ဥပါဒါန်တရားလေးပါး

  • ကာမုပါဒါန်၊
  • ဒိဋ္ဌု ပါဒါန်၊
  • သီလဗ္ဗတာပါဒါန်၊
  • အတ္တဝါဒုပါဒါန် ဟူ၍ လေးပါးရှိ၏။

ကာမဂုဏ်၌ ပြင်းထန်စွာ စွဲလမ်းသော တဏှာလောဘကို ကာမုပါဒါန် ဟုခေါ်သည်။

၆၂ ပါးသော မိစ္ဆာဒိဋ္ဌိအယူကို ဒိဋ္ဌုပါဒါန် ဟုခေါ်သည်။

သီလဗ္ဗတုပရာမာသကာယဂန္ထ အကျင့်မျိုး၌ ပြင်းထန်စွာ မှတ်ယူသော ဒိဋ္ဌိကို သီလဗ္ဗတု ပါဒါန်ဟု ခေါ်သည်။

နှစ်ဆယ်သော သက္ကာယဒိဋ္ဌိအယူကို အတ္တဝါဒုပါဒါန် ဟုခေါ်သည်။