ကျောင်းထိုင်ဘုန်းကြီးပြည့်စုံရမည့်အင်္ဂါငါးပါး

လင်္ကာ –
ဆယ်ဝါပြည့်တင်း၊ ဝိဘင်းနှစ်ဖြာ၊ ကမ္မာကမ္မ၊ ခန္ဓကပုဒ်၊ ရုပ်နာမ်ပိုင်ပိုင် ခွဲခြားနိုင် ‌ကျောင်းထိုင်အင်္ဂါငါးပါးတည်း။
၁ – ရဟန်းသိက္ခာ ဆယ်ဝါပြည့်‌မြောက်ရမည်။
၂ – ဘိက္ခုဝိဘင်း၊ ဘိက္ခုနီဝိဘင်း နှစ်ကျမ်းကို တတ်သိရမည်။
၃ – မဟာဝါခန္ဓက၊ စူဠဝါခန္ဓကနှစ်ကျမ်းကို တတ်သိရမည်။
၄ – ကံကြီးကံငယ်ပြုထုံးနားလည်ရမည်။
၅ – ရုပ်နှင့်နာမ်ကို ပိုင်နိုင်စွာခွဲခြား‌ဟောကြားနိုင်ရမည်။
(ဝိနည်း‌တော်လာ)