ရှင်မော်စေတီတော်

နဂါးမင်းကြီး၏တူ တောင်နဂါးစစ်သူကြီးဖြစ်သည့် ”ဝါသုလဒေဝ” ကိုးကွယ်လျက်ရှိသည့် ရှင်တော်မြတ်စွာ၏ လက်ျာအံတော်မြတ်ကို ဌာပနာ ကိုးကွယ်ထားသော စေတီတော်တစ်ဆူ ဖြစ်ပါသည်။
ပင်လယ်ဝတွင် တည်ရှိသဖြင့် သဘာဝပတ်ဝန်းကျင် သာယာလှပသော စေတီတစ်ဆူဖြစ်ပါသည်။ ထား၀ယ်မြို့မှ တောင်ဘက် မိုင် ၄၀ ကွာဝေးသော ထား၀ယ်မြစ်ဝ ရှင်မော်တောင်အငူစွန်းတွင် တည်ထားလျက်ရှိပါသည်။ ယခင်က လှေသင်္ဘောများဖြင့်သာ သွားရောက်ပူဇော်နိုင်ပြီး ယခုအခါ တောင်ပေါ်ထိကားလမ်း ဖောက်လုပ်ထားရှိပါသည်။