‌ကျောင်းထိုင်ဘုန်းကြီးများမကျင့်သုံးအပ်‌သောအင်္ဂါငါးပါး

၁ – ဉာဏ်ဖြင့်မစိစစ်ဘဲ မချီးမွမ်းထိုက်သူကို ချီးမွမ်း‌ပြောဆိုခြင်း။
၂ – ဉာဏ်ဖြင့်မစိစစ်ဘဲ ချီးမွမ်းထိုက်သူကို‌ကျေးဇူးမဲ့ကဲ့ရဲ့ခြင်း။
၃ -‌ ကျောင်း၌ ဝန်တို၏ ‌ကျောင်း၌မက်‌မော၏။
၄ – ဒါယကာ၌ ဝန်တို၏ ဒါယကာ၌ မက်‌မော၏။
၅ – သဒ္ဓါတရားဖြင့်လှူ‌သောဝတ္ထုကိုဖျက်ဆီး၏။(‌ရောင်းစား၏။)
(ပဥ္စကအင်္ဂုတ္တိုရ် ၄-အာဝါသိကဝဂ်၊ ၇-ဒုတိယအနာရဟသုတ်)