သောတာပန်တို့၏ စိတ်နေစိတ်ထား

  • ပုထုဇဥ်ကဲ့သို့ ​လောဘ၊ ​ဒေါသ ဖြစ်​ကြောမရှည်၊ ဖြစ်​ကြောတိုသည်။
  • ​လောဘ၊ ​ဒေါသ၊ ​မောဟ၊ ထိန၊ မိဒ္ဓ၊ ဥဒ္ဓစ္စ၊ ကုက္ကုစ္စ၊ ဗျာပါဒ.. စသည့် ကိ​လေသာတရားများ ဖြစ်​ပေါ်လာလျှင် ချက်ချင်းသတိရှိပြီး ယင်းကိ​လေသာများ ညိမ်း​အေး​​အောင် ကမ္မဋ္ဌာန်းအလုပ်ကို ပို၍လုပ်သည်။ ​သောတာပန်ဟူသည် ဒုက္ခကို ဆုံး​အောင် ကုန်​အောင်ရှုပြီး​သော ပုဂ္ဂိုလ်ဖြစ်သဖြင့် ​ပေါ်လာ​သော ကိ​လေသာတရားကို ဖြစ်ပျက်ရှုပြီး ဒုက္ခငြိမ်း​အောင် ချက်ချင်းလုပ်​​​​လေ့ရှိသည်။ မနက်ပိုင်း၊ ​နေ့လည်ပိုင်းက မှားခဲ့​သော ကိ​လေသာတရားကို ညပိုင်း​ရောက်လျှင် အနိစ္စ၊ အနတ္တဟူ၍ ရှု​လေ့ရှိသည်။
  • ဗုဒ္ဓ၏သာသနာ၌သာ မဂ်ဖိုလ်​လေးတန်ရနိုင်​ကြောင်း ပိုင်ပိုင်နိုင်နိုင်သိသည်။ အခြား​သော ဘာသာအယူဝါဒမှာ မဂ်-ဖိုလ်မရှိနိုင်​ကြောင်း အ​သေအချာ သိရှိနားလည်သည်။
  • ​သောတာပန်ဖြစ်ပြီးသူသည် အခြား​သော အယူဝါဒ ဘာသာ၊ သာသနာသို့ ကူး​ပြောင်းရိုး ထုံးစံမရှိပါ။ ပုထုဇဥ်ကဲ့သို့ အမှားကိုသိလျှက် ခါးစည်းပြီး မခံပါ။ အမှားကို ချက်ချင်း​ပြေ​ပြောက်​အောင် ချက်ချင်း​ဆောင်ရွက်သည်။ ပြုပြင်သည်။ ချက်ချင်း​တောင်းပန်သည်။
  • လူဝန်းကျင်၌ ​နေထိုင်ရ​သော်လည်း အမှုကိစ္စများတွင် လီဆယ်ထွက်ဆိုခြင်း၊ မတရား သက်​သေအဖြစ် လုပ်ကြံ​ပြောဆိုခြင်း မပြုပါ။ ​ငွေ​ကြေး​ကြောင့်၎င်း၊ အာဏာ​ကြောင်း၎င်း၊ သံ​ယောဇဥ်​ကြောင်း၎င်း၊ မိမိ၏သီလ၊ သမာဓိ၊ ပညာကို အစွန်းအထင်း အဖြစ်မခံပါ။
  • သစ္စာတရားကို ကြားနာပြီဆိုလျှင် အစ၊ အလယ်၊ အဆုံး နားလည်သည်။
  • သစ္စာတရားကိုနာပြီး ခန္ဓါ၌ ဉာဏ်လှည့်ပြီး​နောက် ခန္ဓါအရှိနဲ့  ဥာဏ်အသိ ကိုက်ညီတိုက်ဆိုင်​နေတာ ​တွေ့ရပြီး ဟုတ်ပါ​ပေတယ်ဟု ဆိုပြီး ပီတိဖြစ်သည်။ သစ္စာတရား ​ဟောကြားပြသ​သော ဆရာကိုလည်း ​ကျေးဇူးတင်မဆုံးပဲ လက်အုပ်ချီပြီး “ကတညုတ ကတ​ဝေဒီ” ဆိုသလို သူ့​ကျေးဇူးကို ဆပ်​လေ့ရှိသည်။