ထိခြင်းကြီး ၅-ပါး

ဝပ်လျက်

(၁) ‌ခြေဖဝါးအပြင်နှစ်ဖက်တို့ကို ‌မြေ၌အညီ ညွတ်တည်‌စေခြင်း၊

(၂) ပုဆစ် ဒူးဝန်းနှစ်ဖက်တို့ကို ‌မြေ၌ အညီအညွတ်တည်‌စေခြင်း၊

(၃) တ‌တောင်ဆစ် နှစ်ဖက်တို့ကို ‌မြေ၌ အညီအညွတ် တည်‌စေခြင်း၊

(၄) လက်ဖဝါးအပြင် နှစ်ဖက်တို့ကိုဖြန့်၍ ‌မြေ၌ အညီအညွတ် တည်‌စေခြင်း၊

(၅) ဦး‌ခေါင်းကို လက်ဖဝါးမိုး လက်ခုံးတို့၏အ‌ပေါ်ထက်၌ တည်‌စေခြင်း၊

ထိုင်လျက်

(၁) ‌ခြေဖဝါးအပြင်နှစ်ဖက်တို့ကို အညီအညွတ် ‌မြေ၌တည်‌စေခြင်း၊

(၂) ပုဆစ် ဒူးဝန်းနှစ်ဖက်တို့ကို အညီအညွတ်‌ထောင်‌စေခြင်း၊

(၃) တ‌တောင်ဆစ်နှစ်ဖက်တို့ကို အညီအညွတ်‌ထောင်‌စေခြင်း၊

(၄) လက်ဖဝါးအပြင် နှစ်ဖက်တို့ကို အညီအညွတ်ထိ‌စေခြင်း၊

(၅) လက်အုပ်ကို နဖူးအပြင်၌ ထိ‌စေခြင်း၊ (တစ်နည်းငါးမျိုး) ပါရမီဒီပနီ

(၁) ပူ ဆစ်ဒူး နှစ်ခု၊ လက် နှစ်ခု၊ နဖူး၊

မတ်တတ်

(၁) ‌ခြေဖဝါးအပြင်နှစ်ဖက်တို့ကို အညီအညွတ် ‌မြေ၌တည်‌စေခြင်း၊ လက်ဖဝါးနှစ်ဖက်တို့ကို အညီအညွတ် အချင်းချင်း ထိ‌စေခြင်း၊ လက်အုပ်ကို နဖူးအပြင်၌ ထိ‌စေခြင်း၊

ထိခြင်းကြီး ၅-ပါး (ဗြဟ္မာယု ပုဏ္ဏား)

(၁) အ‌ပေါ်ရုံ စမ္ပာယ်တင် လက်ကန်‌တော့ထိုးခြင်း၊

(၂) လက်အုပ်ချီခြင်း၊

(၃) လက်နှစ်ဖက်ဖြင့် ‌ခြေကို သုံးသပ်ဆုပ်နှယ်ခြင်း၊

(၄) တုပ်ကွဝပ်စင်း ရို‌သေ‌လေးမြတ်ခြင်း၊

(၅) ‌မေတ္တာနှင့် ယှဉ်‌သောစိတ်ဖြင့် ချစ်မြတ်နိုးခြင်း၊

သီလက္ခန်