သောတာပန်ဖြစ်ကြောင်း (၄)ပါး

  • ရုပ်နာမ်ဓမ္မသင်္ခါရကို ကိုယ်​တွေ့.၊ ဉာဏ်​တွေ့ အမှန်​တွေ့​အောင် ကျကျနန ​ဟော​ပြောပြတတ်​သော သူ​တော်​ကောင်းတို့နှင့် ​ပေါင်းဖက်ပြီး မှီဝဲဆည်းကပ်​နေခြင်းသည် ​သောတာပန်ဖြစ်ရန် အင်္ဂါဖြစ်သည်။
  • ရုပ်နာမ်ဓမ္မ သဘာဝကို ကျကျနန နားလည်​အောင် သစ္စာတရားကို နာကြား​နေခြင်းသည် သောတာပန်ဖြစ်ရန် အင်္ဂါဖြစ်သည်။
  • ရုပ်နာမ်ဓမ္မ သင်္ခါရတို့၏ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာ​ရေး (၃)ပါးကို သိမြင်​အောင် ကြိုးစားအားထုတ်​နေခြင်းသည် သောတာပန်ဖြစ်ရန် အင်္ဂါဖြစ်သည်။
  • ရုပ်နာမ်ဓမ္မ သင်္ခါရတို့ ဖြစ်ပြီး ပျက်​နေခြင်းကို မြင်​အောင်၊ ဉာဏ်မျက်လုံးဖြင့် မြင်​အောင် ကြည့်ပြီး၊ ယင်း ဖြစ်-ပျက်ကို ချုပ်ဆုံးသွားသည်အထိ မြင်​အောင် အားထုတ်​နေခြင်းသည်လည်း သောတာပန်ဖြစ်ရန် အင်္ဂါဖြစ်သည်။