အာသဝေါတရား လေးပါး

၁။ ကာမာသဝ = ကာမ (၁၁)ဘုံ၌ မျောအောင် မြုပ်အောင် ပြုလုပ်တတ်သော လောဘတရား။
၂။ ဘဝါသဝ = နေဝသညာ နာသညာယတနဘုံ တည်းဟူသော ရူပ (၁၆)ဘုံနှင့် အရူပ (၄)ဘုံပေါင်း ဗြဟ္မာဘုံ (၂၀)၌ မျောအောင် မြုပ်အောင် ပြုလုပ်တတ်သော လောဘတရား။
၃။ ဒိဌာသဝ = အပါယ်လေးပါးသို့ကျအောင် ပြုလုပ်တတ်သော ဒိဌိတရား။
၄။ အဝိဇ္ဇာသဝ = (၃၁)ဘုံလုံးကို ခြုံပြီး မျောအောင် မြုပ်အောင် ပြုလုပ်တတ်သော မောဟတရား။