အခါမဲ့ သွားလာခြင်း အပြစ် ခြောက်ပါး

မြတ်စွာဘုရားရှင်သည် သိင်္ဂါလ လုလင်အား အခါမဲ့ အကြောင်းမဲ့ သွားလာခြင်းဖြင့် အပြစ်ခြောက်ပါး ရရှိနိုင်ကြောင်း ဟောကြားခဲ့သည်။

  • အခါမဲ့ ညဥ့်နက်သန်းခေါင် အပျော်အပါးသွားလာသူအတွက် သူ့ကိုယ်သူပင် ကာကွယ်နိုင်စွမ်းမရှိ။
  • ထိုသူ၏ အိမ်တွင် ကျန်ရစ်ခဲ့သော ဇနီး၊ သားမယား အတွက်လည်း အစောင့်အရှောက်ကင်းမဲ့သည်။
  • ထိုသူ၏ ဥစ္စာပစ္စည်းသည်လည်း အစောင့်အရှောက်မဲ့သွားနိုင်သဖြင့် သူခိုးသူဝှက် အန္တရာယ်ကျရောက်လာနိုင်သည်။
  • မကောင်းမှုတို့၌ ယုံမှားသံသယ ခံရတတ်သည်။
  • ထိုသူ၌ မဟုတ်မမှန် စွပ်စွဲသော စကားလည်း ကျရောက်တတ်သည်။
  • ဘဝပျက်ရာပျက်ကြောင်း ဆင်းရဲခြင်း အကြောင်းတရားတို့၏ ရှေ့ပြေးနိမိတ်လည်း ဖြစ်သည်။

ဆရာတော် ဦးဗုဓ်၏ အလင်္ကာ –

“ကိုယ့်သားမယား၊ တစ်ခြားဥစ္စာ၊ လုံရာမဲ့ရှောင်၊ မကောင်းအရာ၊ ရွံရှာလေအပ်၊ ယိုးစွပ်ရောက်မှု၊ ဆင်းရဲစု၊ ခြောက်ခုခါမဲ့ သွားပြစ်တည်း။”