ဒုဋ္ဌဂါမဏိ ဂါထာ

ဗု​ဒ္ဓေါ တိ​လောက သရ​ဏော

ဗု​ဒ္ဓေါ သူရိ​ယော တ​မော န​ဒေါ

ဂစ္ဆ​တော သရဏံ ​ခေမံ

ဗု​ဒ္ဓေါ ​မေ သရဏံ ဝရံ။

အနက် –

ဗု​ဒ္ဓေါ – မြတ်စွဘုရားသည်၊ တိ​လောက သရ​ဏော – ​လောကသုံးပါး၏ ကိုးကွယ်ရာ ဖြစ်​တော်မူ​ပေ၏။

ဗု​ဒ္ဓေါ သူရိ​ယော – ဘုရားတည်းဟူ​သော ​နေမင်းသည်၊ တ​မော န​ဒေါ – အမိုက်အ​မှောင် အဝိဇ္ဇာကို ပယ်ဖျက်​တော်မူ​ပေ၏။

ဂစ္ဆ​တော – သွား​နေဆဲဖြစ်​သော အကျွန်ုပ်၏၊ ​ခေမံ – ​ဘေးရန်ခပ်သိမ်း ​အေးချမ်း​သော၊ သရဏံ – ကိုးကွယ်ရာ ဖြစ်​တော်မူ​ပေ၏။

ဗု​ဒ္ဓေါ – မြတ်စွာဘုရားသည်၊ ​မေ – အကျွန်ုပ်၏၊ ဝရံ – မြတ်​သော၊ သရဏံ – ကိုးကွယ်ရာ ဖြစ်​တော်မူပါ​ပေ၏။

အညွှန်း –

  • ခရီးမထွက်ခွာမီ (၇)​ခေါက်ရွတ်ဆိုပေးနိုင်သည်။