နီဝရဏတရား ငါးပါး

ဈာန်ကို၎င်း၊ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်ကို၎င်း တားဆီးပိတ်ပင်တတ်သော တရားဖြစ်သည်။ နီဝရဏတရား (၅) ပါးမှာ –

  1. ကာမစ္ဆန္ဒ နီဝရဏ၊
  2. ဗျာပါဒ နီဝရဏ၊
  3. ထိနမိဒ္ဓ နီဝရဏ၊
  4. ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏ၊
  5. ဝိစိကိစ္ဆာ နီဝရဏ ဟူ၍ရှိသည်။

၁။ ကာမစ္ဆန္ဒ နီဝရဏ       – လောဘ၊ ဒေါသ၊ မောဟသည် ကာမစ္ဆန္ဒ နီဝရဏ တရားဖြစ်သည်။

၂။ ဗျာပါဒ နီဝရဏ          – ကြောင့်ကြမှု၊ စိုးရိမ်မှုများ ရှိနေပါက ဗျာပါဒ နီဝရဏတရား‌ဖြစ်သည်။

၃။ ထိန၊ မိဒ္ဓ နီဝရဏ        – ရေ၌ မိမိအရိပ်ကို ကြည့်လျှင် ရေသည် ငြိမ်သက်နေမှသာ မိမိ၏ အရိပ်၊ မျက်နှာကို ထင်ရှားပီသစွာ မြင်နိုင်သကဲ့သို့ ရေမငြိမ်လျှင် ပီသစွာ မမြင်နိုင်ပါ။ လေးလံထိုင်းမှိုင်း၊ ငိုက်မြည်းခြင်းသည် ထိန၊ မိဒ္ဓ နီဝရဏ ဖြစ်သည်။

၄။ ဥဒ္ဓစ္စ ကုက္ကုစ္စ နီဝရဏ  – မှောင်ရိပ်တွင် မိမိမျက်နှာ၊ မိမိအရိပ်ကို ရေတွင်ကြည့်ပါက မမြင်မတွေ့ရသကဲ့သို့ ဥဒ္ဓစ္စ ပျံ့လွင့်သောစိတ်၊ ကုက္ကုစ္စ နောင်တဖြင့် ပူပန်သောစိတ် ဖြစ်နေပါက တရားအားထုတ် ရှုမှတ်၍ မရနိုင်ပါ။ ကုက္ကုစ္စ နီဝရဏဖြစ်သော နောင်တဖြင့်

  • ငါသည် ကုသိုလ်ကောင်မှုများ မလုပ်ခဲ့ရလေခြင်း ဆိုသော နောင်တ ကုက္ကုစ္စ၊
  • ငါသည် မကောင်းမှု အကုသိုလ် ဒုစရိုက်များ ပြုလုပ်မိခဲ့တာ မှားလေခြင်း ဆိုသော နောင်တ ကုက္ကုစ္စ ဟု နောင်တနှစ်ပါးရှိသည်။

၅။ ဝိစိကိစ္စာ နီဝရဏ       – ရေထဲတွင် ရွှံ့၊ နွံ၊ မှော်၊ အမှိုက်၊ ဒိုက် စသည်တို့ ရှိနေလျှင် မိမိမျက်နှာ၊ မိမိအရိပ်ကိုကြည့်လျှင် မမြင်ရသကဲ့သို့ ဝိပဿနာတရား အားထုတ်လျှင် ဝိစိကိစ္စာ နီဝရဏရှိနေလျှင် မဂ်၊ ဖိုလ်တရားကို မမြင်နိုင်၊ မရနိုင်ပါ။ မြတ်စွာဘုရား ဟောကြားတော်မူသော တရားတော်တို့သည် ဟုတ်မှဟုတ်ပါ့မလား ဟူသော တွေးတောမှုများ၊ တောင်တောင် အီအီ တွေးတော၍ ပေါ်လာသော အတွေးများသည် ဝိစိကိစ္စာ နီဝရဏတရားများ ဖြစ်သည်။