ဒုလ္လဘတရားငါးပါး

• ဗုဒ္ဓသာသနာနှင့် ကြုံရခြင်း၊
• ခန္ဓါကို မလိုချင်​အောင် မုန်း​အောင်၊ စိတ်ကို မလိုချင်​အောင် ​ဟောတတ် ​ပြောတတ်​သော ဆရာ​ကောင်းနှင့် ကြုံရခြင်း၊
• သစ္စာ​လေးပါးတရားကို ​ဟောကြားလျှင် ​ထောင်နိုင်​သောနား၊ ​​ထောင်တတ်​သော ဉာဏ်ရှိပြီး နှလုံးသွင်းမှန်ခြင်း၊
• ကိုယ်တိုင်ကျင့်ကြံ အားထုတ်နိုင်ခြင်း၊
• ကတညုက ကတ​ဝေဒီ ဆိုသည့်အတိုင်း ဆရာက​ဟော​ပြောပြ၍ သစ္စာတရားကို သိရ​တော့ ဆရာကို ​ကျေးဇူးတင်မဆုံးပဲ ဆွမ်း၊​ဆေး၊ သင်္ကန်း၊ ​ကျောင်း စသည်တို့ဖြင့် ​ထောက်ပံ့ခြင်း၊ လက်အုပ်ချီ၍ ဆရာ့​ကျေးဇူးကို ဆပ်ခြင်း စသည်တို့နှင့် တုံ့ပြန် ​ကျေးဇူးပြုခြင်း တို့ဖြစ်ပါသည်။

တစ်နည်း

၁-ဗုဒ္ဓုပ္ပါ‌ဒေါဒုလ္လ‌ဘော=‌လောက၌ ဘုရားဖြစ်ရန် ခဲယဉ်း၏။
၂-မနုဿတ္တဘာ‌ဝေါဒုလ္လ‌ဘော=လူအဖြစ်ရရန်ခဲယဉ်း၏။
၃-ဒုလ္လဘာသဒ္ဓါသမ္ပတ္တိ=သဒ္ဓါတရား၌ ယုံကြည်မှုနှင့်ပြည့်စုံရန်ခဲယဉ်း၏။
၄-ပဗ္ဗဇ္ဇိတဘာ‌ဝေါဒုလ္လ‌ဘော=ရဟန်းသာမ‌ဏေဖြစ်ရန်ခဲယဉ်း၏။
၅-သဒ္ဓမ္မဿဝနံဒုလ္လဘံ=သစ္စာ‌လေးပါးတရားနာကြားရဖို့ခဲယဉ်း၏။