‌နောင်ပြင်ရန်ခက်သည့်ငါးမျိုး

လင်္ကာ။ ။အိမ်‌ထောင်မှု ဘုရားတည် ‌ဆေးမင်ရည်စုတ်ထိုး ‌ကျောင်းထိုင်ပင့်မြတ်သံဃာ စာချုပ်ရန် ခက်သည့်အမျိုး။
၁-အိမ်‌ထောင်မှု=အမျိုး‌ကောင်းသားသမီးများသည် အိမ်‌ထောင်ပြုပြီးပါက ပြန်ပြင်ရန်ခက်၏။
၂-ဘုရားတည်=ဘုရားတည်ပြီးပါက ပြန်ဖျက်ရန်ခက်၏။
၃-‌ဆေးမင်ရည်စုတ်ထိုး=‌ဆေးမင်စုတ်ထိုးပြီးပါက ပြန်ပြင်ရခက်၏။
၄-‌ကျောင်းထိုင်ပင့်မြတ်သံဃာ=မိမိ‌ငွေ‌ကြေးတတ်နိုင်၍ ‌ကျောင်း‌ဆောက်ပြီး ဘုန်းကြီးရှာ ‌ကျောင်းအပ်လှူ, ‌နောင်အခါ မိမိနှင့်သ‌ဘောချင်းမတိုက်ဆိုင်၍ ဘုန်းကြီးကို‌ကျောင်း‌ပေါ်မှနှင်ချ, ဘုန်းကြီးကမသွား, ပြန်ပြင်၍မရပြီ။
၅-စာချုပ်ရန်ခက်သည့်အမျိုး။စာချုပ်ချုပ်ပြီး၍ လက်မှတ်ထိုးပြီးပါက ပြန်ပြင်၍မရပြီ။