ကိန္နရီ ကိန္နရာ

  1. ဒေဝကိန္နရာ        – စတုမဟာရာဇ် နတ်မျိုးတွင် ပါဝင်သော နတ်ကိန္နရာ၊
  2. စန္ဒကိန္နရာ          – ဟိမဝန္တာတော စန္ဒရွှေတောင်ရှိ ကိန္နရာ၊
  3. ဒုမ ကိန္နရာ         – သစ်ပင်တို့တွင် လှည့်လည်၍ အသီးအပွင့်တို့ကို စားသုံးသော ကိန္နရာ၊
  4. ဒဏ္ဍမာဏဝကာ ကိန္နရာ  – တုတ်၊ လှံတံ ကိုင်စွဲလျှက် လှည့်လည်ကျက်စားတတ်သော ကိန္နရာ၊
  5. ကောတန္တသကုဏ ကိန္နရာ           – ကရဝိတ်၊ ကြိုးကြာငှက်ကဲ့သို့ သာယာသော အသံရှိသော ကိန္နရာ၊
  6. ကဏပါဝုရဏ ကိန္နရာ     – နားရွက်တစ်ဖက်ကိုခင်း၊ တစ်ဖက်ကိုခြုံပြီး နေနိုင်သည်အထိ ကြီးမားသော နားရွက်ရှိသော ကိန္နရာ၊
  7. အဿမုခိ ကိန္နရာ            – မြင်းမျက်နှာရှိသော ကိန္နရာ၊
  8. နာရိပုပ္ပ ကိန္နရာ  – မိန်းမရုပ်ပုံ၊ သူယောင်မယ်ပုံရှိသော ကိန္နရာ၊

အနှစ်တစ်ထောင်သက်တမ်းရှည်သည်။ ပန်းဝတ်ဆံ၊ ပန်းပွင့်များကို စားသုံးကြသည်။ နံ့သာကို လိမ်းပြီး ပန်းများနှင့် သီကုံးထားသော ပန်းပုဆိုးကို ဝတ်ဆင်ကြသည်။ ဝါးလုံးများကို တီးပြီး သီဆို ကခုန်ကြသည်။

ဘလ္လာတိယဇာတ်