သြဃတရား ၄ ပါး

၁။ ကာမောဃ (ကာမ+သြဃ) – ရူပါရုံ၊ သဒ္ဒါရုံစသော ငါးဖြာအာရုံ ကာမဂုဏ်တို့အပေါ်၌ တွယ်တာ စုံမက် နှစ်သက်တတ်သောတဏှာ ( နတ်ပြည် ၆ထပ်၊ လူ့ရပ် လူ့ရွာ ၊ အပါယ် ၄ဘုံ ဟူသောကာမနယ် ကိုစုံမက် နှစ်သက်တတ်သောတရား)
၂။ ဘဝေါဃ – (ဘဝ+ သြဃ) ဗြဟ္မာပြည် ၂၀ နှင့် ထိုဗြဟ္မာပြည်ကို ရောက်စေတတ်သောစျာန်တရားတို့အပေါ်၌ တာတွယ်စုံမက်နှစ်သက် တတ်သောတဏှာ၊
၃။ ဒိဋ္ဌောဃ – (ဒိဋ္ဌိ + သြဃ) ခန္ဓာ ၅ပါး ရုပ်နာမ်တရားတို့အပေါ်၌ အနှစ်အမာခံ (အတ္တ) ရှိတယ်လို့ မှားယွင်းစွာ စွဲယူသော ၆၂ ပါးသောဒိဋ္ဌိ၊
၄။ အဝိဇ္ဇောဃ – (အဝိဇ္ဇာ+ သြဃ) သစ္စာ၄ပါး အမှန်တရားကို မသိမမြင်နိုင်အောင် ကာကွယ် ဖုံးလွှမ်းတတ်သော မောဟ ငြိမ်လျှင်မြုပ် ၊ လှုပ်လျှင်မျော