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ကျွန်တော်၊ ထမင်းချက်သူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ထမင်းချက်၊ ဆတ္တာသည်ဆံသသူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ဆတ္တာသည်၊ ရေချိုးပေးသူများအတတ်ပညာများအား ကျွမ်းကျင်သော ရေချိုးပေးသူ၊ စဖိုသည်များအတတ်ပညာများအား ကျွမ်းကျင်သော စဖိုသည် ၊ ပန်းကုံးကုံးသူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ပန်းကုံးသူ၊ ခဝါသည်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ခဝါသည်၊ ရက်ကန်းသည်များ ၏အတတ်ပညာများအား ကျွမ်းကျင်သော ခဝါသည်၊ ကျုထရံသည်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ကျုထရံသည်၊ အိုးထိန်းသည်များ၏ အတတ်ပညာများအား ကျွမ်းကျင်သော အိုးထိန်းသည်။ ဂဏန်းတတ်သူများ၏ အတတ်ပညာများအား ကျွမ်းကျင်သော ဂဏန်းတတ်သူ၊ လက်ချိုးရေတွက်တတ်သူများ၏ အတတ်ပညာများအား လက်ချိုးရေတွက်သူတို့ အပြင် တစ်ပါးမကများလှစွာသော အတတ်ပညာရှင်တို့သည် (ဤလောက၌) တည်ရှိနေပါပေ၏။

ထိုသူများသည် မိမိသိမြင်အပ်ပြီးသောအတတ်ပညာများတို့ အား အသုံးချပြီး မျက်မှောက်ဘဝ၌ပင် မိမိအသက်အားရှည်စေကုန်၏။ မိမိ၏ကိုယ်ခန္ဓာအား ချမ်းသာစေကုန်၏။ မိမိ၏ ခွန်အားစွမ်းရည်တို့အား တိုးတက်စေကုန်၏။ မိဘတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး မိဘတို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။  သားသမီးတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး သားသမီးတို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ မိတ်ဆွေတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး မိတ်ဆွေ တို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ အထက်ဘုံနှင့်နတ်ပြည်သို့ ရောက်စေတတ်သောအကျိုးအားဖြစ်စေတတ်သော  မွန်မြတ်အကျိုးအားလည်း ပေးစွမ်းနိုင်သော အလှူကိုလည်း သမဏဗြာဟ္မဏတို့အားလည်းပေးလှူနိုင်သော အကျိုးကျေးဇူးများအား ရရှိ၏။

ထိုသို့ အတတ်ပညာရှင်သည် မိမိတို့အတတ်ပညာများဖြင့် မျက်မှောက်ဘဝ၌ အကျိုးရှိသကဲ့သို့  နိဗ္ဗာန်အကျိုးအားမျှော်မှန်း၍ ရဟန်းပြုသောသူများသည်လည်း မျက်မှောက်ဘဝ၌ ချက်ချင်းရရှိနိုင်သော ရဟန်းဖြစ်ခြင်း/ရဟန်းဝတ်ခြင်း၏ အကျိုးကျေးဇူးကို အကျွန်ုပ် အား ဟောပြခြင်းငှာ တတ်နိုင်ပါသလော အရှင်အဂ္ဂိဝေသာန”။

ဤသို့မေးသော် နိဂဏ္ဍနာဋပုတ္တ ဆရာသည် အကျွန်ုပ်အား- “မင်းကြီး ဤလောက၌ နိဂဏ္ဍသည်  အလုံးစုံသော ရေအေးကို တားမြစ်၏။ မကောင်းမှုကိုလည်း အလုံးစုံတားမြစ်၏၊ မကောင်းမှု အလုံးစုံကို တားမြစ်ခြင်းဖြင့် မကောင်းမှုကိုပယ်ခွာပြီး၏ ၊ မကောင်းမှုကို အလုံးစုံသောတားမြစ်ခြင်းများဖြင့် သတ်မှတ်သဖြင့် လွတ်မြောက်ရာကို တွေပြီးသည်လည်းဖြစ်၏  ဟူသော စောင့်ထိန်းမှုလေးမျိုးဖြင့် မကောင်းမှုများအား စောင့်ထိန်းခြင်းဖြင့် စောင့်ထိန်းပြီးသော နိဂဏ္ဍနာဋပုတ္တ မည်သော အကျွန်ုပ်အား ဉာဏ်ပညာအထွတ်အထိပ်ရောက်ပြီးသူ၊ စောင့်ထိန်းသော သဘောအားလက်ကိုင်သူ၊ တည်ကြည်မှုရှိသူဟု ခေါ်ဆိုသတ်မှတ်အပ်၏ ”ဟူ၍ ဖြေဆိုပြောပါ၏။

