စရိုက်နှင့်လျော်သော ကမ္မဋ္ဌာန်းရွေးပုံ

စရိုက်ကို အကြမ်းဖျင်း ခွဲခြားလျှင်
၁။ ဒိဋ္ဌိအားကြီးသူ
၂။ တဏှာစရိုက် အားကြီးသူ ဟူ၍ နှစ်မျိုးရှိသည်။
(၁) ဒိဋ္ဌိအားကြီးသူတွင် ​အောက်ပါအကျင့်စရိုက် လက္ခဏာများ ရှိတတ်သည်။

  • မိမိကိုယ်ကို ပင်ပန်းဆင်းရဲမှာ ဒုက္ခ​ရောက်မှာ စိုးရိမ်လွန်းသူ၊
  • ​ငွေမရချင်​နေပါ​စေ၊ ​ဝေးလံခက်ခဲ​သော​ဒေသသို့ မသွားချင်သူ။
  • သားသမီး၊ ဇနီး မိသားစုနှင့်  ငါအ​ဝေးကြီးတွင် အကြာကြီး ခွဲမသွားနိုင်သူ၊
  • အမြတ်ကြီးကြီး မမြတ်လည်း​နေပါ​စေ၊ နည်းနည်းမြတ်လည်း ​ကျေနပ်သူ၊ အရှုံးမခံနိုင်သူ၊
  • စီးပွားရှာရာတွင် ​ငွေကို ​မျောပြီး အရှုံးမခံနိုင်သူ၊
  • “ငါ့စိတ် လာမစမ်းနဲ့” ဆို​သောသူ၊ ငါလုပ်မှ၊ ငါပါမှ ဖြစ်မှာပါ ဆို​သောသူ၊
  • ​သောတာပန် ဖြစ်ချင်လွန်းသူ၊

အထက်ပါ စရိုက လက္ခဏာများရှိသူတို့သည် ဒိဋ္ဌိစရိူက် ကြီးသူများ ဖြစ်သဖြင့် ထိုသူများသည် စိတ္တာနုပဿနာကို ဦးစွာရှုမှတ်ရသည်။

(၂) တဏှာစရိုက် အားကြီးသူသည် ​အောက်ပါအကျင့် စရိုက် လက္ခဏာနှင့် စိတ်​နေသ​ဘောထားရှိတတ်သည်။

  • စီးပွားရှာရာတွင် ပထမပိုင်းတွင် အရှုံးခံ​မျောတတ်ပြီး ​နောက်ပိုင်းတွင် အမြတ်ကြီးကြီးရ​အောင် ယူတတ်သူ၊
  • ​ငွေရမည်ဆိုလျှင် ဘယ်​ဒေသဖြစ်​စေ သွား​ရောက် လုပ်ကိုင်ရဲသူ၊ ဘာမဆို လုပ်ရဲ ကိုင်ရဲသူ၊ ​ငွေမရှိလျှင် ​သေတာ​ကောင်းတယ်ဟု ယူဆလက်ခံသူ၊
  • လှချင်စိတ် များသူ၊ ကိ​လေသာ ထူသူ၊ လိုချင် ရချင်စိတ် များသူ၊
  • စီးပွား ဥစ္စာရဖို့၊ အခွင့်အ​ရေး ရဖို့ဆိုလျှင် ကျို့ကျို့ ယို့ယို့ ​ပေါင်းသင်း ဆက်ဆံတတ်သူများ

အထက်ပါ အကျင့်စရိုက်ရှိသူများသည် တဏှာစရိုက်ကြီးသူများ ဖြစ်သဖြင့် ထိုပုဂ္ဂိုလ်များသည် ​ဝေဒနာနုပဿနာကို ဦးစွာရှုရသည်။

၃။ သတိအား​ကောင်း​သောသူသည် သတိပဋ္ဌာန် ကမ္မဋ္ဌာန်းနှင့် ​ရှေးဦးစွာ ရှုမှတ်ရသည်။