ဝင်းမျိုး ၄-ပါး

(၁) အ‌ရှေ့ဝင်း=အ‌ရှေ့အရပ် အ‌ရှေ့တံခါး‌စောင့်များ၊ ၎င်းတို့လည်ကုပ်၌ ဓတရဋ္ဌနတ်မင်းကြီး ဂန္ဓဗနတ်ကို စီးဟန် ‌ဆေးနီဖြင့် ထိုးနှံထားသည်၊ မြင်းမိုရ်‌ရောင်ကိုစွဲ၍ ဖြူ‌သောအလံကို ကိုင်‌ဆောင်လွှင့်ထူရ၏၊

(၂) အ‌နောက်ဝင်း= အ‌နောက်အရပ် အ‌နောက်တံခါး‌စောင့်များ၊ ဝိရူပက္ခနတ်မင်းကြီး နဂါးစီးဟန် ‌ဆေးထိုးနှံ ချိပ်‌ရောင် အလံကိုင်၊

(၃) ‌တောင်ဝင်း= လက်ယာဘက်‌စောင့် သားများ၊ ဝိရူဋ္ဌကနတ်မင်းကြီး ကုမ္ဘဏ်စီးဟန် ‌ဆေးထိုးနှံ အလံအစိမ်း‌ရောင်၊

(၄) ‌မြောက်ဝင်း = လက်ဝဲဘက်အ‌စောင့်များ၊ ကု‌ဝေရနတ်မင်း‌ခေါ် ‌ဝေဿဝဏ်နတ်မင်းကြီး ဘီလူးစီးဟန် ‌ဆေးထိုးနှံ အလံ‌တော် အဝါ‌ရောင် ကိုင်‌ဆောင်လွှင့်ထူ၏၊