အဇာတသတ်မင်း- “အရှင်ဘုရား။ အကျွန်ုပ်သည် ကိုယ်တိုင် မျက်မှောက်ဘဝ၌ ချက်ချင်းသိမြင်ရသော ရဟန်းဖြစ်ခြင်းအကျိုးအား မေးနေပါလျက် နိဂဏ္ဍနာဋပုတ္တ ဆရာသည်  သရက်ပင်သည် အဘယ်အရပ်မှာ ရှိပါသနည်း ဟုမေးပါလျက် တောင်ပိန္နဲပင်၏နေရာကိုသာ ဖြေ၍လမ်းညွှန်းနေသကဲ့သို့၊ တောင်ပိန္နဲပင်၏နေရာကိုသာမေးနေပါလျက်နှင့် သရက်ပင်၏နေရာကိုသာဖြေကြားသကဲ့သို့ သူ၏စောင့်ထိန်းခြင်းအယူဝါဒကို သာဖြေကြားပါ၏။

ထိုအခါတပည့်တော်သည်”ငါကဲ့သို့သောမာဂဓပြည့်ရှင် သည် ငါ့နိုင်ငံအတွင်း၌ နေသော ဤသမဏဗြာဟ္မဏအား  အဘယ်ကြောင့် ပြစ်တင်ကြိမ်းမောင်းသင့်သည်ဟု တွေးမိသနည်း ဟု အကြံဖြစ်မိပါ၏။

အရှင်ဘုရား ။ အကျွန်ုပ်သည် နိဂဏ္ဍနာဋပုတ္တ ပြောသောစကားအား သဘောလည်းမကျ ပယ်လည်းမပယ်ခဲ့ပါ။ ဝေဖန်ဆုံးဖြတ်ရခက်သော နိဂဏ္ဍနာဋပုတ္တ စကားကြောင့် နှလုံးမသာယာဖြစ်ခဲ့ပါသော်လည်း နှလုံးမသာမယာဖြစ်စေသော စကားဆိုးအား လည်း မပြောခဲ့သည့်အပြင် နိဂဏ္ဍနာဋပုတ္တ၏စကားကိုလည်း မိမိအယူအဖြစ် လက်ခံကာ နာယူမှတ်သားခြင်းမပြုဘဲ ထပြီး ပြန်ခဲ့ပါ၏။

၆။ သဉ္စယဗေလဋ္ဌပုတ္တ ၏ အယူဝါဒ

အဇာတသတ်မင်း-“အရှင်ဘုရား။  အခါတစ်ပါး၌ အကျွန်ုပ်သည် သဉ္စယဗေလဋ္ဌပုတ္တ ထံသို့ ချဉ်းကပ်ပြီး  သဉ္စယဗေလဋ္ဌပုတ္တ နှင့်အတူ ဝမ်းမြောက်ဝမ်းသာစွာဖြင့် စကားစမြည်းများ ပြောဆိုပါ၏။ ထိုသို့ပြောဆိုပြီးနောက် တစ်ခုသောနေရာ၌ အတူထိုင်၍ သဉ္စယဗေလဋ္ဌပုတ္တ အား ဤမေးခွန်းကို ဤသို့မေးဖူးပါ၏။

