အလှူပေးသူတို့၏ အင်္ဂါသုံးပါး

အလှူပေးရာ၌ သဒ္ဓါတရား၊ အလှူဝတ္ထု၊ အလှူခံ ပုဂ္ဂိုလ် ဤအင်္ဂါ သုံးဆုံမှ ဒါနမြောက်သည်။

တိဏ္ဏံ ဘိက္ခေဝေ သမ္မုခီဘာဝါ သဒ္ဓေါ ကုလပုတ္တော ဗဟုပုညံ ပသဝတိ

(တိကအင်္ဂုတ္တရပါဠိတော်)

ငါ၏ချစ်သား ရဟန်းတို့။ သဒ္ဓါတရား၊ အလှူခံ ဝတ္ထု၊ အလှူခံ ပုဂ္ဂိုလ်ဟု ဆိုအပ်သော သုံးပါးသော တရားတို့၏ မျက်မှောက်ထင်ရှား ကိုယ်ပိုင်အားရှိခြင်းကြောင့် ရတနာ သုံးတန်၊ ကံ-ကံ၏အကျိုးကို ယုံကြည်တတ်သော၊ အမျိုးကောင်းမှဖွား သမီး၊သားသည် သင်္ချေသင်္ချာ များပြားလှသော တောင်းဆုမြွက်ဆို ကောင်းမှုကုသိုလ်ကို လက်ရပိုင်ပိုင် ဖြစ်ပွားနိုင်သည်သာတည်း။