အဇာတသတ်မင်း–“ အရှင် သဉ္စယဗေလဋ္ဌပုတ္တ ။ဆင်စီးစစ်သည်အတတ်, မြင်းစီးသူရဲအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ ,လေးအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ, အောင်လံကိုင်စစ်သည်များ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ, တစ်ဖက်စစ်တပ်သို့ဝင်၍ ရန်သူ့ဦးခေါင်းများကို  အတုံးအတစ် ဖြတ်တောက်ခြင်းအတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ စစ်၌ ထူးချွန်ကျော်စောသောမင်းများ၏အတတ်ပညာအားကျွမ်းကျင်သောဘုရင်များ၊ပြေးနှုန်အမြန်ဖြင့်စစ်ထိုးစစ်တိုက်နိုင်သူများ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊  ဆင်ပြောင်ကြီးကဲ့သို့သော သူရဲများ၏ အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ လွန်စွာ ရဲရင့်သူများ၏ အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ချပ်ဝတ်သူရဲများ၏အတတ်ပညာအားကျွမ်းကျင်သောစစ်သူရဲ၊ ကျွန်ယုံတော်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ကျွန်တော်၊ ထမင်းချက်သူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ထမင်းချက်၊ ဆတ္တာသည်ဆံသသူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ဆတ္တာသည်၊ ရေချိုးပေးသူများအတတ်ပညာများအား ကျွမ်းကျင်သော ရေချိုးပေးသူ၊ စဖိုသည်များအတတ်ပညာများအား ကျွမ်းကျင်သော စဖိုသည် ၊ ပန်းကုံးကုံးသူများ၏အတတ်ပညာများအား ကျွမ်းကျင်သော ပန်းကုံးသူ၊ ခဝါသည်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ခဝါသည်၊ ရက်ကန်းသည်များ ၏အတတ်ပညာများအား ကျွမ်းကျင်သော ခဝါသည်၊ ကျုထရံသည်များ၏အတတ်ပညာများအား ကျွမ်းကျင်သော ကျုထရံသည်၊ အိုးထိန်းသည်များ၏ အတတ်ပညာများအား ကျွမ်းကျင်သော အိုးထိန်းသည်။ ဂဏန်းတတ်သူများ၏ အတတ်ပညာများအား ကျွမ်းကျင်သော ဂဏန်းတတ်သူ၊ လက်ချိုးရေတွက်တတ်သူများ၏ အတတ်ပညာများအား လက်ချိုးရေတွက်သူတို့ အပြင် တစ်ပါးမကများလှစွာသော အတတ်ပညာရှင်တို့သည် (ဤလောက၌) တည်ရှိနေပါပေ၏။

ထိုသူများသည် မိမိသိမြင်အပ်ပြီးသောအတတ်ပညာများတို့ အား အသုံးချပြီး မျက်မှောက်ဘဝ၌ပင် မိမိအသက်အားရှည်စေကုန်၏။ မိမိ၏ကိုယ်ခန္ဓာအား ချမ်းသာစေကုန်၏။ မိမိ၏ ခွန်အားစွမ်းရည်တို့အား တိုးတက်စေကုန်၏။ မိဘတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး မိဘတို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။  သားသမီးတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး သားသမီးတို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ မိတ်ဆွေတို့၏ ကိုယ်ခန္ဓာတို့အား ချမ်းသာစေကုန်ပြီး မိတ်ဆွေ တို့၏ခွန်အားစွမ်းရည်တို့အားလည်း တိုးတက်စေနိုင်အောင် စောင့်ရှောက်နိုင်၏။ အထက်ဘုံနှင့်နတ်ပြည်သို့ ရောက်စေတတ်သောအကျိုးအားဖြစ်စေတတ်သော  မွန်မြတ်အကျိုးအားလည်း ပေးစွမ်းနိုင်သော အလှူကိုလည်း သမဏဗြာဟ္မဏတို့အားလည်းပေးလှူနိုင်သော အကျိုးကျေးဇူးများအား ရရှိ၏။

ထိုသို့ အတတ်ပညာရှင်သည် မိမိတို့အတတ်ပညာများဖြင့် မျက်မှောက်ဘဝ၌ အကျိုးရှိသကဲ့သို့  နိဗ္ဗာန်အကျိုးအားမျှော်မှန်း၍ ရဟန်းပြုသောသူများသည်လည်း မျက်မှောက်ဘဝ၌ ချက်ချင်းရရှိနိုင်သော ရဟန်းဖြစ်ခြင်း/ရဟန်းဝတ်ခြင်း၏ အကျိုးကျေးဇူးကို အကျွန်ုပ် အား ဟောပြခြင်းငှာ တတ်နိုင်ပါသလော အရှင် သဉ္စယဗေလဋ္ဌပုတ္တ”။

ဤသို့မေးသော် သဉ္စယဗေလဋ္ဌပုတ္တ ဆရာသည် အကျွန်ုပ်အား- “အခြားတစ်ပါးသော လောကထပ်ရှိသေးလောဟု သင် သည် ငါ့ကို မေးသော် တစ်ပါးသော လောကရှိ၏ဟု ငါအယူရှိခဲ့လျှင် တစ်ပါးသော လောကရှိ၏ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။

အခြားတစ်ပါးသောလောကများမရှိပါလော ဟုမေးလျှင်လည်း တစ်ပါးသော လောကမရှိဟု ငါအယူရှိခဲ့လျှင် တစ်ပါးသောလောကများမရှိဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။

အခြားတစ်ပါးသောလောကများသည်ရှိလည်းရှိမရှိလည်းမရှိပါလော ဟုမေးလျှင်လည်း တစ်ပါးသော လောကများရှိလည်းရှိ၏ ၊မရှိလည်းမရှိ၏ ဟု ငါအယူရှိခဲ့လျှင် တစ်ပါးသောလောကများရှိလည်းရှိ၏ မရှိလည်းမရှိ၏ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။

အခြားတစ်ပါးသောလောကများရှိသည်လည်းမဟုတ် ၊ မရှိသည်လည်းမဟုတ်ပါလော ဟုမေးလျှင်လည်း အခြားတစ်ပါးသောလောကများရှိသည်လည်းမဟုတ် ၊ မရှိသည်လည်းမဟုတ်သည် ကို မှန်၏ ဟု ငါအယူရှိခဲ့လျှင် အခြားတစ်ပါးသောလောကများရှိသည်လည်းမဟုတ် ၊ မရှိသည်လည်းမဟုတ်သည် ကိုမှန်၏ ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။

သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများ ရှိကုန်လောဟု သင် သည် ငါ့ကို မေးသော် သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများ ရှိ၏ဟု ငါအယူရှိခဲ့လျှင် သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများ ရှိ၏ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။

သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများ ရှိကုန်သလောဟု သင် သည် ငါ့ကို မေးသော် သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများ ရှိ၏ဟု ငါအယူရှိခဲ့လျှင် သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများ ရှိ၏ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။

သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများ မရှိကုန်လောဟု သင် သည် ငါ့ကို မေးသော် သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများ မရှိပါဟု ငါအယူရှိခဲ့လျှင် သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများ မရှိပါဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။

သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများသည် ရှိလည်းရှိ မရှိလည်းမရှိ ကုန်လောဟု သင် သည် ငါ့ကို မေးသော် သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများသည် ရှိလည်းရှိ မရှိလည်းမရှိ ကုန်၏ဟု ငါအယူရှိခဲ့လျှင် သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများသည် ရှိလည်းရှိ မရှိလည်းမရှိ ကုန်၏ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။

သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများ သည် ရှိသည်လည်းမဟုတ် ၊ မရှိသည်လည်းမဟုတ်ပါလော ဟုမေးလျှင်လည်း သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများ သည် ရှိသည်လည်းမဟုတ် ၊ မရှိသည်လည်းမဟုတ်ကို မှန်၏ ဟု ငါအယူရှိခဲ့လျှင် သေပြီးနောက် တစ်ဖန်ပြန်ပြီးဖြစ်ပေါ်သော သတ္တဝါများ သည် ရှိသည်လည်းမဟုတ် ၊ မရှိသည်လည်းမဟုတ်ကို မှန်၏ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။

ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် ရှိပါသလော ဟုမေးလျှင်လည်း ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် ရှိပါ၏ကို မှန်၏ ဟု ငါအယူရှိခဲ့လျှင် ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် ရှိပါ၏ကို မှန်၏ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။

ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် မရှိပါသလော ဟု ငါအယူရှိခဲ့လျှင် ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် မရှိပါကို မှန်၏ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။

ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် ရှိလည်းရှိ မရှိလည်းမရှိပါသလော ဟု ငါအယူရှိခဲ့လျှင်  ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် ရှိလည်းရှိ မရှိလည်းမရှိကို မှန်၏ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။

ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် ရှိသည်လည်းမဟုတ်၊ မရှိသည်လည်းမဟုတ်ပါသလော ဟု ငါအယူရှိခဲ့လျှင်  ကောင်းမှု မကောင်းမှုကံတို့၏ အကျိုးဝိပါက် ရှိသည်လည်းမဟုတ်၊ မရှိသည်လည်းမဟုတ်ကို မှန်၏ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။

သတ္တဝါများသည် သေပြီးနောက်၌ ဘဝများထပ်၍ ရှိကုန်လောဟု သင် သည် ငါ့ကို မေးသော် သတ္တဝါများသည် သေပြီးနောက်၌ ဘဝများထပ်၍ ရှိသေး၏ဟု ငါအယူရှိခဲ့လျှင် သတ္တဝါများသည် သေပြီးနောက်၌ ဘဝများထပ်၍ ရှိသေး၏ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။

သတ္တဝါများသည် သေပြီးနောက်၌ ဘဝများထပ်၍ မရှိကုန်လောဟု သင် သည် ငါ့ကို မေးသော် သတ္တဝါများသည် သေပြီးနောက်၌ ဘဝများထပ်၍ မရှိ၏ဟု ငါအယူရှိခဲ့လျှင် သတ္တဝါများသည် သေပြီးနောက်၌ ဘဝများထပ်၍ မရှိ၏ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။

သတ္တဝါများသည် သေပြီးနောက်၌ ဘဝများထပ်၍ ရှိသည်ရှိ မရှိလည်းမရှိကုန်လောဟု သင် သည် ငါ့ကို မေးသော် သတ္တဝါများသည် သေပြီးနောက်၌ ဘဝများထပ်၍ ရှိသည်ရှိ မရှိလည်းမရှိကုန်၏ဟု ငါအယူရှိခဲ့လျှင် သတ္တဝါများသည် သေပြီးနောက်၌ ဘဝများထပ်၍ ရှိသည်ရှိ မရှိလည်းမရှိကုန်၏ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။

သတ္တဝါများသည် သေပြီးနောက်၌ ဘဝများထပ်၍ ရှိသည်လည်းမဟုတ်၊ မရှိသည်လည်းမဟုတ်ကုန်လောဟု သင် သည် ငါ့ကို မေးသော် သတ္တဝါများသည် သေပြီးနောက်၌ ဘဝများထပ်၍ ရှိသည်လည်းမဟုတ်၊ မရှိသည်လည်းမဟုတ်၏ဟု ငါအယူရှိခဲ့လျှင် သတ္တဝါများသည် သေပြီးနောက်၌ ဘဝများထပ်၍ ရှိသည်လည်းမဟုတ်၊ မရှိသည်လည်းမဟုတ်၏ဟု သင့်အား ငါဖြေရာ၏၊ သို့ရာတွင် ဤသို့ဟုလည်း ငါမယူ၊ ထိုသို့ဟုလည်း ငါမယူ၊ အခြားသို့ ဟုလည်း ငါမယူ၊ ဤသို့ ထိုသို့ အခြားသို့ မဟုတ်သည် ဟုတ်သည် ဟုလည်း ငါမယူ။

”ဟူ၍ ဖြေဆိုပြောပါ၏။

အဇာတသတ်မင်း- “အရှင်ဘုရား။ အကျွန်ုပ်သည် ကိုယ်တိုင် မျက်မှောက်ဘဝ၌ ချက်ချင်းသိမြင်ရသော ရဟန်းဖြစ်ခြင်းအကျိုးအား မေးနေပါလျက် သဉ္စယဗေလဋ္ဌပုတ္တ ဆရာသည်  သရက်ပင်သည် အဘယ်အရပ်မှာ ရှိပါသနည်း ဟုမေးပါလျက် တောင်ပိန္နဲပင်၏နေရာကိုသာ ဖြေ၍လမ်းညွှန်းနေသကဲ့သို့၊ တောင်ပိန္နဲပင်သည် အဘယ်အရပ်မှာရှိပါသနည်းဟု မေးပါလျက် သရက်ပင်၏ နေရာကိုသာ ဖြေနေပါသကဲ့သို့ သူ၏ပစ်လွှင့်သောအယူကိုသာ ဖြေနေပါ၏။ ထိုသူသည် သမဏဗြာဟ္မဏများ အနက် ပညာအမဲ့ဆုံးနှင့် အတွေအဝေဆုံးတည်း။ ငါကဲ့သို့သောမင်းသည် ဤသို့သောသူအား အဘယ်ကြောင့်ပြစ်တင်မောင်းမဲသင့်သည်ဟု မှတ်ယူနိုင်သနည်းဟု အကြံဖြစ်ခဲ့၏။